ဈေးမြင့်ကားများကို ၀ယ်သူနည်းလာ

ရန်ကုန် ကားဈေးကွက်အတွင်း အ၀ယ် အများဆုံးဖြစ်သည့် နယ်ဝယ်လက်များ က အမြင့်ကားများ
ကို ၀ယ်ယူလိုမှု လျော့ နည်းလာပြီး အနိမ့်ကားများကိုသာ ပိုမို ၀ယ်ယူကြကြောင်း ကားအရောင်း
အ၀ယ် လုပ်ကိုင်သူများကပြောသည်။

"နယ်ဝယ်လက်တွေ တော်တော်များ များက မိုးမကျခင် လပိုင်းတုန်းကတည်း ကစပြီး အမြင့်ကား
တွေဘက်ကို သိပ်မလှည့်ကြတော့ဘူး။ အမြင့်ကားတွေက လည်း နယ်ဝယ်လက်ဆင်းမှ အရောင်း
အ၀ယ်ကောင်းတဲ့အတွက် အမြင့်ကား ကိုင်တဲ့သူတွေက သူတို့ကိုပဲစောင့်ရောင်း ရတာတွေရှိတယ်။
အခုချိန်မှာ အမြင့်ကားတစ်စီးကို သိန်း ၃၀၀ ကနေ သိန်း ၅၀၀ ၀န်းကျင်လောက်ပေါက်နေချိန်မှာ
အနိမ့် ကားတွေက သိန်း ၁၀၀ ၀န်းကျင်လောက် နဲ့ရနေလို့ အမြင့်ကားတစ်စီးဝယ် ပြီးတော့
အရောင်းအ၀ယ်လုပ်တာနဲ့ သိန်း ၁၀၀ အောက် အင်ဂျင်ပါဝါ သေးတဲ့ ကားတွေကိုဝယ်ပြီးပြန်ရောင်း
တာ အဆင်ပိုပြေလို့ နယ်အရောင်း အ၀ယ်သမား တော်တော်များများက အနိမ်းကားတွေကိုပဲဝယ်
လာကြတာ များ တယ်" ဟု အမြင့်ကား အရောင်းအ၀ယ် လုပ်သူ ကိုဆွေဝင်းကပြောသည်။

မူဝါဒအပြောင်းအလဲ များကြောင့် တင်သွင်းခွန်များ လျော့ကျလာသဖြင့် ယခင်ကသိန်း ၁၇၀
ဝန်းကျင်ခန့်ရွှိသပသအေ Belta ကားများမှာ ဈေးကွက်အတွင်း ကျပ်သိန်း ၁၃၀ ၀န်းကျင်အထိ
ဈေးကျ ဆင်းခဲ့ပြီး ကျပ်သိန်း ၁၂၀ ၀န်းကျင်ခန့် ရှိ ကားများမှာလည်း ကျပ်သိန်း ၁၀၀ အောက်သို့
ကျလာခြင်းကြောင့် ဈေးကွက် အတွင်း အပ်ကားစလစ်ဈေးနှုန်းအတိုင်း ဖြစ်လာသည်။

ဂျပန်လေလံဈေးကွက် တွင်လည်း ဖရီးပါမစ်ဖြင့်တင်သွင်းမည့် ၁၃၀၀ စီစီနှင့် ၁၅၀၀ စီစီကားများ
အပြိုင် အဆိုင် လေလံဆွဲဝယ်ယူလာခြင်းကြောင့် အဆိုပါကားများမှာ လေလံဈေးကွက်၌ ကျပ်
ခုနစ်သိန်းမှ ၁၀ သိန်းဝန်းကျင်ခန့်သို့ ဈေးတက်လာကြောင်း ကားအရောင်း အ၀ယ် လုပ်ကိုင်သူ
များကသုံးသပ်သည်။

"အခုဆိုရင် နယ်ဝယ်လက်တွေက အမြင့်ကားတွေကို သိပ်ပြီးမမေးတော့ဘူး။ နယ်ဝယ်လက်ဆင်း
လာလို့ အမြင့်ကားတစ်စီး အရောင်းအ၀ယ်ဖြစ်ရင် ၁၅ သိန်းဝန်းကျင်လောက် ကိုယ့်အတွက် ကျန်
ပေမယ့် အနိမ့်ကားလိုင်းကျတော့ ကိုယ့်အတွက် အကျန်နည်းတယ်။ အနိမ့် ကားတွေထဲမှာဆိုရင်
လူကြိုက်များတာ က Belta၊Honda Fit၊ Swift၊ Nissan AD Van စတဲ့ကားတွေပါ" ဟုကား
အရောင်းအ၀ယ်လုပ်ကိုင်သူ ကိုဦးကပြောသည်။

ဈေးကွက်အတွင်း စလစ်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး နံပါတ်အနီ တက္ကစီ စလစ်များ
အ၀ယ်လိုက်လာ၍ လက်ရှိစလစ်ဈေးနှုန်းမှာ ကျပ် ၁၁၂ သိန်း ၀န်းကျင်ရှိလာကြောင်း စလစ်ဈေးနှုန်း
မြင့်တက်လာခြင်းကြောင့် စလစ်ကပ်ကားများ အရောင်းအ၀ယ် ပြန်ငြိမ်သွား ကာ ကျပ်သိန်း ၁၀၀
အောက်ကားများ ပိုမို အရောင်း အ၀ယ်ဖြစ်လာကြောင်း ၀ယ် ရောင်းများက ပြောသည်။

" စလစ်ဈေးက ၁၁၂ သိန်း လောက် ဖြစ်သွားတယ်။ ဇုန်ထုတ်ဂျစ်တွေ အအပ် ခံမယ်ဆိုလို့
ဈေးကွက် ကမောက်ကမ ဖြစ်သွားသေးတယ်"ဟု ကားဝယ်ရောင်း ကိုဝင်းထွန်းကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ