ပြည်ပကုမ္ပဏီများ ကားအပိုပစ္စည်း ဈေးကွက်ဝင်ရောက်နိုင်ရန် ကြိုးပမ်း

မြန်မာနိုင်ငံတွင်းသို့ မော်ဒယ်မြင့်ကား များ ပိုမိုဝင်ရောက်လာနေခြင်းက ပြည်တွင်း ၌ထုတ်
လုပ်နိုင်ခြင်းမရှိသေးသည့် ကားအပို ပစ္စည်းဈေးကွက်ကို စိတ်ဝင်စားလျက် ရှိသည့် ပြည်ပနိုင်ငံ
ကလုပ်ငန်းများအတွက် ဈေးကွက်ချဲ့ထွင်နိုင်ရန် အထူးအခွင့်ကောင်း များဖြစ်နေကြောင်း
ကျွမ်းကျင်သူများက သုံးသပ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကကားတင်သွင်းခွင့်များ အလွယ် တကူ
ဆောင်ရွက်နိုင်ရန် ခွင့်ပြုအပြီး ပြည်တွင်း သို့ဝင်ရောက်လာသော ကားအစီးရေများ ပိုမို များပြား
လာသည့်အလျောက် ကားနှင့် ဆက်စပ် သည့် အပိုပစ္စည်းဈေးကွက်သို့ ၀င်ရောက်နိုင် ရန် ပြည်ပ
လုပ်ငန်းရှင်များက ကုန်စည်ပြပွဲ များမှတစ်ဆင့် စိတ်ဝင်တစား ကြိုးပမ်းလျက် ရှိသည်။

မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းနှင့် ဂျပန်နိုင်ငံက NISSAN ကား ကုမ္ပဏီတို့ပူး
ပေါင်းကာ ကားအပိုပစ္စည်းထုတ် စက်ရုံကို ပြည်တွင်း၌ တည်ဆောက်နိုင် ရန် ကြိုးပမ်းနေဆဲဖြစ်
သော်လည်း ထုတ်လုပ် သုံးစွဲနိုင်ရန် အချိန်စောင့်ဆိုင်းရမည်ဖြစ်ကြောင်း အသင်း၏ အထွေထွေ
အတွင်းရေးမှူး ဦးအောင် မင်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

"ပဲခူးမှာ မြေဧက ၁၀၀ လောက်ရှိတဲ့ စက်ရုံ ဆောက်မှာပါ။ ကျွန်တော်တို့နဲ့ပူးပေါင်း ဆောင်ရွက်ဖို့
ကမ်းလှမ်းထားတာကတော့ ဂျပန်က TOYOTA ကုမ္ပဏီနဲ့ ဥရောပက ကုမ္ပဏီတွေလည်းပါပါ
တယ်။ ၂၀၁၅ နောက်ပိုင်းလောက်မှပဲ လုပ်ဖြစ်မယ်ထင်တယ်။ မြေနေရာရှာဖို့နဲ့ တခြားညှိနှိုင်း
ဆောင်ရွက်ဖို့ တွေလုပ်ဖို့ အချိန်ယူရမယ်" ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ဒုတိယအကြိမ်မြောက် ယာဉ်အပိုပစ္စည်းများနှင့် ၀န်ဆောင်မှုလုပ်ငန်း ဆိုင်ရာ
နိုင်ငံတကာစက်မှုကုန်စည်ပြပွဲကို ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ တပ်မတော်ခန်းမ၌
ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံပေါင်းရှစ်နိုင်ငံက ပြသသူပေါင်း ၁၂၀ က ဆိုင်ခန်းပေါင်း ၁၅၀ ဖြင့်
ခင်းကျင်းပြသသွား မည်ဟု အဆိုပါကုန်စည်ပြပွဲစီစဉ်သူများက ဇူလိုင်လ ၁၅ ရက်နေ့တွင်
ကုန်သည်စက်မှုအသင်းချုပ်တွင်ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါပြပွဲအတွင်း အမေရိကန်၊ အင်္ဂလန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ တရုတ်နှင့်
မလေးရှားနိုင်ငံတို့မှစက်ပစ္စည်း အမျိုးအစားပေါင်း ၂,၅၀၀ ကျော်နှင့် ပြည်တွင်း ကုမ္ပဏီငါးခုက
စက်ဆီ၊ ချောဆီနှင့် ကား အလှဆင်ပစ္စည်းများကို ပါဝင်ပြသသွားမည် ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ