သစ်တောထွက်ပစ္စည်း တန်ဖိုးမြင့်ထုတ်ကုန် ပြည်ပတင်ပို့မှု မရှိသလောက် ဖြစ်ဟုဆို

မြန်မာနိုင်ငံ၏ သစ်တောထွက်ပစ္စည်း တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်တင်ပို့မှုသည်
မရှိသလောက် နည်းပါးနေကြောင်း မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ
အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကျွန်တော်တို့အနေနဲ့ သစ်တောထွက် ပစ္စည်းကို သင်္ဘောဆိပ်ကတစ်ဆင့် ကွန်တိန်နာနဲ့
တင်ပို့နေတာ ရှိပါတယ်။ ဒါပေမဲ့ ပရိ ဘောဂလုပ်ငန်းကို နှိုင်းယှဉ်မယ် ဆိုလို့ရှိ ရင် တစ်နှစ်ကို
ကန်ဒေါ်လာ ၁၁ သန်းပဲ တင်ပို့နိုင်ခြင်း ရှိပါတယ်။ ထိုင်းနိုင်ငံဟာ ဒေါ်လာသန်းပေါင်း ၁,၀၀၀ ကျော်
တင်ပို့ နိုင်ပြီး အင်ဒိုနီးရှားနိုင်ငံဟာ သန်းပေါင်း ၁,၈၀၀ ကျော်၊ မလေးရှားနိုင်ငံက ဒေါ်လာသန်းပေါင်း
၂,၅၀၀၊ ဗီယက်နမ်နိုင်ငံဟာ သန်း ပေါင်း ၆,၉၀၀၊ တရုတ်နိုင်ငံဟာ ဒေါ်လာသန်းပေါင်း ၉၈,၀၀၀ ကျော်
တင်ပို့ နေတာ ရှိပါတယ်။ အဲဒါကြောင့် ပရိဘောဂ ကဏ္ဍမှာ ပို့ကုန် လုပ်ဖို့အတွက် မြန်မာနိုင်ငံဟာ
အဆပေါင်းများစွာ နေရာကျန် နေသေး တာ တွေ့ရပါတယ်" ဟု ၎င်းက ဆွေးနွေးပွဲ တွင် တင်ပြခဲ့သည်။

မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်း ချုပ်မှ လုပ်ငန်းရှင်များနှင့် ဒုတိယသမ္မတ ဦးမြင့်ဆွေတို့
ဒီဇင်ဘာ ၁ ရက်က တွေ့ဆုံ ခဲ့သည့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင်လည်း
မြန်မာနိုင်ငံတွင် ပရိဘောဂကဏ္ဍကို နှစ်ပေါင်း ၂၅ နှစ်ကျော် အားမပေးခဲ့ခြင်းကြောင့် ၂၀၁၅ ခုနှစ်က
ပြည်ပတင်ပို့မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၁၁ သန်းမျှသာ ရှိခဲ့ကြောင်း ပြောခဲ့သည်။

တန်ဖိုးမြင့်သည့် ထုတ်ကုန်များ ထုတ် လုပ်ပြီး ပြည်ပတင်ပို့ ရောင်းချနိုင်ခဲ့ခြင်း မရှိသည့်အတွက်
လုပ်ငန်းရှင်များ အခက် အခဲများ ရှိခဲ့ပြီး ပရိဘောဂ လုပ်နိုင်သော တန်ဖိုးနည်းသစ်များကို
ပရိဘောဂ ပြုလုပ် ပြီး ရောင်းခွင့်ပေးပါက အိမ်နီးချင်းနိုင်ငံ များကဲ့သို့ ဒေါ်လာသန်းထောင်ချီ
ရှာဖွေ နိုင်သော ကဏ္ဍဖြစ်လာနိုင်ကြောင်းလည်း ဦးကျော်ကျော်ဝင်းက ဆွေးနွေးပွဲတွင် တင်ပြခဲ့သည်။

"၂၀၀၆ ခုနှစ်ခန့်က ပရိဘောဂစက်ရုံ ပေါင်း ၃၀ နီးပါး ရှိခဲ့ရာက အခုဆိုရင် သုံးရုံ လောက်ပဲ
ရှိတော့တယ်။ ပြည်တွင်းဈေး ကွက်ဆိုရင်လည်း ပြည်ပ တင်သွင်းလာတဲ့ အထူးသဖြင့်
တရုတ်တို့ ယိုးဒယားတို့က ပရိဘောကတွေကိုပဲ အချောကိုင်ပြီး ပြည်တွင်းမှာ ဖြန့်နေရတယ်။
ပြည်တွင်းထုတ်လုပ်မှု လိုအပ်တဲ့ ကုန်ကြမ်းတင်သွင်းတာမှာလည်း အကောက်ခွန်က
၁၅ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန်က ၅ ရာခိုင်နှုန်းနဲ့ ၀င်ငွေခွန် က ၂ ရာခိုင်နှုန်းပေးရပြန်
တယ်"ဟုလည်း ဦးကျော်ဝင်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ