ယခုနှစ် ပြည်တွင်းပုလဲရောင်းချပွဲတွင် ယခင်နှစ်ထက် ပိုမိုရောင်းချခဲ့ရ

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ မှ ၂၃ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် (၃၅)ကြိမ်မြောက်
ပြည်တွင်းပုလဲရောင်းချပွဲတွင် ယခင်နှစ်ထက် ပိုမိုရောင်းချခဲ့ရကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်
ရောင်းချဖြန့်ဖြူးရေးဌာန၊ ဌာနခွဲမှူး ဒေါ်မြမြ၀င်းက ပြောသည်။

ယခုနှစ်တွင် ပုလဲအတွဲစုစုပေါင်း ၄၀၆ တွဲအနက် ၃၅၈ တွဲကို ရောင်းချခဲ့ရပြီး ရောင်းရငွေကျပ်
၂၆၀၅ သန်း ကျော်ရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်က ပုလဲအတွဲစုစုပေါင်း ၃၇၆ တွဲအနက် ၃၄၇ တွဲ
ရောင်းချခဲ့ရကာ ကျပ်သန်းပေါင်း ၁၇၄၄ သန်းကျော်သာ ရရှိခဲ့သည်ဟု ၄င်းက ပြောသည်။

“ပြန်လည်ပြုပြင်ထားတဲ့ အဆင့်နိမ့်ပုလဲအတွဲတွေဆိုရင် အားလုံး ရောင်းချရခဲ့ပါတယ်၊ အခုပွဲက
နိုင်ငံခြားငွေ ဈေးကွက်က မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ မြန်မာကျပ်ငွေနဲ့ တင်ပြရောင်းချခဲ့တဲ့
အတွက်ကြောင့် အရမ်းကို ရောင်းအားလည်းကောင်းပြီး ထူးထူးခြားခြား အောင်မြင်မှုရရှိခဲ့တဲ့
ပွဲလေးတစ်ပွဲလည်းဖြစ်ပါတယ်” ဟု ဒေါ်မြမြ၀င်းက ပြောသည်။

ရောင်းချရသည့် တင်ဒါအောင်မြင်မှုအနေဖြင့် အခြေခံကြမ်းခင်းဈေးမှာ ၁၀၄ရာခိုင်နှုန်းရှိပြီး
ပုလဲအတွဲပေါင်း ၄၀၆ တွဲတွင် ၃၅၈ တွဲအနေဖြင့် ရရှိခဲ့သည့် ရာခိုင်နှုန်းအားဖြင့် ၅၃ရာခိုင်နှုန်း ရှိသည်။

ရောင်းချရသည့် တင်ဒါအောင်မြင်မှုအနေနဲ့ ပိုမိုရရှိတဲ့ ရာခိုင်နှုန်းမှာဆိုရင် မြန်မာ့ပုလဲအနေနဲ့
အခြေခံကြမ်းခင်းဈေးမှာ ၁၀၄ရာခိုင်နှုန်းရှိပြီး စုစုပေါင်း ၄၀၆တွဲမှာ ၃၅၈ တွဲအနေနဲ့ ရရှိခဲ့သည့်
ရာခိုင်နှုန်းကတော့ ၅၃ ရာခိုင်နှုန်း ဖြစ်သည်။

“ဒီနှစ်ကတော့ မြန်မာ့ပုလဲအလုံးရေက ၈၄၀၀၀ ကျော်ပဲ ရှိပါတယ်၊ မနှစ်ကတုန်းကတော့
စုစုပေါင်းအတွဲက ကုမ္ပဏီတွေရော၊ မြန်မာ့ပုလဲရောင်းဝယ်ရေးလုပ်ငန်းရော ပေါင်းရင် ၃၇၆ တွဲမှာ
၃၄၇ တွဲ ရောင်းချရတယ်၊ ဒီနှစ်မှာတော့ ၄၀၆ တွဲမှာ ၃၅၈ တွဲ ရောင်းချခဲ့ရပါတယ်” ဟု ဌာနခွဲမှူး
ဒေါ်မြမြ၀င်းက ပြောသည်။

(၃၅)ကြိမ်မြောက် မြန်မာ့ပုလဲရောင်းချပွဲသို့ ကုမ္ပဏီအဖွဲ့ပေါင်း ၅၆ ရှိ ရတနာကုန်သည်ဦးရေ
တစ်ရာကျော် တက်ရောက်ခဲ့သည်။

“တင်ပြရတဲ့ ပုလဲအတွဲ စုစုပေါင်းအပေါ်မှာ ရောင်းချရတဲ့ အတွဲရာခိုင်နှုန်းကတော့ ၈၈ ရာခိုင်နှုန်း
အောင်မြင်ပါတယ်” ဟု ၄င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ