Sony အမှတ်တံဆိပ် HDR အမျိုးအစား တီဗွီများ ဈေးကွက်တွင်း ဖြန့်ချိ

Sony ကော်ပိုရေးရှင်း၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော စင်ကာပူနိုင်ငံအခြေစိုက်
Sony Electronic Asia Pacific ကုမ္ပဏီက နောက်ဆုံးပေါ် Sony 4K High
Dynamic Range ( HDR) TV များကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင်မြန်မာနိုင်ငံ
ဈေးကွက်တွင်း စတင်ဖြန့်ချိခဲ့သည်။

အမျိုးအစား ခြောက်မျိုးခန့် ရရှိနိုင်ပြီး Sony ၏ HDR TV အမျိုးအစားတွင် ထိပ်ဆုံးက
ဦးဆောင်လာမည့် Z9D series ပါဝင်လာသည်။

ထို့ပြင် 4K HDR TV အမျိုးအစားတွင် ဆုရရှိထားသော Full HD များနှင့် ပိုမိုကောင်းမွန်သော
  Full HD တီဗွီများလည်း ရရှိနိုင်မည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ