ပည်တွင်းစက်သုံးဆီဈေးကို နိုင်ငံတကာပေါက်ဈေးအတိုင်း သတ်မှတ်ရောင်းချရန် ပြန်လည် သုံးသပ်သင့်ဟုဆို

ပြည်တွင်းရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။အီးပီအေပြည်တွင်းရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။အီးပီအေ

ရန်ကုန်ဆိပ်ကမ်းအရောက် စက်သုံးဆီဈေး နှုန်းများကို အပတ်စဉ် အင်္ဂါနေ့ထုတ်
နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ဖော်ပြနေခြင်း ဖြစ်သည်။

သို့ရာတွင် ၎င်းစက်သုံးဆီ ဈေးနှုန်း များသည် စက်သုံးဆီလုပ်ငန်းရှင်များက အမှန်
တကယ် ၀ယ်ယူတင်သွင်းရသည့် ဈေးနှုန်းများနှင့် ကွာဟချက်များရှိနေသည့်အပြင်
နေ့စဉ် နိုင်ငံတကာပေါက်ဈေးများနှင့်လည်း ကွာဟချက်ရှိနေသဖြင့် ၀ယ်ယူသူသုံးစွဲ
သူများ နစ်နှာမှု ရှိနိုင်သည့် အပေါ်ရည်ညွှန်းကာ ၎င်းက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

စက်သုံးဆီဈေးနှုန်း ထိန်းသိမ်းကြီးကြပ်ရေးအတွက် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း
ဖြန့်ဖြူးရောင်းချရေးအသင်းနှင့် စွမ်းအင် ၀န်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်း
ဝယ်ရေးလုပ်ငန်းတို့ မေ ၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ "အသင်းအနေနဲ့
သတင်းစာကတစ်ဆင့်ထုတ်ပြန်ဖော်ပြနေတဲ့ ရန်ကုန်ဆိပ်ကမ်းအရောက် စက်သုံးဆီဈေးနှုန်းကို
တစ်ချက်ပြန် ပြီး သုံးသပ်ဖို့ လို့မယ်လို့ အကြံပြုလိုပါတယ်။ ထုတ်ပြန်တဲ့ဈေးတွေက စင်ကာပူနိုင်ငံမှာ
ဖြစ်ခဲ့တဲ့ ဈေးအပေါ် အခြေခံတွက်ချက်ပြီး ဖော်ပြနေတာဖြစ်တဲ့အတွက် အမှန်တကယ် ၀ယ်ယူ
တင်သွင်း ရောက်ရှိနေပြီးသား ဈေးနှုန်း နဲ့ ကွဲလွဲနေတယ်လို့ ထင်ပါတယ်။ စက်သုံးဆီအရောင်းတွေကို
ပုဂ္ဂလိကကဏ္ဍကို လွှဲပြောင်း ပေးခဲ့ပြီးကတည်းက ဈေးနှုန်းကို လွတ်လပ်စွာ သတ်မှတ်နိုင်ဖို့
ခွင့်ပြုထားပြီးသားပါ။ ဒါပေမဲ့ ၀ယ်ယူသူတွေလည်း အခက်အခဲမရှိဘဲ လုပ်ငန်းရှင်တွေလည်း အကျိုးဖြစ်မယ့် ဈေးနှုန်းကို ဆောင်ရွက်ဖို့တော့ အကြံပြုချင်ပါတယ်"ဟု ဦးသန့်စင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လအတွင်း က စတင်ကျဆင်းခဲ့သည့် ကမ္ဘာ့ရေနံဈေးနှုန်း မှာ
လက်ရှိတွင် ၆၀ ရာခိုင်နှုန်းကျော် ကျဆင်း ခဲ့ပြီး ဖြစ်သော်လည်း ပြည်တွင်းစက်သုံးဆီ ဈေး
များသည် အချိန်နှင့်တစ်ပြေးညီ ကျဆင်း ခြင်း မရှိသည့်အတွက် စွမ်းအင်ဝန်ကြီးဌာန သည်
စက်သုံးဆီဈေးနှုန်း ထိန်းသိမ်းကြီးကြပ် ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ တွန်းအား ပေး
ဆောင်ရွက်ခဲ့ရသည်ဟုလည်း အစည်း အဝေးတွင် ဦးသန့်စင်က ပြောခဲ့သည်။ ထိုသို့ တွန်းအားပေး
မှုများကြောင့် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလတွင် ပြည်တွင်းစက်သုံးဆီ ဈေးများ ကျဆင်းခဲ့သော်လည်း
အမှန်ဝယ်ယူ ဈေးနှုန်းများအရ ကွာဟမှု ရှိနေခဲ့သဖြင့် သုံးကြိမ်တိုင် တိုက်တွန်းခဲ့ရပြီး (အောက်တိန်း)
၉၂ျွသည တစ်လီတာလျှင် ကျပ် ၄၆၀ ၀န်းကျင် အထိ ကျဆင်းမှု ရှိလာခဲ့ခြင်းဖြစ်သည်ဟု ဦးသန့်စင်က
ပြောသည်။

"ကမ္ဘာ့ရေနံဈေးတွေကျခဲ့စဉ်က ပြည်တွင်း စက်သုံးဆီဈေးနှုန်း ကျဆင်းမှု နောက်ကျခဲ့ တာတွေ
ဖြစ်ခဲ့တယ်။ အခုဆိုရင် ဆီဈေးတွေက ပြန်တက်လာနေတယ်။ ဒါပေမဲ့ ငွေလဲလှယ်နှုန်း
အားသာချက်ကြောင့် ရုတ်တရက်ကြီး ဈေးပြန်မတက်လာဘဲ ချိန်ဆ ရောင်းပေးနေ တာကို
တွေ့ရပါတယ်။ အဲဒီတော့ ဈေးနှုန်း ပြန်တက်လာတဲ့ အခါကျရင်လည်း အခုလိုပဲ ထိန်းထိန်း
ညှိညှိလေး လုပ်တာက သုံးစွဲသူတွေ အတွက် အရမ်းမထိလောက်တော့ဘူးလို့ မြင်ပါတယ်"ဟု
ဦးသန့်စင်က ပြောသည်။ ၂၀၁၆ ခုနှစ်၊ ဧပြီလလယ်မှ စတင်ခါ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ
ပြန်လည်မြင့် တက်လာချိန်တွင် ပြည်တွင်းစက်သုံးဆီဈေး များလည်း ပြန်လည် မြင့်တက်လာ
ခဲ့သည်။ ထို့ အတွက် ပြည်တွင်းစက်သုံးဆီဈေးများသည် မေ ၁ ရက်တွင် ၉၂ျွသည တစ်လီတာလျှင်
ကျပ် ၆၀၀ ဈေးများအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

"နိုင်ငံတကာ စက်သုံးဆီဈေးကျနေပေ မဲ့ မြန်မာနိုင်ငံမှာ မကျဘဲဖြစ်ခဲ့တာက ဟုတ်ခဲ့ပါတယ်။
ဒါပေမဲ့ အချိန်ကာလတစ်ခု အတွင်း ပြင်ဆင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံတကာဈေး ပြန်တက်ပေမဲ့
ပြည်တွင်း ဈေးကို အရမ်းကြီး ပြန်မတင်ဘဲ ထိန်းရောင်း နေပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံ
တကာ ဈေးကွက်နဲ့အညီ အချိန်နဲ့အညီ ဆောင်ရွက် သွားနိုင်အောင်တော့ လုပ်သွားပါ့မယ်။ စီးပွား
ရေးဈေးကွက်ဆိုတာကလည်း လွတ်လပ်မှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုအပေါ် အခြေခံတော့မှ အောင်မြင်
တာဖြစ်တဲ့အတွက် ယှဉ်ပြိုင်နိုင် စွမ်းအတွက်လည်း အခွင့်အရေး ပေးသင့်ပါ တယ်။ ယှဉ်ပြိုင်နိုင်စွမ်း
ဆိုတဲ့ နေရာမှာ လက်လီဆိုင်တွေ အများကြီး ဖွင့်ထားနိုင်တဲ့ သူနဲ့ တစ်ဆိုင် နှစ်ဆိုင်ပဲ ဖွင့်နိုင်သူနဲ့
ဈေးနှုန်း ချင်းဘယ်လိုမှ မတူနိုင်ပါဘူး"ဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေး
အသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောသည်။

ပြည်ပမှ တင်သွင်းလာသော ရေနံထွက်ပစ္စည်း သိုလှောင်ကန်များကို ပြီးခဲ့သည့်နှစ်တွင် တွေ့ရစဉ်။။ဇာနည်ဖြိုး / မြန်မာတိုင်း(မ်)ပြည်ပမှ တင်သွင်းလာသော ရေနံထွက်ပစ္စည်း သိုလှောင်ကန်များကို ပြီးခဲ့သည့်နှစ်တွင် တွေ့ရစဉ်။။ဇာနည်ဖြိုး / မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံသည် ယခင်က ကမ္ဘာ့စက်သုံး ဆီနေ့စဉ်ပေါက်ဈေးများကို ရရှိရန်အတွက် နှစ်ပတ်ခန့်
ကြာမြင့်ပြီး ယခုအခါ နေ့စဉ်ပေါက်ဈေးများ ရရှိလာပြီဖြစ်ခြင်းကြောင့် ကမ္ဘာ့စက်သုံးဆီ ပေါက်ဈေးများ
အတိုင်း လုပ်ကိုင်နိုင်ရန် ချိန်ညှိ ရောင်းချနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု စက်သုံး ဆီဈေးနှုန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်ဖြစ်သူ နြတီပေ စက်သုံးဆီ အရောင်းဆိုင် စီမံအုပ်ချုပ်ရေး
ဒါရိုက်တာ ဦးလှမြင့်မောင်က ပြောသည်။

စက်သုံးဆီဈေးနှုန်းများ ထုတ်ပြန်ခြင်းနှင့် ရောင်းချဈေးနှုန်းကိစ္စရပ်များအပြင် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးအသင်းကိုလည်း အမှန်တကယ် လုပ်ငန်းဆောင်ရွက်နိုင်သူများဖြင့် ပြန်လည်ဖွင့်စည်းသင့်သည့်အချက်ကိုလည်း ဦးဆောင်ညွှန်ကြားရေး
မှူး ဦးသန့်စင်က တိုက်တွန်းခဲ့သည်။ အသင်းတာဝန်ရှိသူများသည် ပြည်တွင်းသို့ စက်သုံးဆီတင်
သွင်းရောင်းချမှု ဆိုင်ရာ ကိစ္စရပ်များနှင့် စက်သုံးဆီဈေးနှုန်း ထိန်းသိမ်း ကြီးကြပ်ရေး သက်ဆိုင်သည့် အစည်းအဝေးများ ဆောင်ရွက်ရာတွင် ပါဝင်နိုင်ခြင်းမရှိဘဲ ကိုယ်စားလှယ် လွှဲခြင်းများဖြင့်
ဆောင်ရွက်နေကြသဖြင့် အမှန်တကယ် လုပ်ကိုင်နိုင်သူများ အစားထိုးကာ ပြန်လည်ဖွဲ့စည်းနိုင်ရန်
အတွက် ၎င်းက အကြံပြုခဲ့ သည်။ လက်ရှိတွင် ၎င်းအသင်း၏ ဥက္ကဋ္ဌ နေရာအား မြန်မာနိုင်ငံ၏
ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးတေဇက တာဝန်ယူထားခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်က စက်သုံးဆီရောင်းချခြင်းလုပ်ငန်းများကို အစိုးရကဏ္ဍကသာ
ဆောင်ရွက်ပြီး ၂၀၁၀ ခုနှစ် အောက်တိုဘာလမှသာ ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်
ပေးခဲ့သည်။ ထိုစဉ်က နိုင်ငံပိုင် ဆီဆိုင် ၂၆၁ ဆိုင်ကိုသာ ပုဂ္ဂလိက ကဏ္ဍသို့ စတင်လုပ်ကိုင်ခွင့်
ပေးခဲ့သော်လည်း လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပုဂ္ဂလိက စက်သုံးဆီ အရောင်း
ဆိုင်ပေါင်း ၁,၈၁၃ ဆိုင်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၁၃၆ ဆိုင် ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ