အစိုးရသစ်လက်ထက် မိုဘိုင်းတင်း ဖွဲ့စည်းရန်အစီအစဉ်မရှိသေး

တရားမ၀င်ကုန်သွယ်မှုများကို ဖော်ထုတ် ဖမ်းဆီးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်
မိုဘိုင်းတင်း ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာန၏ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

"စီးပွားကူးသန်းက လက်ရှိ အချိန်အထိ မိုဘိုင်းတင်း ပြန်လည်ဖွဲ့စည်းဖို့ လုံးဝမရှိပါဘူး။
မိုဘိုင်းတင်းက ဖမ်းဆီးရတဲ့ကိစ္စ။ ဥပဒေအရ ဆောင်ရွက်ရမယ့် အနေအထား ဖြစ်တယ်။
ဖမ်းဖို့၊ ဆီးဖို့ ဥပဒေက စီးပွား ကူးသန်းမှာ အခွင့်အာဏာမရှိဘူး။ အခု အစိုးရ သွားနေတာက
တည်ဆဲဥပဒေအပေါ် မှာ လိုက်နာရတဲ့အနေအထား။ ဒါကြောင့် လက်ရှိဥပဒေအရ ဖွဲ့စည်းဖို့
မရှိဘူး"ဟု ၎င်းက ပြောသည်။

မြန်မာ၏ အဓိကကုန်သွယ်ဖက်ဖြစ်သော ထိုင်းနှင့် တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင်
တရားမ၀င် ကူးသန်းသွားလာသော ရှောင်ကွင်းလမ်းများစွာ ရှိနေဆဲဖြစ်ရာ အဆိုပါ
လမ်းကြောင်းအခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်
အစိုးရများနှင့် ချိတ်ဆက်ပြီး သတင်းပို့ လုပ.၉ဂ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
"မြ၀တီဘက်ကနေ ၀င်တာတွေဆိုရင် ဘယ်လမ်းကြောင်းတွေက ၀င်နေတယ်။
ဘာပစ္စည်းတွေ ၀င်နေတယ်ဆိုတာ ရတဲ့ သတင်း တွေကို သက်ဆိုင်ရာ၊ တိုင်းဒေသကြီး၊
ပြည် နယ်အစိုးရများကို သတင်းပေးနေတယ်။ မိုင်းယောင်းဘက်ကနေ စပါးတွေ ထွက်နေ
တာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရှမ်းပြည် နယ်အစိုးရအဖွဲ့ကို သတင်းပေးတယ်။ ရှမ်းပြည်နယ်
အစိုးရက သက်ဆိုင်ရာဒေသ အာဏာပိုင်တွေနဲ့ ပေါင်းပြီး အဖွဲ့ဖွဲ့ပြီး ဆန်းစစ်ဖို့အတွက်
ရှမ်းပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်"ဟု ဦးခင်မောင်လွင်က ပြောသည်။

ယခင် အစိုးရလက်ထက်အတွင်းက မိုဘိုင်းတင်းကို ဖွဲ့စည်းခဲ့ရာတွင် အစပိုင်းတွင်သာ
အောင်မြင်ခဲ့ပြီး နောက်ပိုင်း အားနည်း ချက်များစွာ ရှိနေခြင်းကြောင့် ယခင်အစိုးရ
လက်ထက်မှာပင် ဖျက်သိမ်းခဲ့သည်။

တရုတ်နိုင်ငံနယ်စပ်နှင့် နီးစပ်နေသည့် မိုင်းလား၊ ကိုးကန့်၊ '၀'ဒေသတို့သည် လုံခြုံရေး
အရ ကန့်သတ်နယ်မြေများဖြစ်ပြီး ယင်း လမ်းကြောင်းကလည်း တရားမ၀င်ကုန်သွယ်
မှုများ ရှိနေကြောင်း ဦးခင်မောင်လွင်က ပြောသည်။ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု ရရှိလာ
လျှင်မူ ကုန်စည်များ တရားမ၀င် မှောင်ခိုထွက် ကူးသန်းရောင်းဝယ်မှုများ၊ တရားမ၀င်
ရှောင်ကွင်းလမ်းများ အလိုအလျောက် ပပျောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ