စွမ်းအင်မူဝါဒအတွက် သဘောထားမှတ်ချက်များ တောင်းခံထား

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ရှိ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်တစ်ခုကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ – မြန်မာတိုင်း(မ်)မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ရှိ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်တစ်ခုကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ – မြန်မာတိုင်း(မ်)

စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍနှစ်ခု ပေါင်းထားသည့် မူဝါဒကို အမြန်ဆုံး ထုတ်ပြန်နိုင်ရေး
အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ၏ 
သဘောထားမှတ်ချက်များ တောင်းခံထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ 
ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

''ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့တွေအားလုံးကို ကျွန်တော်တို့ချမှတ်မယ့် မူဝါဒနဲ့ပတ်သက်ပြီး
တော့ ပြင်ဦးမလား။ ဘာသဘောထား ပေးချင်သေးလဲ။ သဘောထားမှတ်ချက်တွေတောင်း
နေတယ်။ အဲဒါတွေ စုစည်းပြီးရင်တော့ ထုတ်ပြန်ဖို့ရှိပါတယ်''ဟု ၄င်းက ပြောသည်။

ယခင်က စွမ်းအင်မူဝါဒနှင့် လျှပ်စစ်မူဝါဒဟူ၍ သတ်သတ်စီရှိပြီး ယခုအစိုးရလက်ထက်တွင်
ဝန်ကြီးဌာနနှစ်ခု ပေါင်းလိုက်ခြင်းဖြစ်ရာ မူဝါဒကိုလည်း နှစ်ခုပေါင်းရန် လုပ်ဆောင်ခြင်းဖြစ်
သည်ဟု သိရသည်။

မူဝါဒကို အမြန်ဆုံးထုတ်ပြန်နိုင်ရန်စီစဉ်နေပြီး လက်ရှိတွင် ဆွေးနွေးနေဆဲသာဖြစ်ရာ
မည်သည့်မူဝါဒအချက်များ ပါဝင်မည်ကို ပြောဆိုနိုင်ခြင်း မရှိသေးဘဲ ထုတ်ပြန်မှသာ
တရားဝင် ကြေညာသွားမည်ဟု ဦးဌေးအောင်က ဆိုသည်။

''ပေါင်းလိုက်တဲ့အတွက် ကောင်းတာပေါ့။ ကျွန်တော်တို့ ထုတ်ပြန်တဲ့အခါကျရင် ပေါ်လွင်
လာမှာပါ။ အမြန်ဆုံးထုတ်ပြန်နိုင်ဖို့ စီစဉ်နေပါတယ်။ သူတို့ဆီက (သက်ဆိုင်ရာဝန်ကြီး
ဌာနနှင့် တိုင်းနဲ့ ပြည်နယ်အစိုးရ) ပြန်ကြားတဲ့အပေါ်မူတည်ပြီး အခုတချို့လည်း ပြန်ကြား
နေပါပြီ။ ကျွန်တော်တို့ အဲဒါတွေ စုပေါင်းပြီး ပြန်ပြီးနှိုင်းယှဉ်ကြည့်ရမှာပေါ့''ဟု ၄င်းက
ပြောသည်။

အဆိုပါ စွမ်းအင်မူဝါဒထဲတွင် စွမ်းအင်ချွေတာရေးနှင့် မည်သည့်စွမ်းအင်ကို ဦးစားပေး
အသုံးချမည် စသည့်အချက်များအပါအဝင် မြန်မာ့စွမ်းအင်မူဝါဒ ၁ဝ ချက် ချမှတ်ရေးဆွဲထား
သည်ဟု ပြီးခဲ့သော ရက်သတ္တပတ်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်
ဆိုင်ရာဖိုရမ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်၏
ပြောဆိုမှုကို ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြထားသည်။

အဆိုပါမူဝါဒတွင် ရေအားလျှပ်စစ်ကို နံပါတ်(၁) ဦးစားပေး အသုံးချရန် စီစဉ်ထားပြီး
သဘာဝဓာတ်ငွေ့၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အစဉ်လိုက် ဦးစားပေးအသုံးချကာ
ကျောက်မီးသွေးကို နောက်ဆုံးမှ မဖြစ်မနေ အသုံးချရန် သတ်မှတ်ထားကြောင်း ၄င်းက
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ