တတိယအကြိမ်မြောက် စားသောက်ကုန်နှင့် အဖျော်ယမကာကုန်စည်ပြပွဲ ကျင်းပမည်

တတိယအကြိမ်မြောက် နိုင်ငံတကာ စားသောက်ကုန်နှင့် အဖျော် ယမကာကုန်စည်ပြပွဲကို
ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ဩဂုတ် ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး
အဆိုပါပြပွဲတွင် လက်လီ ရောင်းချခြင်း လုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲကိုလည်း ပထမဆုံးအကြိမ်ဖြစ် ပါဝင်ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်
တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ က ၂၀၁၅ ခုနှစ်၌ ကန်ဒေါ်လာ ၄၁၅ ဘီလျံတန်ဖိုးရှိ အစားအသောက် နှင့်
အဖျော်ယမကာများ တင်သွင်းခဲ့ရာ မြန်မာနိုင်ငံသည် အစား အသောက်နှင့်
အဖျော်ယမကာဈေးကွက်တွင် ၀ယ်လိုအားများသည့် ဈေးကွက်အသစ်တစ်ခု ဖြစ်သည်ဟု
ပြပွဲစီစဉ်သည့် ထိုင်းနိုင်ငံအခြေစိုက် ICVEX ကုမ္ပဏီ တာဝန်ရှိသူက ပြောသည်။

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းက လက်လီဈေးကွက်နှင့်
ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲကိုပါ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လက်လီ
လုပ်ငန်းရှင်များ၏ ဈေးကွက်စနစ်၊ နည်းပညာ နှင့် စီမံခန့်ခွဲမှုများကို လေ့လာနိုင်မည်ဖြစ်သည်ဟု
လက်လီရောင်းချသူ များအသင်းမှ ဒုဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ