နစ်ဆန်း မော်ဒယ်သစ် မြန်မာပြည်ဈေးကွက်သို့ မကြာမီ မိတ်ဆက်မည်

 

နစ်ဆန်းအမှတ်တံဆိပ် ကားများကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်းကိုယ်စားလှယ်ယူ
ဖြန့်ချိပေးနေသော Tan Chong Motor (မြန်မာ) ကုမ္ပဏီမှ ကမ္ဘာ့အရောင်းရဆုံး
ဆီဒင်အမျိုးအစား နစ်ဆန်းကားများကို ယခုလအတွင်း မြန်မာနိုင်ငံတွင် စတင်
မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဈေးကွက်သို့ တရားဝင် ဖြန့်ဖြူးခြင်းမပြုမီ နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ
မြန်မာပလာဇာတွင် အများပြည်သူသို့ ပြသသွားမည်ဖြစ်ပြီး အထူးအခွင့်အရေးအဖြစ်
ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၁၅,၉၈၈ မှ စတင်မည်ဖြစ်သည်။နစ်ဆန်း မော်ဒယ်သစ်
သည် ၁ ဒသမ ၅လီတာ အင်ဂျင်အမျိုးအစားဖြစ်ပြီး 1.5 L SL (ALT) ၊ 1.5L SV (AT) နှင့်
1.5L(MT) ဟူ၍ အမျိုးအစား သုံးမျိုးရှိပြီး အရောင်လေးမျိုး ရွေးချယ်နိုင်မည်ဖြစ်ကာ
စိတ်ပါဝင်စားသူများအနေဖြင့် ဝယ်ယူရန် ကြိုတင် မှာကြားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ