နိုင်ငံတွင်း မွေးမြူရေးကဏ္ဍရှိ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ခံသွားမည်

ရန်ကုန်မြို့တွင်းရှိ ၀က်မွေးမြူရေးခြံတစ်ခုရှိ ၀က်သားပေါက်များကို တွေ့ရစဉ် ။ (အေးဇော်မျိုး / မြန်မာတိုင်း(မ်))ရန်ကုန်မြို့တွင်းရှိ ၀က်မွေးမြူရေးခြံတစ်ခုရှိ ၀က်သားပေါက်များကို တွေ့ရစဉ် ။ (အေးဇော်မျိုး / မြန်မာတိုင်း(မ်))

မွေးမြူရေးကဏ္ဍတွင် တိရစ္ဆာန်အစာ ဈေးနှုန်းများကြီးမြင့်မှုနှင့် တင်သွင်းမှုကို ထိန်းညှိနိုင်ရန်
အတွက် မွေးမြူရေးကဏ္ဍ တစ်ခုလုံးရှိ အသား၊ ငါးမွေးမြူသည့် ကောင်ရေနှင့် လိုအပ်သည့်
အစာတန် ချိန်ပမာဏကိုသိရှိရန် တစ်နိုင်ငံလုံးရှိ မွေးမြူကဏ္ဍတွင် မွေးမြူလျက်ရှိသော
အကောင်အရေအတွက်ကို ပထမဆုံး အကြိမ်အဖြစ် ကောက်ယူသင့်ကြောင်း နိုဝင်ဘာလ
အတွင်းပြုလုပ်သော ၀န်ကြီးအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်
ရေးဝန်ကြီး ဌာနဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း က ပြောသည်။

"တစ်နိုင်ငံလုံးမှာရှိတဲ့ အသားရော၊ ငါးပါ မွေးမြူတဲ့ကောင်ရေနဲ့ လိုအပ်တဲ့ အစာ တန်ချိန်
ပမာဏကိုသိရရင် အစာ အမယ်တချို့တင်ပို့မှုကို စီးပွားကူးသန်း ၀န်ကြီးဌာနအနေနဲ့
ထိန်းညှိပေးနိုင် မယ်" ဟု ၎င်းက ပြောသည်။

လတ်တလောတွင် စီးပွားဖြစ်မွေးမြူ သည့် ကြက်၊ ၀က်၊ နို့စားနွား၊ မွေးမြူ ရေးငါးကန်နှင့်
ပုဇွန်ကန်များမှ ကိန်း ဂဏန်းများကောက်ယူပြီး တိရစ္ဆာန် တစ်မျိုးခြင်း၏ စားသုံးသည့်
ကုန်ကြမ်း အမယ်အလိုက် တွက်ချက်ကာ အစာ လိုအပ်ချက်ကိုရရှိလာပါက သက်ဆိုင်
ရာဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန် အစာ ထုတ်လုပ်
ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌဦးအုန်းလွင်က ပြောသည်။

"ကဏ္ဍအလိုက်မွေးမြူတဲ့ကောင်ရေနဲ့ အစာကုန်ကြမ်းပမာဏကို ရဖို့အတွက် အဖွဲ့လေးဖွဲ့
ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်"ဟု ၎င်းက ပြောသည်။

အဆိုပါအသင်း၏ အထွေထွေ အတွင်းရေးမှူးဒေါက်တာသက်မှူးက အစာဈေးနှုန်းများမှာ
တစ်နှစ်ထက် တစ်နှစ်တက်ရိပ်ပြလျက်ရှိပြီး ဈေးနှုန်း များမှာလည်း အရည်အသွေးကို
အခြေ မခံပဲ ပြန်ကျဈေးကိုသာ အခြေခံကာ ဈေးကွက်ပျက်နေခြင်း ဖြစ်ကြောင်း ပြောသည်။

"မွေးမြူရေးထွက်ကုန်ထုတ်လုပ်မှု မှာ အစာမပါရင် အလုပ်မဖြစ်ဘူး။ အခုက ပဲဖတ်ဈေးပေါ်
မူတည်ပြီး အခြားအစာ ဈေးနှုန်းတွေကလည်း လိုက်တက်လာ တာဆိုတော့ မွေးတဲ့သူတွေ
လည်း မကိုက် တော့ဘူး။ ထိန်းညှိဖို့ လိုအပ်နေပြီ။ တကယ်တမ်းက ပဲဖတ်ဆိုရင် ဈေးနှုန်း
က ပရိုတင်းပါဝင်မှုပေါ်ပဲ အခြေခံပြီး ဆုံးဖြတ်သင့်တယ်။ အခုက အရည် အသွေးကို အခြေ
မခံတော့ဘူး" ဟု ၎င်းက ပြောသည်။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက ပဲဖတ် တစ်ပိဿာလျှင် ကျပ် ၇၉၀ ရှိရာမှ ၂၀၁၂ တွင် ၁,၁၅၀
အထိ မြင့်တက်လာခဲ့ပြီး ပြောင်းဆန်မှာ တစ်ပိဿာလျှင် ကျပ် ၃၀၀ မှ ၂၀၁၂ ခုနှစ်တွင်
၄၂၀ အထိ ဈေးတက်လာခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ