ယခုဘဏ္ဍာနှစ် နှစ်လတာ ကုန်သွယ်မှု ယမန်နှစ်ထက် သွင်း ကုန်တန်ဖိုး ဒေါ်လာ သန်း ၆ဝဝ ကျော်ပို

ယခုဘဏ္ဍာနှစ်စ ဧပြီလမှ မေလကုန်အထိ နှစ်လတာအတွင်း ကုန်သွယ်မှုပမာဏတွင်
ယမန်နှစ် အလားတူကာလထက် သွင်းကုန် အမေရိကန်ဒေါ်လာသန်း ၆ဝဝ ကျော် ပိုမို
တင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယား
များအရ သိရသည်။

» အပြည့်အစုံသို့

လာမည့်ဘဏ္ဍာနှစ်မှစ၍ လမ်းအသုံးပြုခများ ကောက်ခံတော့မည်မဟုတ်

လာမည့် ၂ဝ၁၈–၁၉ ဘဏ္ဍာနှစ်မှ စတင်၍လမ်းအသုံးပြုခများ ကောက်ခံတော့မည်မဟုတ်
ကြောင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တစ်နှစ်ပြည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

» အပြည့်အစုံသို့

လယ်ယာ၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ပြဿနာများ ရှိနေဟု ဒုတိယဝန်ကြီးဆို

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်
အခွင့်အလမ်း ဖန်တီးပေးနိုင်မှုတို့တွင် ကဏ္ဍကြီး
သုံးခု၌ ပြဿနာနှင့် ကန့်သတ်ချက်များရှိနေကြောင်း
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး
ဦးမောင်မောင်ဝင်းက ပြောသည်။

» အပြည့်အစုံသို့

အီးယူအပါအ၀င် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို နိုင်ငံ၏ အကျိုးအမြတ်ရှိ၊ မရှိ အသေးစိတ်စိစစ်ပြီးမှသာ ခွင့်ပြုတော့မည်

နောင်လာမည့် ကာလများတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (အီးယူ) အပါအ၀င် ပြည်ပမှ လာရောက်
ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို နိုင်ငံ၏ အကျိုးအမြတ် ရှိ၊ မရှိ အသေးစိတ်စိစစ်ပြီးမှသာ ခွင့်ပြုတော့မည်
ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က
ဇွန်လ ၈ ရက်နေ့က ပြုလုပ်သည့် Myanmar- EU စီးပွားရေးဖိုရမ်၌ ပြောကြားလိုက်သည်။

» အပြည့်အစုံသို့

ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များ ထပ်မံချပေးသွားရန် အစီအစဉ်မရှိ

ပြည်တွင်းကျန်ရှိနေသေးသည့် ရေနံနှင့် သဘာဝ
ဓာတ်ငွေ့လုပ်ကွက်များကို ထပ်မံချပေးသွားရန်
အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်
ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက
မြန်မာတိုင်း(မ်)ကို ပြောသည်။

» အပြည့်အစုံသို့

၁၉၉၅ မော်ဒယ်အောက်ကားများ အရည်ကြိုအပ်နှံခွင့် ဇွန် ၂ဝ ရက် နောက်ဆုံးထား စာရင်းပေးသွင်းရမည်

၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင်ယာဉ်များ အရည်ကြိုအပ်နှံခွင့်ကို ဇွန် ၂ဝ ရက်
နောက်ဆုံးထား၍ ဝိုင်အာရ်တီအေသို့ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

» အပြည့်အစုံသို့

ကျောက်မျက်ဥပဒေကို ပြင်ဆင်ရန် လုပ်ဆောင်မည်

လွှတ်တော်တွင်ဆွေးနွေးရန် တင်ပြထားသည့်
၂ဝ၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ဥပဒေမှာ
မြေပြင်အနေအထားနှင့် ကိုက်ညီမှုမရှိခြင်းကြောင့်
အတတ်နိုင်ဆုံး ပြင်ဆင်ရေးဆွဲမည်ဟု
ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးတင့်စိုးက ပြောသည်။

» အပြည့်အစုံသို့

ကျောက်မျက်ပြပွဲ နေပြည်တော်တွင် ကျင်းပမည်

၅၄ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို သြဂုတ် ၂ ရက်မှ ၁၁ ရက်အထိ
နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

» အပြည့်အစုံသို့

ဂျိုက်ကာက SME ကဏ္ဍအတွက် ကျပ် ၁ ဒသမ ၃ ဘီလျံ ချေးမည်

အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်ရေးအေဂျင်စီ (JICA) က ယခုဘဏ္ဍာနှစ်အတွက် ချေးငွေကျပ် ၁ ဒသမ ၃ ဘီလျံ
ထုတ်ချေးသွားမည်ဟု JICA မှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

» အပြည့်အစုံသို့

အစိုးရသစ်ရဲ့စီးပွားရေး ပြင်ဆင်မှု တကယ် ခရီးရောက်မှာလား

ယခု ၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏စီးပွားရေးကို
အရှိန်အဟုန်ဖြင့်တိုးမြှင့်ရေး စတင် ဦးတည်
မောင်းနှင်တော့မည်ဟု အစိုးရအဖွဲ့က
ထုတ်ဖော်ပြောဆိုလိုက်ပြီဖြစ်သည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ