ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ဆွေးနွေး

အမေရိကန် ကုန်သည်ကြီးများအသင်း၏ဦးဆောင်မှုဖြင့် အမေရိကန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် မေလအတွင်းက မြန်မာအစိုးရနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်
၎င်းတို့ရင်းနှီးမြှုပ်နှံမှုများ လုပ် ဆောင်ရန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးမှုတွင် အမေရိကန် ကုမ္ပဏီပေါင်း ၃၀ ကျော်ပါဝင်ပြီး ဘဏ္ဍာရေး၊ စီးပွားရေးနှင့်
ကူးသန်း ရောင်းဝယ်ရေး၊ စက်မှု၊ အလုပ်သမားရေး၊ လျှပ်စစ်၊ ကျန်းမာရေး၊ စိုက်ပျိုးရေးစသည့်
ဝန်ကြီးဌာနများ၏ ၀န်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တွေ့ဆုံခဲ့သည်။ "အမေရိကန် စီးပွားရေး
အဖွဲ့အစည်း အနေနဲ့ အမေရိကန်အစိုးရရဲ့ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ စီးပွားရေး ပိတ်ဆို့မှုအပေါ် လျှော့ချပေးလိုက်တာ တွေကြောင့် ကျေးဇူးတင်ပါတယ်။ "ဒါပေမဲ့ အမေရိကန်
ကုမ္ပဏီတွေ အနေနဲ့ တခြားနိုင်ငံတကာ ကုမ္ပဏီ တွေလိုပဲ မြန်မာပြည်ကို ၀င်ရောက်လာဖို့
ဆိုတာ သာတူညီမျှလုပ်ကိုင်ခွင့်တွေပေးဖို့၊ ပိတ်ဆို့မှုတွေမလုပ်ခင်ကလို အခြေအနေ
အတိုင်းပြန်ဖြစ်သွားဖို့တွေလည်း လိုအပ်ပါ သေးတယ်"ဟု ရန်ကုန်အခြေစိုက်
GE International ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ချုပ် Andrew Lee က ပြောသည်။

"မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ အစိုးရကနေ ပြည်တွင်းပြည်ပ သာတူညီမျှရှိတဲ့ စီးပွားရေး
ပတ်ဝန်းကျင် ကို ဖန်တီးပေးနိုင်ဖို့ ဆက်ပြီးဆောင်ရွက် သွားမှာပါ။ အဲဒီကနေ အလုပ်အကိုင်တွေ ပိုရလာမယ်။ ဈေးကွက်ဈေးနှုန်းပြိုင်ဆိုင် နိုင်မှုတွေလည်း အကျိုးအမြတ်အနေနဲ့ ပေါ်ထွက်လာမှာပါ"ဟု
၎င်းကပြောသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီညွန်ကြားမှု ဦးစီးဌာန၏ စာရင်းအရ လက်ရှိအချိန်
အထိ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုမှာ 'ကန်' ဒေါ်လာ သန်း ၂၄၀ ကျော်သာ ရှိသေးသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ