ရွှေဈေးနှုန်း ပြန်လည်ကျဆင်း

ပြည်တွင်းအကယ်ဒမီ မီးလင်းအခေါက် ရွှေဈေးသည် နိုဝင်ဘာ ၃၀ ရက်တွင်
ကျပ် ၈၆၁,၅၀၀ နှုန်း ပေါက်ဈေးရှိပြီး ဈေးနှုန်းပြန်လည် ကျဆင်းလျက်ရှိကြောင်း
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ထိုသို့ ကျဆင်းရခြင်းမှာ အမေရိကန် ဒေါ်လာဈေး ကျဆင်းခြင်းကြောင့် ရွှေဈေးနှုန်းပါ
လိုက်ပါကျဆင်းခြင်းဖြစ်ကြောင်း၊ နိုဝင် ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပြင်ပဈေးကွက်၌
အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁,၃၆၅ ကျပ် ရှိပြီး မွန်းလွဲပိုင်းတွင် ၁,၃၅၅ ကျပ်ဖြင့်
ဈေးနှုန်းပြန်လည် ကျဆင်းလာခဲ့ သည်။

လွန်ခဲ့သော တစ်ပတ် အကယ်ဒမီ မီးလင်းအခေါက် ရွှေတစ်ကျပ်သားလျှင်
ကျပ် ၈၇၂,၀၀၀ ရှိခဲ့ရာတစ်ပတ်အတွင်း ရွှေဈေး ၁၀,၀၀၀ ကျော် ပြန်လည်
ကျဆင်းခဲ့ သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ