ကမ္ဘာ့ကားဈေးကွက်သို့ တရုတ်နိုင်ငံထုတ်ကားများ ပိုမိုဝင်ရောက်လာ

တရုတ်နိုင်ငံ ၀ူဟန်ဒေသရှိ DONGFENG မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံ၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - DONGFENG Motor Corporationတရုတ်နိုင်ငံ ၀ူဟန်ဒေသရှိ DONGFENG မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံ၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - DONGFENG Motor Corporation

ကမ္ဘာ့ကားဈေးကွက်တွင် လူကြိုက်များသည့် အရည်အသွေးမြင့်ကားများ ထုတ်လုပ်သည့်
အမေရိကန်နှင့် ဥရောပနိုင်ငံများနည်းတူ အရည်အသွေးမြင့် ကားထုတ်လုပ်မှုနည်းပညာ
စွမ်းရည်ကို တရုတ်နိုင်ငံက ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း စတင်အကောင်အထည်
ဖော် ကျင့်သုံးလာခဲ့ခြင်းကြောင့် အောင်မြင်မှုများရရှိခဲ့သည့် တရုတ်ကား ထုတ် လုပ်သည့်
ကုမ္ပဏီများထဲတွင် DONGFENG Motor Corporation လည်း ပါဝင်လာခဲ့ကြောင်း ကုမ္ပဏီ
၏ ပြည်ပ ပို့ကုန်အထွေထွေမန်နေဂျာ Mr. Yang Boo က ပြောသည်။

ကားထုတ်လုပ်မှုအတွက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၈ ဒသမ ၇ ဘီလျံနှင့် အလုပ်သမား
အင်အား ၁၈၄,၀၀၀ နှင့် လည်ပတ်လျက် ရှိသည့် DONGFENG သည် လက်ရှိ ကမ္ဘာ့
ကားဈေးကွက်၏၄၇ ရာခိုင်နှုန်းကို ရယူ ထားပြီး ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

"Fortune မဂ္ဂဇင်းရဲ့ ကမ္ဘာ့နာမည်ကြီး စီးပွားရေးလုပ်ငန်း ၅၀၀ စာရင်းထဲမှာ နံပါတ် ၁၁၃
အဆင့်မှာရပ်တည်နေပါတယ်။ ကားနဲ့ပတ်သတ်တဲ့ အမျိုးအစား ၂၈ ခုရှိတယ်။ ၂၀၁၃
ခုနှစ်မှာ ကားအစီးရေ ၇ ဒသမ ၄ ဘီလျံ ရောင်းချခဲ့ရတယ်။ ဒီနှစ် လက်ရှိအနေအထား
မှာ ၃ ဒသမ ၈ သန်း ရောင်းချပြီးသွားပြီ။ ရလဒ် ကောင်းမယ်လို့ မျှော်လင့်ထားတယ်။
တစ်နာရီ ကို ကားအစီးရေ ၃၅ စီးထုတ်လုပ်နေပါတယ်" ဟု Mr.Yang Boo က ပြော
သည်။

DONGFENG သည် ကားထုတ်လုပ်မှု လုပ်ငန်းကို ၁၉၆၉ ခုနှစ်တွင် နိုင်ငံအတွက် စစ်သုံး
ယာဉ်များနှင့် ကုန်တင်ယာဉ်များကို စတင်ထုတ်လုပ်ခဲ့သည်။ ထို့နောက် ပြည်ပ
ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကာ အကျိုးတူ ရင်းနှီးမြှုပ်မှုများပြုလုပ်ခဲ့ရာမှ အရည်အသွေး
ပိုင်း ကောင်းမွန်လာခြင်းကြောင့် ကမ္ဘာ့ကားဈေးကွက်တွင် နေရာရရှိလာခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ