တိုယိုတာ ကားမော်ဒယ်လ်သစ် မိတ်ဆက်

ဆီဒင်အမျိုးအစား မော်ဒယ်လ်သစ်ဖြစ်သော Toyota Vios ကို ၂၀၁၆ ခုနှစ်
စက်တင်ဘာလ ၂၉ ရက်နေ့မှ စတင်ခါ မြန်မာနိုင်ငံ ဈေးကွက်သို့ မိတ်ဆက်ခဲ့သည်။

သက်သောင့်သက်သာရှိမှုနှင့် အတူ ပြန်လည်ဆန်းသစ်ထားသည့် ကားအပြင်ပိုင်း၊
ပိုမိုမြင့်မားသော စွမ်းဆောင်ရည်တို့နှင့်အတူ အဆင့်မြင့် ဘေးကင်းလုံခြုံရေး အင်္ဂါရပ်များ
ပါဝင်ပြီး ထိုင်းနိုင်ငံက ထုတ်လုပ်ထားသည်။

မော်ဒယ်လ်သစ် ဠငသျ ကို အပြင်ဘက်အရောင် ကိုးမျိုးနှင့် အတွင်းဘက်အရောင်
နှစ်မျိုးရွေးချယ်နိုင်ပြီး ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၇,၇၀၀ မှ စတင်ပြီး အရစ်ကျ
ငွေပေးချေမှု စနစ်ဖြင့်လည်း ၀ယ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါ မော်ဒယ်လ်သစ်ကို တိုယိုတာအမှတ်တံဆိပ် ကားများအား တရားဝင်
တင်သွင်းရောင်းချနေသော Toyota Aye and Sons ကုမ္ပဏီနှင့် Toyota Mingalar
အရောင်း ပြခန်းများတွင် ၀ယ်ယူနိုင်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ