Pepsi-Cola က ရှမ်းပြည်ထွက်အာလူးများကို နှစ်စဉ်တန်ချိန်များစွာ ၀ယ်ယူမည်

ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံရှိ ဒေသထွက်အာလူးများကိုတွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံရှိ ဒေသထွက်အာလူးများကိုတွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

ကမ္ဘာ့ထိပ်သီး Pepsi-Cola ကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီ Capital Diamond Star Group နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံမှအာလူးတန်ချိန်ထောင် ပေါင်းများစွာကို ထိုင်းနိုင်ငံသို့ နှစ်စဉ်ဝယ်ယူတင်
ပို့မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများမှ တာဝန်ရှိသူများကပြောသည်။

ထို့ကြောင့် ထိုင်းနိုင်ငံအခြေစိုက် Pepsi-Cola (Thai) Trading Co.,Ltd နှင့် Capital Diamond
Star Group တို့သည် ပြည်ပ အာလူးမျိုးဖြစ်သည့် ဗအူညေအငခ အာလူးကို ၂၀၁၁ ခုနှစ်မှစတင်
၍ ရှမ်းပြည်နယ်တောင်ပိုင်းဒေသ များတွင် တင်သွင်းစိုက်ပျိုးခြင်းကို စတင်ခဲ့ပြီး ကနဦးစမ်းသပ်မှု
အဖြစ် အာလူး တန် ၉၀ တင်ပို့ ပြီးကြောင်း ၎င်းတို့ကပြောသည်။

"အခု ၂၀၁၄ ခုနှစ်ထဲမှာပဲ တန်ချိန် ၃,၀၀၀ ပြည့်တဲ့အထိ တင်ပို့သွားမှာပါ။ အဲဒီကနေတစ်ဆင့်
နောက်နှစ်မှာ တန်ချိန် ၃၀,၀၀၀၊ နောက်နှစ်မှာ တန်ချိန် တစ်သိန်းကျော်အထိ တင်ပို့နိုင်ဖို့မျှော်
မှန်းထားပါတယ်"ဟု Capital Diamond Star Group ၏ အုပ်ချုပ်မှုဒါရိုက် တာ ဦးကိုကိုကြီးက
ဇွန်လ ၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင်း ကျင်းပသည့် အပူချိန်ထိန်း
သီးနှံ ကြာရှည်ခံ သိုလှောင်စက်ရုံဖွင့်ပွဲအခမ်းအနားတွင် ပြော ကြားခဲ့သည်။

Capital Diamond Star Group ကုမ္ပဏီ သည် ပြည်တွင်း၌ဒိုင်းမွန်းစတားဂျုံမှုန့်၊ ပရီး မီးယား
ကော်ဖီမစ်၊ Capital Hyper Market၊ Grab
and Go Convenience Store နှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့်
စီးပွားရေးလုပ်ငန်းစုဖြစ်ကာ Pepsi-Cola နှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံသို့ အာလူးတင်ပို့ရန်
ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နယ်တွင် အမေရိ ကန်ဒေါ်လာ ၅၀၀,၀၀၀ တန်ဖိုးရှိ အပူချိန်
ထိန်း သီးနှံကြာရှည်ခံသိုလှောင်သည့်စက်ရုံ (Tempe- rature Controlled and Ventilated
Storage) ကို တည်ထောင်ပြီး ဖြစ်သည်။

"ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်နှစ်ကိုအာလူးသုံးသီးစိုက်နိုင်ပြီး တစ်နိုင်ငံလုံးရဲ့ အာလူးစိုက်ဧက
၇၅ ရာခိုင်နှုန်းလောက်ရှိပေမယ့် ရေရှည်သိုလှောင်ဖို့ခက်ခဲပြီး ဈေးနှုန်းအတက် အကျမြန်လွန်းတာ
ကြောင့် တောင်သူတွေ အကျိုးခံစားခွင့်နည်းပါတယ်။ ဒါကြောင့် ပုံမှန် ဈေးကွက်သစ်တစ်ခုကို
တည်ဆောက်လိုက် တာပါ"ဟုဦးကိုကိုကြီးကပြောသည်။

Pepsi-Cola သည် မြန်မာနိုင်ငံမှ တင်သွင်း မည့်အာလူးများကို ကမ္ဘာတစ်ဝန်းသို့ ဖြန့်ဖြူး သည့်
ယင်း၏အာလူးကြော်လုပ်ငန်းအတွက် အသုံးပြုမည်ဖြစ်ကာ နှစ်စဉ်တိုးမြှင့်ဝယ်ယူသွားမည်ဟု
Pepsi-Cola ၏ အာရှပစိဖိတ် ဒေသဆိုင်ရာတာဝန်ခံ ဂျနီဖာဂျိမ်းစ်က အထက်ပါအခမ်းအနားတွင်
ပြောသည်။

"Pepsi-Cola က ကမ္ဘာ့အကြီးဆုံး စိုက်ပျိုးရေး ဆိုင်ရာစီးပွားရေးလုပ်ငန်းတွေအနက် တစ်ခုအပါ
အ၀င်ဖြစ်ပါတယ်။ Pepsi-Cola က တစ်နှစ်ကိုအာလူးတန်ချိန် လေးသန်းလောက် ကို အသုံးပြု
နေပါတယ်။ မြန်မာနိုင်ငံ၊ အထူး သဖြင့် ရှမ်းပြည်နယ်ဟာ ထိုင်းနိုင်ငံမှာစတင် မယ့် Pepsi-Cola
ရဲ့လုပ်ငန်းအတွက် အရေး ပါတဲ့အခန်းကဏ္ဍကနေပါဝင်နိုင်လိမ့်မယ်လို့ ရှုမြင်ပါတယ်။ ဒီနှစ်ထဲမှာ အာလူးတန်ချိန် ထောင်ပေါင်းများစွာဝယ်ယူဖို့ မျှော်လင့်ထားပြီး ရှေ့လာ မယ့်နှစ်တွေမှာ ထပ်မံ
တိုးမြှင့်ဝယ်ယူဖို့ စီစဉ်ထားပါတယ်"ဟု ၎င်းကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ