မီးလောင်ခံရ မင်္ဂလာဈေး ဆိုင်ခန်းများ အာမခံထားရှိမှု အလွန်နည်း

ဆိုင်ခန်းပေါင်း ၁,၆၀၀ကျော် ပျက်စီးခဲ့သော အဆင့်မြင့်မင်္ဂလာဈေးကို မီးငြိမ်းသတ်မှု အပြီးတွင် တွေ့ရစဉ်။အောင်ခန့် / မြန်မာတိုင်း(မ်)ဆိုင်ခန်းပေါင်း ၁,၆၀၀ကျော် ပျက်စီးခဲ့သော အဆင့်မြင့်မင်္ဂလာဈေးကို မီးငြိမ်းသတ်မှု အပြီးတွင် တွေ့ရစဉ်။အောင်ခန့် / မြန်မာတိုင်း(မ်)

ဈေးဆိုင်ခန်းတစ်ခန်းအတွက် ငွေကြေးသိန်း ပေါင်းများစွာ ရင်းနှီးထားသော်လည်း
အဘက်ဘက်က အဆင်မပြေမှုများကြောင့် အာမခံထားရှိမှု အားနည်းနေသေးသည်။

အဆိုပါအခြေအနေများကြောင့်လည်း မိမိတို့ လုပ်ငန်းပိုင်ဆိုင်မှုများမှာ နစ်နာဆုံးရှုံးမှုများ
ကြုံတွေ့နေရသည်။ မကြာမီကဖြစ်ပွားခဲ့သော အဆင်မြင့် မင်္ဂလာဈေးမီးလောင်မှုကြောင့်
ဆိုင်ခန်းပေါင်း ထောင်နှင့်ချီ ပျက်စီးကာ ငွေကျပ်သိန်းပေါင်း စွာ ဆုံးရှုံးနစ်နာခဲ့သော အဖြစ်
အပျက်က သက်သေခံနေသည်။

ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးတွင် ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီ ခန့်က
ငါးလွှာတွင်မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း ၁,၆၀၀ ကျော်ပျက်စီးကာ တန်ဖိုး
ကျပ်သိန်းပေါင်း ၃၆၀,၀၀၀ ဆုံးရှုံးခဲ့သည်။

လွန်ခဲ့သောငါးနှစ်ခန့်ကလည်း ထိုကဲ့သို့ ဆိုးဆိုးဝါးဝါးမီးလောင်ကျွမ်းခဲ့သောကြောင့်
ဆုံးရှုံးမှုအများအပြားရှိခဲ့ကြောင်း ဈေးရှိ ဆိုင်ခန်းဖွင့်လှစ်သူများက ပြောသည်။ ဆိုင်ပိုင်ရှင်
များမှာ ထိုကဲ့သို့ မီးဘေး အန္တရာယ်အပြင် အခြားသော သဘာဝဘေးအန္တရာယ်များ ကြုံတွေ
့ရပါက သိန်းပေါင်များ စွာ အရှုံးပေါ်မှုများကို ကိုယ်တိုင်ရင်ဆိုင်ရပြီး ထိုကဲ့သို့ရင်ဆိုင်ရပါက ပျက်စီးဆုံးရှုံးမှုအတိုင်း လျော်ကြေးပြန်လည်ရရှိနိုင်သော အာမခံထားခြင်းများကို ယခုအချိန်ထိ
အသုံးပြု မှုနည်းပါးနေသေးကြောင်း ပြည်တွင်းအာမခံ ကုမ္ပဏီများက ပြောသည်။

"အာမခံထားရင် ထားမယ့်ပစ္စည်းပေါ် မူတည်ပြီး ပစ္စည်းရဲ့ တစ်ရာခိုင်နှုန်းလောက် သာပေးရပေမယ့်
တကယ်ပျက်စီးသွားတဲ့အချိန်မှာ ပစ္စည်းတန်ဖိုးအကုန်ပြန်လည်ရရှိ နိုင်တဲ့ အာမခံထားတာတွေကို
အသုံးပြုမှုအလွန် နည်းပါးနေပါသေးတယ်"ဟု IKBZ အာမခံ လုပ်ငန်း၊ လျော်ကြေးဌာန အထွေထွေ
မန်နေဂျာ ဦးသန်းဇော်က ပြောသည်။

မင်္ဂလာ ဈေးကြီး မီးလောင်ချိန်တွင် ဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့သော်လည်း
IKBZ အာမခံလုပ်ငန်းတွင် မီးအာမခံထားသူ မှာ သုံးဦးခန့်သာရှိကြောင်း ၎င်းက ပြောသည်။
"တခြားအာမခံလုပ်ငန်းတွေမှာလည်း အာမခံထားတဲ့သူတွေတော့ ရှိမှာပေါ့။ ကျွန်တော်တို့
IKBZ မှာတော့ ဆိုင်သုံးဆိုင်ပဲ အာမခံထားတာ တွေ့ရပါတယ်။ စတုတ္ထထပ် က ပွိုင့်အလှ
ကုန်ဆိုင်ရယ်၊ ပထမထပ်က လိပ်ပြာ ပါတိတ်ဆိုင်နဲ့ ပါတိတ်ကမ္ဘာဆိုင်ရယ် စုစုပေါင်း သုံးဆိုင်ပဲ
အာမခံထားပါတယ်။ မီးလောင်ပြီးတဲ့ နေ့ကတည်းက အာမခံထားတဲ့ဆိုင်တွေနဲ့ တွေ့ နေပါတယ်။
မင်္ဂလာဈေးကိုလည်း ကျွန်တော် တို့ကိုယ်တိုင်သွားကြည့်ပါတယ်။ ဆိုင်ပိုင်ရှင် တွေဘက်က လိုတဲ့အချက်အလက်တွေကို တောင်းထားပါတယ်" ဟု ဦးသန်းဇော်က ပြောသည်။

အာမခံထားရှိပြီး အမှန်တကယ် ထိခိုက်ခဲ့ သော ဆိုင်ရှင်များကို အမြန်ဆုံးလျော်ကြေးပေး နိုင်ရန်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ "တကယ်ထိခိုက်ပျက်စီးသွားတဲ့သူတွေ ကို လျော်ကြေးအမြန်ဆုံးပေးနိုင်အောင် ဆောင်ရွက်သွားမှာပါ။ အာမခံကုမ္ပဏီတစ်ခု အနေနဲ့
လျော်ကြေးပြန်ပေးရတာကို mark- eting လို့ ယူဆထားပါတယ်။ပုဂ္ဂလိကအာမခံ တွေက
တကယ်ဖြစ်ရင် တကယ်လျော်ပါတယ်။ တကယ်ဖြစ်လာတဲ့အခါ လဲနေသူကို ကူညီထောင်မတ်ပေး
မှာပါ"ဟု ၎င်းက ပြောသည်။ ထို့ပြင် အသေးစားလုပ်ငန်းရှင်များ အကြား အာမခံထားခြင်းများ
အလွန်အမင်း အားနည်းနေလျက်ရှိပြီး ဘဏ်က ချေးငွေ လိုချင်သောအခါမှသာ အာမခံထားလေ့ရှိ
ကြောင်း အသေးစားလုပ်ငန်းရှင်များက ပြောသည်။

"မီးထဲမှာ ဆိုင်ခန်းပေါင်းထောင်ကျော်ပါ သွားပေမယ့် ကျွန်မသိသလောက်ထဲမှာ အာမခံထားတဲ့
ဆိုင်ဆိုတာ လက်ချိုးရေလို့ရ တယ်။ အာမခံကို ထားရကောင်းမှန်း မသိသေး သူတွေရော၊
မယုံကြည်သေးသူတွေရော အများကြီးပါ။ ကျွန်မတို့ဆိုင်လည်း အခုထိ အာမခံ မထားရသေး
ပါဘူး။ အာမခံကုမ္ပဏီ တွေ မြန်မာနိုင်ငံမှာ ပေါ်လာနေပေမယ့် အာမခံထားသူတွေရော
အာမခံအမျိုးအစား တွေရော နည်းနေပါသေးတယ်"ဟု လွန်ခဲ့ သော ၁၀ နှစ်ကျော်ကတည်းက
မင်္ဂလာဈေး အတွင်း အထည်ဆိုင်ဖွင့်လှစ်ခဲ့သူတစ်ဦးကပြောသည်။ အာမခံပြုလုပ်ထားသော
ဆိုင်ပိုင်ရှင်အနည်းငယ်မှာလည်း တကယ်ပြန်လည် လျော်ကြေးရမည်ကို အယုံအကြည်မရှိသူများ
စွာရှိနေသေးကြောင်း လွင်အ၀တ်အထည်ဆိုင် က ဒေါ်မာမာလွင်ကပြောသည်။

အီလက်ထရွန်းနစ်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ် သူ ဒေါ်နုနုကလည်း "အရင်တုန်းကတည်း က
အာမခံလုပ်ငန်းဆိုတာ မြန်မာနိုင်ငံမှာ ရှိခဲ့ပါတယ်။ အရင်က အာမခံကုမ္ပဏီတစ်ခုမှာ
ပိုင်ဆိုင်မှုပစ္စည်းအာမခံကို ထားခဲ့ဖူး ပေမယ့် တကယ်ဆုံးရှုံးလို့ လျော်ကြေးပြန်ထုတ်
တဲ့အခါမှာ လျော်ကြေးပြန်ရဖို့ မဖြစ်နိုင်တဲ့ စာရွက်စာတမ်းတွေ တစ်ခုပြီးတစ်ခု စုခိုင်း
တာတွေကြောင့် လျော်ကြေးရဖို့ လက်လျှော့ ခဲ့ပြီး အဲဒီအချိန်ကတည်းက အာမခံထား
တာကို အယုံအကြည်မရှိတော့ဘူး။ အခု အာမခံကုမ္ပဏီတွေ ပေါ်လာပေမယ့် ဟိုတစ်
လောက အသိတစ်ယောက်ကားတိုက်တော့ အာမခံထားထားပေမယ့် လျော်ကြေးမရတာ
မျိုးတွေလည်း ကြားမိတယ်။ အာမခံထားပေ မယ့် တကယ်ပြဿနာဖြစ်ရင် လျော်ကြေးပြန်
မရမှာကို အများစုက စိုးရိမ်နေကြဆဲပါ ပဲ"ဟု ပြောသည်။

အာမခံထားသည့်အခါများတွင်လည်း ဆိုင်ရှင်က အာမခံထားလိုသော ပမာဏအတိုင်း
အာမခံထားရှိနိုင်ရန် လိုအပ်ကြောင်း ဆေး ပစ္စည်းရောင်းဝယ်သူလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ
ဦးအေးမင်းက ပြောသည်။ ၎င်းဆိုင် အတွက် အာမခံကုမ္ပဏီမှာ ကျပ်သိန်း ၁,၀၀၀ တန်ဖိုး
အထိသာ လက်ခံသော်လည်း အမှန် တကယ်တွင် ထိုထက်မက ဆုံးရှုံးနစ်နာ ခဲ့ကြောင်း
ပြောသည်။ "ဆေးပစ္စည်းက ငွေအများကြီးရင်းရတဲ့အလုပ်တစ်ခုပဲ။ ပျက်စီးဆုံးရှုံးမှုက သိန်း
၁,၀၀၀ ထက်များမှာပါ။ ဒါပေမဲ့ သိန်း၁,၀၀၀ ထိ ထားလို့ရတော့ အရှုံးမှာ အများကြီးကာမိပြီး
တော်သေးပေမယ့် ဒီထက်ပိုပြီး လုပ်ငန်းရှင်တွေအာမခံထားချင်သလောက်ထားလို့ရရင်
ပိုကောင်းမှာပါ"ဟု ၎င်းကပြောသည်။ သို့ဖြစ်ရာ အာမခံကုမ္ပဏီတစ်ခုက လျော်ကြေးပေးနိုင်
သလောက် ပမာဏအထိ သာ သတ်မှတ်ထားခြင်းမျိုး မရှိသင့်ဘဲ ပမာဏ များများ အာမခံထား
ရှိလိုသူများအတွက် အာမခံကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး co-insurance ပုံစံဖြင့် အာမခံထားနိုင်ကြောင်း
အထွေထွေမန်နေဂျာ ဦးသန်းဇော်က ပြောသည်။

အထွေထွေကဲ့သို့သော အာမခံအမျိုး အစားအတော်များများကို မြန်မာ့အာမခံ လုပ်ငန်းတွင်သာ
ထားရှိနိုင်သေးပြီး ပုဂ္ဂလိက အာမခံအများစုမှာမူ အသက်အာမခံကဲ့သို့ အမျိုးအနည်းငယ်သာ
လက်ခံထားရှိနိုင် သေးကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ