တံဆိပ်ခေါင်းခွန်ကို ခေတ်နှင့်အညီ ပြောင်းသင့်ပြီ

ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို တွေ့ရစဉ်။မြန်မာတိုင်း(မ်)ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို တွေ့ရစဉ်။မြန်မာတိုင်း(မ်)

ကားတွေ လေယာဉ်ပျံတွေ မရှိသေးတဲ့ခေတ်၊ ဖုန်းတွေ၊ ရေဒီယိုတွေ မရှိသေးတဲ့ ခေတ်တစ်ခေတ်ကို
စဉ်းစားကြည့်လိုက်ပါ။ အဲဒီတုန်းက အမျိုးသမီးတွေ မဲပေးခွင့် မရသေးပါဘူး။

ဇာဘုရင်တောင် ရုရှားမှာ အုပ်စိုးခွင့်ရနေသေး တဲ့ အချိန်မျိုးပါ။ ၀င်ငွေခွန် ကောက်တယ်ဆိုတာလည်း
မရှိသေးပါဘူး။ အဲဒီလိုအချိန် ၁၈၉၉ ခုနှစ်က မြန်မာနိုင်ငံဟာ အခု မြန်မာ နိုင်ငံနဲ့လည်း မတူပါဘူး။
ဒါပေမဲ့ ခြွင်းချက် တစ်ချက်တော့ ရှိပါတယ်။ ၁၈၉၉ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့တဲ့ တံဆိပ်ခေါင်း အက်
ဥပဒေကတော့ အဲဒီတုန်းက ရေးသားပြဋ္ဌာန်းထားခဲ့တဲ့အတိုင်း အခုအချိန်အထိ ခြေရာလက်ရာ မပျက်
တည်တံ့နေပါသေးတယ်။ တံဆိပ်ခေါင်းခွန်ဆိုတာ သဘောတူစာချုပ်၊ အိမ်ခြံမြေအရောင်းစာချုပ်၊ အပေါင်ခံ
စာချုပ်၊ အငှားစာချုပ်၊ ဆောက်လုပ်ရေးလုပ် ငန်းဆိုင်ရာ သဘောတူစာချုပ်၊ ချေးငွေ စတဲ့ စာချုပ်စာတမ်းတွေ
အပေါ် စည်းကြပ်သတ်မှတ် တဲ့ အခွန်ပါ။ တံဆိပ်ခေါင်းအက်ဥပဒေမှာ စာချုပ်စာတမ်း အမျိုးအစားပေါ်
မူတည်ပြီး တော့ အခွန်နှုန်းထားတွေကို သတ်မှတ်ထားပါတယ်။ ကျပ် ၃၀၀ ကနေ တစ်သိန်းခွဲအထိ
အခွန်နှုန်းထားအမျိုးမျိုး ရှိပါတယ်။

ဥပမာ အငှားစာချုပ်အတွက် အခွန်နှုန်းထားဟာ ငှားရမ်းခရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ
သတ်မှတ်ထားပါတယ်။ အိမ်ခြံမြေအရောင်းစာချုပ်တွေဆို ရောင်းလိုက်တဲ့ အိမ်ခြံမြေတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်း၊ ကတိခံဝန်ချုပ်တွေဆိုရင် ချေးယူတဲ့ ငွေ ပမာဏရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ခံ စာချုပ်တွေဆိုရင်
ချေးငွေရဲ့ ၁ ဒသမ ၅ ရာခိုင် နှုန်းကနေ ၃ ရာခိုင်နှုန်း စသဖြင့် အခွန်နှုန်းထားက အမျိုးမျိုး သတ်မှတ်ပေး
ထားပါတယ်။ ဒီအမျိုးအစား သတ်မှတ်ချက်တွေကို ၁၈၉၉ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာကြောင့်
နှစ်ပေါင်း ၁၁၇ နှစ်အကြာမှာ ဒီသတ် မှတ်ချက်တွေဟာ အလုပ်မဖြစ်တော့ဘူး ဆိုတဲ့ အချက်ကတော့
အံ့အားသင့်စရာ မဟုတ်ပါဘူး။ အထူးသဖြင့် ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ
ပိုပြီး အလုပ်မဖြစ်တာကို တွေ့ကြရမှာပါ။

သတ်မှတ်ထားတဲ့ အမျိုးအစား ခြောက်မျိုး လောက်အရဆိုရင် ကတိဝန်ခံချုပ်ဆိုရင် တံဆိပ်ခေါင်းခွန်က
၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အပေါင်ခံစာချုပ်ဆိုရင် ၁ ဒသမ ၅ ကနေ ၃ ရာခိုင်နှုန်းအထိ ဖြစ်ပြီး သဘောတူ
စာချုပ် ဆိုရင် ကျပ် ၃၀၀ ပဲ ရှိတာကြောင့် တံဆိပ်ခေါင်း အက်ဥပဒေရဲ့ သတ်မှတ်ချက်တွေမှာ မပါဝင်တဲ့
ချေးငွေဆိုင်ရာ သဘောတူစာချုပ်ဟာ အခွန်နှုန်းထားနဲ့ ပတ်သက်ပြီး သတ်မှတ်ချက် အမျိုးမျိုး ဖြစ်လာနိုင်
ပါတယ်။ ငွေချေးရာမှာ ကတိဝန်ခံချုပ်နဲ့ သဘောတူ စာချုပ် အမျိုးအစားကြားမှာ ကွာခြားချက်တွေ ရှိပါတယ်။
တချို့ကွာခြားချက်တွေကို ဥပဒေ ထဲမှာ ရှင်းလင်းဖော်ပြထားပါတယ်။

ဒါပေမဲ့ တာဝန်ရှိသူတွေနဲ့ အခွန်ထမ်း နှစ်ဖက်စလုံး ဒီခြားနားချက် တော်တော်များများနဲ့ ပတ်
သက်ပြီး မရှင်းမလင်း ဖြစ်နေကြပုံရပါတယ်။ စာချုပ်စာတမ်းတစ်ရပ်ကို ရေးသားရာမှာ အရေး
အသားပေါ် မူတည်ပြီး အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုလို့ရပါတယ်။ တံဆိပ်ခေါင်းခွန်နဲ့ ပတ်သက်တဲ့
အခက် အခဲကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ အခွန်ရုံး တာဝန်ရှိသူတွေရဲ့ ရုံးတွင်းစာကနေ စပါ
တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အခွန် နှုန်းကောက်ခံဖို့ သတ်မှတ်ထားတဲ့ အမျိုး အစားတွေမှာ
အားနည်းချက် ရှိနေတာကို ရှင်း လင်းလွယ်ကူအောင်လုပ်ဖို့လို့ ထင်ပါတယ်။

ရုံးတွင်းစာအရဆိုရင် ချေးငွေနဲ့ ပတ်သက်တဲ့ ပုံစံအားလုံးဟာ ကတိဝန်ခံချုပ် ဒါမှမဟုတ် အပေါင်ခံစာချုပ်
စာရင်းဝင်ပြီး အခွန်နှုန်း ထားဟာ ချေးငွေရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံရမယ်လို့ ဖော်ပြထားပါတယ်။
ဝင်ငွေဆိုင်ရာ ဥပဒေအားလုံးမှာ ပျင်းစရာ အကောင်းဆုံးလို့ အရင်က သတ်မှတ်ခဲ့ကြတဲ့ တံဆိပ်ခေါင်း
အက်ဥပဒေဟာ မြန်မာနိုင်ငံ မှာ ရုတ်တရက်ဆိုသလို အများနဲ့ သက်ဆိုင် သလို ဖြစ်လာပါတယ်။
ချေးငွေဆိုင်ရာ စာချုပ် စာတမ်းတွေကို အခွန်နှုန်းထားနည်းနည်းပဲ ပေးဆောင်ပြီး သဘောတူညီမှု
စာချုပ်အဖြစ် အရင်က ကျင့်သုံးလာခဲ့တာကို ရုတ်တရက် မကျင့်သုံးတော့ဘဲ အခုလို အမျိုးအစား သတ်မှတ်
ပြောင်းလဲလိုက်တာနဲ့ ပတ်သက်ပြီး အခွန် ထမ်းတွေ နားမလည်နိုင်ဖြစ်သွား ကြပါတယ်။ တကယ်တော့
ဥပဒေမှာ ဘာအပြောင်းအလဲမှ မလုပ်ထားသလို အခွန်နှုန်းထားလည်း ပြောင်း လဲ သတ်မှတ်ထားတာ
မရှိပါဘူး။ ပြီးတော့ ချေးငွေအမျိုးအစားအားလုံးအတွက် ဒီလို မျိုး အခွန်နှုန်းအများကြီး ပေးဆောင်ဖို့
သတ် မှတ်ထားတဲ့ နိုင်ငံဆိုတာလည်း မရှိသလောက် ပါပဲ။ အခုပြောချင်တာက ချေးငွေတစ်ရပ်ရပ်
အတွက် မှန်ကန်တဲ့အမျိုးအစား သတ်မှတ် ပေးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အရင်က
မရှိခဲ့တဲ့ ခေတ်သစ်ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းမှာ စာချုပ်စာတမ်းတွေ အများကြီး ပါဝင်သလို
ဒီလုပ်ငန်းတွေဟာ အများအားဖြင့် ဘဏ်လုပ်ငန်းရှင်တွေ၊ လုပ်ငန်းတည်ထောင်သူနဲ့ လုပ်ငန်းစည်းမျဉ်း
ထိန်းချုပ်သူတွေ ပါဝင်တဲ့ လုပ်ငန်းပေါင်းစုတွေပါ။ အေကနေ ဘီကို ချေးထားတဲ့ချေးငွေနဲ့ စီကနေအေကို
ချုပ်ဆိုထားတဲ့ အာမခံချက် ဟာ ချေးငွေတစ်ခုတည်းလား၊ နှစ်ခုလား။ ဘဏ်သုံးခုပါဝင်တဲ့ လုပ်ငန်းပေါင်းစုက ချေးငွေတစ်ခုဟာ ချေးငွေတစ်ခုတည်းလား၊ သုံးခုလား။ ဒီမေးခွန်းမျိုးတွေအတွက်
တိကျ တဲ့အဖြေ မရှိသလို ဘဏ်တွေနဲ့ ဖောက်သည် တွေ စိုးရိမ်ကြတာလည်း ဒီအချက်တွေပါပဲ။

ဒီမေးခွန်းတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေ တာ ဆယ်စုနှစ်တော်တော် များပါပြီ။ ဒါပေမဲ့ အခုအချိန်
အထိတော့ ဘဏ်လုပ်ငန်း သုံးလေး ခုကနေ ဖောက်သည်တစ်ဦးတည်းအတွက် ပေါင်းစပ်ချေးငွေ
ပေးထားတာမျိုး ရှိတယ်ဆိုတာမျိုး ပြောပလောက်အောင် မရှိသေးပါဘူး။ တံဆိပ်ခေါင်းခွန်ဟာ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအတွက် အခက် အခဲဖြစ်စေတဲ့ အဓိကအချက်ကတော့
အခွန်တွေကို သတ်မှတ်ထားတဲ့အတိုင်း မပေးတာကြောင့် ရင်ဆိုင်ရမယ့် အလားအလာပါပဲ။ ဥပမာ
ချေးငွေပေးရန် ပျက်ကွက်မှုအတွက် တရားရုံးမှာ ဥပဒေကြောင်းအရ ဖြေရှင်းရတဲ့ အခါ တံဆိပ်ခေါင်းခွန်
မဆောင်ထားတဲ့ ချေးငွေ ဒါမှမဟုတ် အပေါင်ခံစာချုပ်တစ်ခုခု ကို သက်သေအဖြစ် လက်မခံသလို ဒီစာချုပ်ကို
သိမ်းတာမျိုးနဲ့ ဒဏ်ငွေ တပ်ရိုက်ခံရတာမျိုး တွေလည်း ကြုံရနိုင်ပါတယ်။

တစ်နည်းပြောရရင်တော့ လိုအပ်တဲ့ အခွန်နှုန်းထား ပေးရမယ်ဆိုတာနဲ့ ပတ်သက်ပြီး မရှင်းလင်းတဲ့
အချက်တွေ အများကြီး ရှိနေ ပေမယ့် လိုအပ်တဲ့ အခွန်နှုန်းထား မပေးထားတဲ့အတွက် ဘဏ်တွေက
သူတို့ ထုတ်ချေးထား တဲ့ငွေတွေ ဆုံးသွားနိုင်ပါတယ်။ တကယ်လို့ ချေးငွေတွေ ပြန်ရချင်တယ်ဆိုရင်တော့
စာချုပ် စာတမ်းတစ်ခုအတွက် မူလအခွန်နှုန်းထားရဲ့ ၁၀ ဆ ဒဏ်ငွေပေးဆောင်ပြီး ဥပဒေကြောင်း အရ ဆက်လက် ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် ငွေချေးထားသူက ချေးငွေပြန်မဆပ် သေးတဲ့အချိန်မှာပဲ
ဥပဒေကြောင်းအရ အမှု ကို ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် ငွေထုတ်ချေးထားတဲ့သူဟာ ချေးငွေရဲ့
၁၅ ရာခိုင် နှုန်းလို့ပြောရမယ့် အခွန်နှုန်းထား ၁ ဒသမ ၅ ရာခိုင်နှုန်းကို အရင်ပေးရဦးမှာပါ။

ငွေချေးလုပ်ငန်းနဲ့ ပတ်သက်ရင် တံဆိပ် ခေါင်းခွန်ကို အသုံးမချတော့တဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်။
ဒီနိုင်ငံတွေထဲမှာ တံဆိပ် ခေါင်းခွန်ကို စတင်တီထွင်ခဲ့တဲ့ နယ်သာလန် လည်း ပါသလို ဒီတံဆိပ်ခေါင်း
အက်ဥပဒေ ကို ကမ္ဘာအနှံ့ ကျင့်သုံးစေခဲ့တဲ့ ဗြိတိန်နိုင်ငံနဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ထိုင်း၊
စင်ကာပူနဲ့ ဟောင်ကောင်တို့လည်း ပါဝင်ကြ ပါတယ်။ တံဆိပ်ခေါင်းခွန်တွေဟာ ကတိဝန်ခံချုပ်တွေ
အတွက် ၁၈၉၉ ခုနှစ်မှာ အသုံးဝင်ကောင်း ၀င်ခဲ့မှာပါ။ ဒါပေမဲ့ အခုခေတ် ငွေကြေးလုပ် ငန်းဈေးကွက်
မှာတော့ တံဆိပ်ခေါင်းခွန်က အလုပ်မဖြစ်ပါဘူး။ ထုတ်ချေးထားတဲ့ ငွေပြန် ရဖို့ ငွေချေးသူတွေရဲ့
အားနည်းချက်ရှိတဲ့အပေါ်မှာ မရေရာ မသေချာလှတဲ့ အခွန်နှုန်း ထားတစ်ရပ်ကို အသုံးမချသင့်ပါဘူး။
ကျွမ်း ကျင်သူတွေကတောင် မဆုံးဖြတ်နိုင်တဲ့ အခွန် လျှော့ဆောင်တဲ့အပေါ် ဒီလိုမျိုး အရေးယူတာ
ကနေ့ခေတ်မှာတော့ လက်တွေ့မကျလှပါဘူး။ စီးပွားရေးအရ ပြောရမယ်ဆိုရင်လည်း ဒီလိုမျိုး မလို
လားအပ်တဲ့ မရေရာမသေချာမှု တွေ ချေးငွေရယူသူတွေနဲ့ ငွေထုတ်ချေးသူတွေ ကို ဖိစီးထားမယ်ဆိုရင်
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည်စတင်တာ၊ အသေးစားလုပ်ငန်းတွေကို အကူအညီပေးတာ၊
ငွေကြေး လုပ်ငန်း ပါဝင်လာမှုကို မြှင့်တင်ပေးတာ၊ အသေးစား ချေးငွေလုပ်ငန်းတွေကနေ တစ်ဆင့်
ဆင်းရဲမွဲတေမှု ပပျောက်အောင်လုပ်တာ၊ ဘဏ်လုပ်ငန်းစနစ် ပိုအားကောင်းလာအောင် လုပ်ပေးတာနဲ့
လိုအပ်တဲ့ အခြေခံအဆောက် အအုံတွေအတွက် ရန်ပုံငွေ မတည်ပေးတာမျိုး တွေ မလုပ်နိုင်တော့ဘူးလို့
ထင်ပါတယ်။

မြန်မာနိုင်ငံမှာ တံဆိပ်ခေါင်းခွန်ကို ခေတ်နဲ့ အညီ မွမ်းမံဖို့လိုနေတာဟာ အဆိုးရွားဆုံး ဖြစ် သွားနိုင်တဲ့
အချိန်မှာ ပေါ်ပေါက်နေတာပါ။ ပထမဦးဆုံး နိုင်ငံခြားဘဏ်တွေ အများ အပြား ဖွင့်လှစ်လာတဲ့အချိန်၊
ပထမဦးဆုံး နိုင်ငံတကာချေးငွေ သဘောတူညီမှုတွေ ချုပ် ဆိုထားကြတဲ့အချိန်နဲ့ အသေးစား ချေးငွေ
လုပ်ငန်းတွေ စတင် ခြေကုပ်ရလာတဲ့အချိန်မျိုးမှာ ငွေထုတ်ချေးသူတွေအတွက် ဘာတွေမှားသွားနိုင်
မလဲဆိုတာ သတိပေးချက်တွေ မလိုအပ်ပါဘူး။ မြန်မာနိုင်ငံက ငွေထုတ်ချေးသူတွေကို ထိခိုက်စေမယ့်
ကိစ္စတွေ ရှိပါတယ်။ အဲဒီ ကိစ္စတွေကို အမြန်ပျောက်ကင်းစေနိုင်မယ့် ဆေးမြီးတိုလည်း မရှိပါဘူး။

ဒါပေမဲ့ ဥပဒေ စည်းမျဉ်းသတ်မှတ်ချက်တွေ ရှင်းရှင်းလင်း လင်း သတ်မှတ်ပေးထားမယ်ဆိုရင်
ဒီအခြေအနေဆိုးတွေကို အမြန်ကုစားနိုင်မယ်လို့ ထင်ပါတယ်။ ဘယ်ချေးငွေ အမျိုးအစားအတွက်
မဆို မြင့်မားလွန်းတဲ့ ဒါမှမဟုတ် မရေရာ မသေချာ လှတဲ့ တံဆိပ်ခေါင်းခွန်တွေ ဆက်လက်
စည်းကြပ်တာကတော့ ဘဏ္ဍာရေးအရ မလို လားအပ်သလို ဥပဒေကြောင်းအရ သံသယ
ဖြစ်ဖွယ်ရာဖြစ်ပြီး စီးပွားရေးအရ မိုက်မဲရာ ကျပါတယ်။ ဒါကြောင့် မြန်မာတံဆိပ်ခေါင်းခွန်ကို
၂၁ ရာစုထဲကို ခေါ်ဆောင်လာကြစို့ လားဗျာ။

(အက်ဒ်ဝင်ဗန်ဒါဘရူဂန်သည် မြန်မာနိုင်ငံ ရှိ နိုင်ငံတကာဥပဒေအကြံပေးကုမ္ပဏီ VDB ၏ စီနီယာ
ပါတနာတစ်ဦးဖြစ်သည်။)

သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ