ဘဏ္ဍာနှစ်သစ် တစ်လအတွင်း လုပ်ငန်း ၃၆ ခုကို ရင်းနှီးမြှုပ်နှံမှု ဥပဒေဟောင်းဖြင့် ခွင့်ပြု

ယခုဘဏ္ဍာနှစ်သစ် တစ်လအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၆ ခုကို ခွင့်ပြုထားသော်လည်း 
ယခင် ဥပဒေဟောင်းများအရသာ ခွင့်ပြုထားသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်
အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ယခု ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်အစမှ
လက်ရှိအချိန်အထိ ကာလအတွင်း နိုင်ငံခြား လုပ်ငန်း ၂၄ ခုနှင့် မြန်မာနိုင်ငံသားလုပ်ငန်း
၁၄ ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ခွင့်ပြုချက်အရ နိုင်ငံခြားသားလုပ်ငန်းများမှ ကန်ဒေါ်လာ ၆၅၆ ဒသမ ၂၇၇ သန်း
မြှုပ်နှံမှုရှိထားကာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများမှ ကန်ဒေါ်လာ ၁၈၆ သန်းကျော်နှင့်
ကျပ်ငွေ ၃၆၆ ဘီလျံကျော် ရှိထားသည်ဟု ၄င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ