Monday, April 24, 2017

သင်္ကြန်ကာလ စက်သုံးဆီဈေးနှုန်း မြင့်တက် မည်မဟုတ်ဟု အသင်းတာဝန်ရှိသူ ကတိပေး

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ ဥာဏ်ဇေထက် / မြန်မာတိုင်း(မ်)ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ ဥာဏ်ဇေထက် / မြန်မာတိုင်း(မ်)

သင်္ကြန်ကာလအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းရှိမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ
စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း အတွင်းရေးမှူးဒေါက်တာဝင်းမြင့်က ကတိပေး
ပြောကြားလိုက်သည်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း၏ ဆောင်ရွက်နေမှုဆိုင်ရာအခြေ
အနေများကို မီဒီယာများသို့ ရှင်းလင်းသည့်အခမ်းအနားတစ်ရပ်ကို ဧပြီ ၅ ရက်က မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရှိ အသင်းရုံးခန်းတွင်ကျင်းပခဲ့ကာ
ပြောခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့ အသင်းသားတွေအားလုံး ဆွေးနွေးပြီးဖြစ်ပါတယ်။ သင်္ကြန်တွင်းမို့လို့ ဆီဈေးနှုန်း
တင်တာမျိုးကို ကျွန်တော်တို့ လုပ်သွားမှာမဟုတ်ပါဘူး။ ပုံမှန်အတိုင်းဖြစ်ပေါ်တဲ့ နိုင်ငံတကာဈေး
နှုန်းအတိုင်းကိုပဲ ရောင်းချပေးဖို့ အစည်းအဝေးခေါ်ပြီး ညှိနှိုင်းထားပါတယ်''ဟု ဒေါက်တာဝင်းမြင့်
က ပြောသည်။

ပြီးခဲ့သည့်တစ်ပတ်အတွင်းက သင်္ကြန်အတွင်း စက်သုံးဈေးနှုန်းများ မြင့်တက်နိုင်သည်ဟူသည့်
စကားများ ဈေးကွက်အတွင်းဖြစ်ပေါ်ခဲ့ခြင်းနှင့်စပ်လျဉ်းကာ မီဒီယာများ၏ မေးမြန်းမှုအပေါ်
ဒေါက်တာဝင်းမြင့်က ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီအရည်အသွေးနှင့် အချင်အတွယ်ဆိုင်ရာ
တစ်ပြေးညီ ဖြစ်လာရေးအတွက်လည်း လာမည့်လမှစတင်ကာ ဆောင်ရွက်သွားတော့မည်ဖြစ်
သည်ဟု ၄င်းကဆက်လက်ပြောသည်။

''ကျွန်တော်တို့မှာ ဓာတ်ဆီဓာတ်ခွဲစမ်းသပ်နိုင်တဲ့ ဓာတ်ခွဲခန်းတစ်ခုလည်း ရှိထားပြီးပါပြီ။ ဆိုတော့
ဆီအရည်အသွေးနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ ရောင်းချနေတဲ့အတိုင်း စံနှုန်းမီရောင်းချနိုင်ဖို့
ဆိုင်တွေကိုစစ်ဆေးတာကိုလည်း တစ်လလောက်အတွင်းမှာ ဆောင်ရွက်သွားတော့မှာ ဖြစ်ပါ
တယ်။ စတင်ပြီး တစ်လလောက်အတွင်းမှာတော့ ရန်ကုန်ကဆိုင်တွေကို အားလုံးတစ်ပြေးညီ
ဖြစ်လာအောင် လုပ်သွားမှာပါ''ဟု ၄င်းက ပြောသည်။

ထိုကဲ့သို့ စမ်းသပ်စစ်ဆေးပြီးနောက် လအနည်းငယ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
တစ်ပြေးညီ ဖြစ်လာရေးအတွက်လည်း ဆောင်ရွက်သွားမည်သည်ဟု ၄င်းက ဆက်လက်
ပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေးကွက်အတွင်း ရန်ကုန်နှင့် နယ်ဒေသများအတွင်း အချင်အတွယ်
ကွာခြားမှု၊ ဆီအရည်အသွေး ကွာခြားမှုဆိုင်ရာများနှင့်စပ်လျဉ်း၍ ဝယ်ယူသူကလည်း ဝေဖန်မှုများ
ရှိနေသဖြင့် အကောင်းဆုံးဖြစ်ရန် ကြိုးစားဆောင်ရွက်သွားမည်ဟုလည်း ၄င်းက ပြောသည်။

လက်ရှိ ဧပြီ ၅ ရက်တွင် စက်သုံးဆီတစ်လီတာလက်လီဈေးနှုန်းအား ဒီဇယ် ၆၇ဝ မှ ၇ဝ၅ ကျပ်
အကြား၊ အဆင့်မြင့်ဒီဇယ် ၆၉ဝ မှ ၇၂ဝ ကျပ်အကြား၊ ဓာတ်ဆီ Ron ၉၂ ၆၈ဝ ကျပ်မှ ၆၈၅ ကျပ်
အကြားနှင့် ဓာတ်ဆီ Ron ၉၅ ၇၂ဝ ကျပ် ဈေးနှုန်းများဖြင့် ရောင်းချနေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ