ဖေ့စ်ဘွတ်ခ်၌ ရေးသားမှုများ အတွက် ပညာပေးပြုလုပ်မည်

လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ်တွင် တာဝန်ယူမှုတာဝန်ခံမှုမရှိ သည့်
အရေးအသားများ ကင်းစင်ပပျောက် နိုင်ရန်နှင့် ခိုင်မာသောသတင်းနှင့် လွှဲမှား သော သတင်း
များကို ခွဲခြားတတ်ရန် မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ်မှ ပညာပေး ဟောပြောပွဲများ၊ ဖိုရမ်
များကို ကျင်းပသွား မည်ဟု ဆိုသည်။

"ဖေ့စ်ဘွတ်ခ်မှာ အမုန်းပွားစေမယ့် အရေးအသားတွေ ပပျောက်အောင်ထိန်းချုပ် လို့တော့
မရဘူး။ ပပျောက်သွားအောင်တော့ စည်းရုံးသိမ်းသွင်းလို့ ရတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံ
ကွန်ပျူတာအသင်းချုပ်အနေ နဲ့ ဒီဖေ့စ်ဘွတ်ခ်က အမုန်းပွားစေမယ့်အရေးအသားတွေပပျောက်
အောင်လည်း ပညာပေးဖိုရမ်တွေ လုပ်သွားမယ်။ နောက် ပြီးအခြေခံပညာ အထက်တန်းကျောင်း
တွေမှာလည်း လူမှုကွန်ရက်နဲ့ ပတ်သက်တဲ့ ပညာပေးရေးလုပ်ငန်းတွေ လုပ်သွားမယ်" ဟု
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

တာဝန်ယူမှုတာဝန်ခံမှုမရှိသည့်အရေးအသားများကို အစိုးရဘက်မှလည်း ဥပဒေ ကြောင်းအရ
အရေးယူခြင်း၊ ပညာပေးဟော ပြောပွဲများ ပြုလုပ်ခြင်းနည်းလမ်းများဖြင့် ပပျောက်အောင် ဆောင်
ရွက်ပေးနိုင်မည်ဟု့ ညေါသညံနမေအဖာနိငေ မှ အလုပ် အမှုဆောင် အရာရှိချုပ်ဦးဇော်ဇော်မျိုး
လွင် က ပြောသည်။

"မန္တလေးမှာဖြစ်သွားတဲ့ ပြဿနာဆိုရင် ဖေ့စ်ဘွတ်ခ်ကြောင့် ဖြစ်သွားတာ မဟုတ် ဘူး။
ဖေ့စ်ဘွတ်ခ်က ဓားစာခံဖြစ်သွားတာ ပါ။ လှုံ့ဆော်ချင်တဲ့သူက နိုင်ငံရဲ့ အခြေအနေ ကို
အခွင့်ကောင်းယူပြီး ဒီလူမှုကွန်ရက်ပေါ် မှာ အကွက်ကျကျလုပ်ဆောင်သွားတာပါ။ ဒါတွေက
ဒီမြန်မာနိုင်ငံမှာတင် မဟုတ်ဘူး၊ အခြားအင်္ဂလန်တို့ ဂျာမနီတို့မှာလည်း ဒီလူမှု ကွန်ရက်ကနေမှ
ဖြစ်သွားတဲ့ ပြဿနာတွေ ရှိပါတယ်။ အခုမြန်မာနိုင်ငံမှာလည်း ဖေ့စ် ဘွတ်ခ်အသုံးပြုသူ ၁ ဒသမ
၅ သန်းခန့်ရှိပါ တယ်။ အဲဒီထဲကမှ အကောင့်သုံးလေးခုပိုင် တဲ့သူ သုံးပုံတစ်ပုံရှိပါတယ်"ဟု ၎င်းက
ပြော သည်။

ဖေ့စ်ဘွတ်ခ်တွင် အမုန်းပွားစေမယ့် အရေးအသားများကို ထိရောက်စွာအရေး ယူနိုင်ရန်မှာ အလွန်
ခက်ခဲလှပြီး အရေးယူ ရာတွင်လည်း တိတိကျကျခိုင်လုံမှ သာလျှင် အရေးယူနိုင်သော်လည်း
အမုန်းပွားစေမည့်အရေးအသားများကြောင့် ပြည်သူ လူထုထိခိုက်နစ်နာမှုများရှိလာပါက အရေး
ယူမှုများဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ
ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှူးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြော
သည်။

"ဒီအမုန်းပွားစေမယ့် အရေးအသား တွေ နည်းပါးအောင် တားမြစ်မှုတွေလုပ် ဆောင်သွားမှာပါ။
မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နဲ့ ပူးပေါင်းပြီးတော့ ပြည်သူတွေ နားလည်အောင် အသိပညာ
ပေးဟောပြော ပွဲ ဖိုရမ်တွေကိုလည်း လုပ်ဆောင်သွားဖို့ ရှိ ပါတယ်။ ဒါကိုအရေးယူဖို့ဆိုတာက
အလွန် ခက်ခဲပါတယ်။ တိတိကျကျခိုင်လုံမှသာ အရေးယူလို့ရမယ်။ ဒါပေမဲ့ ဒီအမုန်းပွားစေ မယ့်
အရေးသားတွေကြောင့် ပြည်သူလူထု ထိခိုက်နစ်နာစေရာတွေဖြစ်လာရင်တော့ ၀န်ကြီးဌာနအနေ
နဲ့ အရေးယူမှုတွေ ဆောင် ရွက်သွားမှာပါ" ဟု ၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ