စလစ်ဈေးနှုန်းများ ပြန်တက်လာ

ရန်ကုန်ကားဈေးကွက်အတွင်း အပ်နှံခွင့် ပြုမည်ဟုသတင်းထွက်နေသော စက်မှုဇန်ထုတ်ဂျစ်ကား
များနှင့် ပတ်သက်၍ တိကျသည့်ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးသောကြောင့် အဆိုပါကား
များ အရောင်းအ၀ယ်နည်းလာပြီး စလစ် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာကာ စလစ်ကပ်ကား
များ အရောင်းအ၀ယ်ပြန်ကျသွားကြောင်း ကားအရောင်းအ၀ယ်လုပ်ကိုင်သူများက ပြောသည်။

"ဒီရက်ပိုင်း စလစ်ကပ်ကားတွေ အရောင်းအ၀ယ်ပြန်အေးသွားတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ
ဂျစ်ကားတွေအအပ်ခံမယ်လို့ သတင်းထွက်နေလို့ ဈေးကွက်ထဲမှာ လက်ရှိအအပ်ခံနေတဲ့ကားဈေးနဲ့
စလစ်ဈေးတွေကျသွားတယ်။ စက်မှုဇုန်ကားတွေကို အပ်ဖို့ပြောနေတဲ့ အသံတွေကခဏခဏထွက်
နေတဲ့အတွက် ဈေးကွက်ထဲမှာ အ၀ယ်ပြန်လိုက်လာ တယ်။ အခုတော့ ဈေးတွေပြန်ကျသွား သလို
အ၀ယ်လည်း နည်းလာတယ်။ ဈေးပို ရချင်တဲ့ ရည်ရွယ်ချက်နဲ့ အသံလွှင့်တဲ့ သူတွေလည်းရှိတယ်"
ဟု ကားဝယ်ရောင်း ကိုခင်မောင်သိန်းက ပြောသည်။

ဂျစ်ကားများအရောင်းအ၀ယ်ကျဆင်း လာချိန်တွင် ဈေးကွက်တွင်း ယခင် တစ်ပတ်ကျဆင်းခဲ့သည့်
စလစ်ဈေးနှုန်း များ အရောင်းအ၀ယ် ပြန်လည်မြင့်တက် လာခဲ့သော်လည်း စလစ်ကပ်ကားများမှာ
အရောင်းအ၀ယ် ကျဆင်းလာခဲ့သည်။

"စလစ်ဈေးကျတဲ့အချိန်မှာ ဈေးကွက် ထဲမှာ စလစ်ကပ်ကားလို့ပြောတဲ့ အမြင့် ကားတွေ အ၀ယ်
လိုက်လာတယ်။ စလစ် ဈေးတွေ သိန်းတစ်ရာအောက်ကိုကျသွား မယ်ဆိုရင်တော့ အရောင်းပြခန်း
တွေမှာပြထားတဲ့ အမြင့်ကားတွေ ပိုပြီးအရောင်း အ၀ယ်သွက်လာနိုင်တယ်။ ဒီရက်ပိုင်းမှာ သက်
ဆိုင်ရာက ဖရီးပါမစ်နဲ့ တင်သွင်း လာတဲ့ကားတွေကို အခွန်လျှော့ပေးမယ် ဆိုတဲ့အသံတွေလည်း
ထွက်နေလို့ ဈေးကွက် ထဲက ၂၀၀၇၊ ၂၀၀၈ ခုနှစ်မော်ဒယ်ကား တွေ ဈေးကျလာနိုင်တယ်။ အခွန်
အခတွေ လျှော့ပေးလို့ တင်သွင်းတဲ့သူတွေလည်း ပိုပြီးတင်သွင်းနိုင်တယ်။ လောလောဆယ် တော့
စလစ်ကပ်ကားတွေ အရောင်း အ၀ယ်ပြန်အေးသွားတယ်" ဟု ကားဝယ်ရောင်း ကိုဦးကပြောသည်။

ယခင်က အလွတ်တင်သွင်းခွင့်ဖြင့် တင်သွင်းရာတွင် ၂၀၀၉ ခုနှစ်မော်ဒယ်ကိုသာ တင်သွင်းခွင့်ပြု
ခဲ့သော်လည်း ၂၀၀၈ ခုနှစ်မော်ဒယ်ကားများတင်သွင်း လာပါက ကညနခွန် ကျပ် ၁၀၀,၀၀၀ ပေး
သွင်းစေပြီး ဒဏ်ကြေးကင်းလွတ်ခွင့် ပေးခဲ့သည်။

ယခင်က သတ်မှတ်ထား သည့် မော်ဒယ်အောက်နှစ်နှစ်လျှော့ သွင်းလာပါက ဒဏ်ကြေးငွေအဖြစ်
ဆိပ်ကမ်းရောက် တန်ဖိုးတစ်ဝက် ပေးဆောင်စေရာမှ ယခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍
လေးပုံတစ်ပုံသာ ပေးဆောင်ရန် လျှော့ချသတ်မှတ်ခဲ့သည်။ ထို့ပြင် ဆိပ်ကမ်းတွင်ရက်ပေါင်း ၆၀
ခန့် ထုတ်ယူရန် ကြန့်ကြာနေသည့်ယာဉ်များ ကိုလည်း သိမ်းဆည်းသွားမည် ဖြစ်သည်။

ဇွန်လ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရန်ကုန်ဆိပ်ကမ်းသို့ ပြည်ပက၀င်ရောက်လာသည့်ကားတင်
သင်္ဘော ကိုးစင်းရောက် ရှိခဲ့ပြီး မော်တော်ယာဉ် အစီးရေ ၁၂,၆၄၉ စီး ပါဝင်ကြောင်း၊ တင်သွင်း
လာသည့် ယာဉ်အများစုမှာ ဂျပန်ကားနှင့် ကိုရီးယားနိုင်ငံထုတ်ကားများအများဆုံးပါဝင်ကြောင်း
ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ကြေညာ ထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ