Thursday, 23 October 2014

စက်မှုလုပ်ငန်းသို့ လျှပ်စစ်ပေးဝေမှု ဇန်န၀ါရီလတွင် စတင်လျှော့ချမည်

လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်း
များအတွက် ဓာတ်အားဖြန့်ဝေမှုကို အလှည့်ကျဖြတ်တောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်
မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဇင်ဘာ ၃၀ ရက်နေ့က
ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုကဲ့သို့ လျှပ်စစ်ဓာတ်အားပေးဝေမှု လျှော့ချခြင်းကို ရန်ကုန်တိုင်းဒေသကြီး တွင် ယခုလ
အတွင်းမှသာ စတင်ပြုလုပ် ခြင်းဖြစ်သော်လည်း ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်မူ
ဒီဇင်ဘာလမှ စတင်ခါ လျှပ်စစ်ဓာတ်အားပေးဝေမှုကို လျှော့ချခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက
ပြောသည်။

"ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စက်မှုလုပ်ငန်းတွေကို
စပြီး မီးဖြတ်မှာပါ။ ပထမဆုံးအနေနဲ့ ရပ်ကွက်တွေထဲမှာရှိ တဲ့ စက်မှုလုပ်ငန်းတွေကို အရင်ဖြတ်
မယ်။ ပြီးရင် အစိုးရစက်ရုံတွေကို ဖြတ်ပြီး တတိယအနေနဲ့တော့ စက်မှုဇုန်တွေကိုပါ မီးဖြတ်
သွားမှာပါ" ဟု ၎င်းက ပြောသည်။

ဇန်န၀ါရီလအတွင်း အဆိုပါဓာတ် အားဖြတ်တောက်မှုကို ညနေ ၄ နာရီမှ ည ၁၁ နာရီထိ
သတ်မှတ်ထားပြီး  ယင်း အချိန်ကာလကို လုပ်ငန်းလည်ပတ်ခွင့် မပြုသည့် အချိန်အဖြစ်
သတ်မှတ်ထား ခြင်းဖြစ်ရာ ထိုသို့ပြုလုပ်ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးက လျှပ်စစ်
ဓာတ်အားသုံးစွဲမှု ၂,၀၀၀ မဂ္ဂါဝပ်လျှော့၍ သုံးစွဲပေးရာရောက်ကြောင်း ဦးအောင်ခိုင်က
ပြောသည်။

လျှပ်စစ်ဓာတ်အားကို ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျေက်မီးသွေးတို့မှ ထုတ်လုပ်ကာ
တစ်နိုင်ငံလုံးအတွက် ဓာတ်အားဖြန့်ဝေလျက်ရှိပြီး ဒီဇင်ဘာ လတွင် တစ်နာရီ  ၃၀,၉၅၇
မဂ္ဂါဝပ်ထုတ် လုပ်နိုင်ခဲ့ရာမှ ဇန်န၀ါရီလတွင်  ထုတ်လုပ်မှုမှာ တစ်နာရီ မဂ္ဂါဝပ် ၃၀,၀၂၅ သို့
ကျဆင်းခဲ့သည်။ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာလည်း ဒီဇင်ဘာလတွင်
၃၃,၉၆၃ မဂ္ဂါဝပ်ရှိခဲ့ရာမှ ဇန်န၀ါရီလတွင် ၃၆,၅၀၀ မဂ္ဂါဝပ်သို့ မြင့်တက်လာသောကြောင့်
၆,၄၇၅ မဂ္ဂါဝပ် လျှော့ချသုံးစွဲရန် လိုအပ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

"နှစ်စဉ်ဇန်န၀ါရီလကနေ ဇွန်လ အထိကာလက လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်တက်ဆုံး
ကာလပါ။ အဲဒီအချိန်မှာ ရေအားလျှပ်စစ်ကလည်း ထုတ်လုပ်မှု ကျဆင်းပြီး သုံးစွဲမှုကလည်း
မြင့်တက်တဲ့ အချိန်နဲ့ကြုံသွားလို့ အခုလို မလောက်ငမှုတွေ ဖြစ်တာပါ။ ဖေဖော်ဝါရီလမှာ
လည်း ဒီထက်သုံးစွဲမှုပိုလာရင် ပိုဖြတ်သွားမှာပါ"ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီတာ အလုံးရေကိုးသိန်းရှိပြီး နွေရာသီတွင် တစ်နိုင်ငံလုံး
အနေဖြင့် ဓာတ်အားလိုအပ်ချက်မှာ ၂,၀၆၀ မဂ္ဂါဝပ် ဖြစ်သော်လည်း ရေအား၊ ဓာတ်ငွေ့နှင့်
ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်နိုင်မှုမှာ ၁,၅၅၁ မဂ္ဂါဝပ်သာရှိခြင်းကြောင့်
တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၇၅ ရာခိုင်နှုန်းကိုသာ လျှပ်စစ်ဓာတ်အားပေးနိုင်ခြင်းဖြစ်ကြောင်း
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ တရားဝင် သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြသည်။

၂၀၁၃ နွေရာသီတွင် ဓာတ်အားလိုအပ်ချက်ကိုဖြည့်တင်းပေးရန်အတွက် စက်မှုဇုန်များအား
အချိန်ပိုင်းဓာတ်အားလျှော့ချခြင်း၊ အစိုးရပိုင်စက်ရုံများနှင့် မြစ်ရေတင်စက်များအား ဓာတ်အား
အသုံးများသည့် ညနေ ၅ နာရီမှ  ၁၁ နာရီ အထိ ဓာတ်အားပိတ်ခြင်း၊ စက်မှုလက်မှုလုပ်ငန်း
များမရှိသည့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ငယ်များအား နေ့ဘက်တွင် ဓာတ်အား
ပိတ်ပြီး ညနေ ၅ နာရီမှ ၁၁ နာရီအထိ ဦးစားပေးဓာတ်အားပေးခြင်းတို့ကို ဆောင်ရွက်သွား
မည်ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေး၊ ပြည်၊ မကွေး၊ ပဲခူးမြို့များတွင် တစ်မဂ္ဂါဝပ် မီးစက်များ အသုံးပြုကာ ဓာတ်အားဖြည့်
တင်းပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် သာကေတ၊ ရွာမနှင့် လှော်ကားတို့တွင် ၅၀ မဂ္ဂါဝပ်
Power Plantအသစ်တစ်လုံးထပ်မံတည်ဆောက်နေပြီး Toyo Thai ကလည်း အလုံတွင်
၁၀၀ မဂ္ဂါဝပ် Gas Engine Power Plant တည်ဆောက်ကာ နွေရာသီဓာတ်အား လိုအပ်
ချက်ကိုဖြည့်တင်းရန် စီစဉ်နေကြောင်း  ဦးအောင်ခိုင်က ပြောသည်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း BOT စနစ်ဖြင့် တည်ဆောက်နေသည့် သောက်ရေခပ်
(၂) ရေအားလျှပ်စစ်စက် ရုံမှလည်း ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စပိန်၊ ဂျာမနီ၊ 
ဩစတြေးလျ၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှလည်း စက်များ မှာယူတင်သွင်းကာ ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

"ဒီ Gas Engine စက်တွေကို၂၀၁၃  ခုနှစ်၊ မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ဖို့  သက်ဆိုင်ရာ
ဝန်ကြီးဌာနတွေနဲ့ြှုဃ ကို တင်ပြပြီး အမြန်ဆုံးခွင့်ပြုချက် ရရှိအောင် ဆောင်ရွက်သွားပါမယ်"
ဟု ဦးအောင်ခိုင်က ပြောသည်။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ရေအား
လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားစနစ်သို့ ဓာတ်အားပို့လွှတ်လျက်ရှိသော ရွှေလီ-မန်စံ
၂၃၀ ကေဗီဓာတ်အားလိုင်းတိုင်များ ပျက်စီးခဲ့ရပြီး ရန်ကုန်၊ မန္တလေးနှင့် အချို့သောမြို့များတွင်
လျှပ်စစ်မီးမရရှိမှုကြောင့် ဖယောင်းတိုင်ထွန်းကာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း