ငွေကြေးလွှဲပြောင်းမှု ခက်ခဲနေ

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြားကုန် သွယ်မှုတွင် ငွေကြေးလွှဲပြောင်းမှုသည် အဓိကအခက်
အခဲ ဖြစ်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံကုန်သည်များနှင့် စက်မှုလုပ် ငန်းရှင်များအသင်း အတွင်း
ရေးမှူး မစ္စတာ Ketan K Patel က မြန်မာ တိုင်း(မ်)ကို ပြောသည်။

"မြန်မာနဲ့ ကုန်သွယ်မှုမှာ အဓိက အခက်အခဲက မြန်မာနိုင်ငံကို ငွေကြေး တိုက်ရိုက်လွှဲပြောင်းဖို
့ အခက်အခဲ ရှိလို့ စင်ကာပူကနေတစ်ဆင့် ငွေပေး ချေရပြီး သူတို့ကို ငါးရာခိုင်နှုန်းပေးနေရတော့
ကုန်ကျစရိတ်များပါတယ်"ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာလည်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းက အတည်
ပြုလိုက်ပြီဖြစ်ရာ ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်း ရှင်များအတွက် လာမည့်ကာလ
အတွင်းအခွင့်အလမ်းများစွာ ပေါ်ထွက် လာတော့မည် ဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ တွင် နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံ မှုများ၊ စိုက်ပျိုးရေး
နှင့် အခြားပို့ကုန် လုပ်ငန်းများအား လုပ်ကိုင်သွားရန် စိတ်ဝင်စားမှုရှိကြောင်းလည်း မစ္စတာ
Ketan K Patel က ပြောသည်။

ပို့ကုန်ပမာဏကို အဓိကတိုးမြှင့်နေ သော လက်ရှိမြန်မာနိုင်ငံဈေးကွက်တွင် မြန်မာနိုင်ငံ
အနေဖြင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းကဏ္ဍကိုလည်း ပြုပြင် ပြောင်းလဲနေပြီဖြစ်သည်။

"အိန္ဒိယဘက်က ဘဏ်သုံးခုလာဖွင့် ဖို့ ပြင်ဆင်နေတယ်။ United Bank of India အပါ
အ၀င် အိန္ဒိယဘက်က ဘဏ် သုံးခုလာပြီးတော့ ဖွင့်တော့မယ်။ ဒီဘဏ် တွေ လာပြီးဖွင့်
လှစ်ရတဲ့ ရည်ရွယ်ချက် ကလည်း နှစ်နိုင်ငံကုန်သွယ်မှုမှာ ပိုမို အဆင်ပြေစေဖို့အတွက်ပါ"
ဟု ၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ