Tuesday, 16 September 2014

၁,၃၀၀ စီစီကားများသာ အရောင်းအ၀ယ် အနည်းငယ်ဖြစ်လာ

ဈေးကွက်အတွင်း လူကြိုက်များသည့် ကားအမျိုးအစားများအနက် တစ်ခုဖြစ်သည့် ႊသပသအေ ႀနူအေ ကားတစ်စင်းကို ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်လမ်းပေါ်တွင် တွေ့ရစဉ်။ ကိုတိတ်/မြန်မာတိုင်း(မ်)ဈေးကွက်အတွင်း လူကြိုက်များသည့် ကားအမျိုးအစားများအနက် တစ်ခုဖြစ်သည့် ႊသပသအေ ႀနူအေ ကားတစ်စင်းကို ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်လမ်းပေါ်တွင် တွေ့ရစဉ်။ ကိုတိတ်/မြန်မာတိုင်း(မ်)

ရန်ကုန် ကားဈေးကွက်အတွင်း ဆိပ်ကမ်းရောက်တန်ဖိုး ဒေါ်လာ ၅,၀၀၀ သတ်မှတ်ထားသည့်
၁,၃၀၀ စီစီ ကားများသာ အ၀ယ်များခဲ့ပြီး အရောင်းအ၀ယ်မှာလည်း သိသာစွာပြောင်းလဲမှုမရှိသေး
ကြောင်း ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များက ပြောသည်။

"ကားဈေးကွက်က ပြန်ပြီးမကောင်း သေးဘဲ အရင်လတွေတုန်းက ပုံစံအတိုင်းပါပဲ။ ကားအရောင်းပြ
ခန်းတွေတွင်မဟုတ်ဘဲ အပြင်ကားဈေးကွက်ထဲမှာလည်း ဒီအတိုင်းဖြစ်နေတာ တော်တော်ကြာနေပါ
ပြီ။ ကားဈေးတွေကျတယ်ဆို လို့ နယ်က၀ယ်လက်တွေ အဆင်းများမယ်လို့ ထင်ထားပေမယ့်လည်း
တကယ်တမ်းကျတော့ သိပ်မလာကြဘူး။ အခု လက်ရှိဈေးကွက်ထဲမှာ ၀ယ်ထားတဲ့သူတွေကလည်း
ဈေးကျမယ်ဆိုတာကို သိနေတော့ ငွေတွေ အရမ်းနစ်နာသွားမလားဆိုပြီး လက်ရှိဝယ်ထားတဲ့ ကား
တွေကို ဒီထက်ဈေးပိုမကျခင် လျှော့ဈေး နဲ့ ပြန်ရောင်းနေရတဲ့အဖြစ် ရောက်နေပြီ"ဟု ကားဝယ်
ရောင်းလုပ်ကိုင်သူ ကိုအုန်းက ပြောသည်။

ကားဈေးကွက်အတွင်း ဆိပ်ကမ်းရောက်တန်ဖိုးအသစ်ထွက်ရှိလာပြီး သော်လည်း အရောင်းအ၀ယ်
မှာ ပြန်လည်ကောင်းမွန်လာခဲ့ခြင်းမရှိသည့်အပြင် ကားအရောင်းပြခန်းများမှလည်း ၀ယ်သူစိတ်ဝင်
စားစေမည့် ကားပြပွဲများ နေရာအနှံ့တွင်ပြုလုပ်ကာ ဈေးလျှော့ ရောင်းချလာသည်ကို တွေ့ရပြီး
ကားပိုင်ရှင်များကလည်း မိမိတို့လက်ဝယ်ရှိ ကားများကိုလည်း ကားအရောင်းပြခန်းမှ နှုန်းထားများ
အောက် ဈေးလျှော့ရောင်းချမှုများရှိလာသည်ကို တွေ့ရကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများက
ပြောသည်။

"ကားဝယ်ထားတဲ့သူရော၊ အရောင်း ပြခန်းတွေပါ အရှုံးခံပြီး ရောင်းမယ်ဆိုရင်တောင် ၀ယ်မယ့်သူ
မရှိဘူး။ ဖရီးပါမစ်နဲ့ တင်သွင်းတဲ့ကားတွေက ဈေးသက်သာ တယ်ပြောလို့ အ၀ယ်လိုက်လာတယ်။
ဒါပေမယ့် တအားအလိုက်ကြီးတော့ မဟုတ်ဘူး" ဟု ကားဝယ်ရောင်း ကိုဦးက ပြောသည်။

ဝယ်သူအများစုအနေဖြင့် မျက်မြင်အခြေအနေဖြင့် စိတ်တိုင်းကျကြည့်ရှု ၀ယ်ယူနိုင်သည့် ပြင်ပဈေး
ကွက်မှ ကားများကိုသာ ၀ယ်ယူရန်ပိုမိုစိတ်ဝင်စားကြကြောင်းလည်း ကားဝယ်ရောင်း လုပ်ကိုင်သူ
များက ပြောသည်။

"ကားဝယ်တဲ့သူတွေက ရှိလို့ဝယ်တဲ့သူ နည်းကြတယ်။ လုပ်ငန်းသုံးဖို့အတွက် ကားဟောင်းရောင်း
လို့ရတဲ့ ငွေကို နောက်ထပ်နည်းနည်းထပ်စိုက်ပြီး သင့်တင့်တဲ့ကားကိုပြန်ဝယ်ပြီးတော့ စီးပွားရှာဖို့
ဝယ်တဲ့သူကများတယ်။ အဲဒီတော့ အင်တာနက်ကနေ ဂျပန်ဈေးကွက်ကိုကြည့်ဖို့ အဆင်မပြေတော့
ဘူး။ ပြည်တွင်းမှာလည်ပတ်နေတဲ့ကားတွေကိုပဲ ၀ယ်ယူကြတယ်။ ဟိုကကားတွေက ဒီကိုမှာရင်
အချိန်ကြာမယ်။ စာရွက်စာတမ်းကိစ္စ တွေ အလုပ်ရှုပ်လာမယ်။ အဲဒီတော့ အလုပ်ရှုပ်မခံတော့ဘူး။
ချက်ချင်းသုံးလို့ ရမယ့်ကားတွေကိုပဲ ၀ယ်ကြတာကများတယ်"ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ
ဦးမင်းညွန့်က ပြောသည်။

ကားဈေးနှုန်းများကျဆင်းနေချိန်တွင် ဈေးကွက်အတွင်း ယခင်ကဈေးနှုန်း ကျပ် သိန်းထောင်ကျော်
တန်ကားများမှာလည်း ၃၀ ရာခိုင်နှုန်းခန့် ဈေးကျဆင်းလာပြီး လက်ဝယ်ရှိသူများမှာလည်း ဆက်
လက်ဈေးကျဆင်းလာပါက ငွေ ကြေးဆုံးရှုံးမှု ပိုမိုများလာမည်ဖြစ်ခြင်း ကြောင့် ရရှိသည့်ဈေးနှုန်းဖြင့်
ပြန်လည် ရောင်းချလာကြောင်းလည်း လုပ်ငန်းရှင်များက ပြောသည်။

"ကားဈေးကွက်က ကြိုက်ရောင်း ကြိုက်ဝယ် ဖြစ်လာပြီ။ ဈေးနှုန်းက တစ်သတ်မတ်တည်း မဟုတ်
တော့တဲ့အတွက် ဈေးကွက်က ပျက်စပြုလာပြီ။ အရောင်းပြခန်းတွေက ကားပွဲစားတန်း ကဈေးတွေ
ကို လှမ်းထောက်တယ်။ ကားပွဲစားတန်းကလူတွေကလည်း အရောင်းပြခန်းရဲ့ အခြေအနေကို
ကြည့်လာကြတယ်။ နောက်တစ်ခုက ဖရီးပါမစ်နဲ့ ပတ်သက်ပြီးတင်သွင်းခွင့်ကို ကန့်သတ်မယ်ဆိုတဲ့
ကောလာဟလတွေက ဖြစ်ခဲ့သေးတယ်" ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကြည်ညွန့်က ပြော
သည်။

ကားဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှုများဖြစ်ပေါ်ခဲ့သော်လည်း စလစ်ဈေးနှုန်းနှင့် အပ်နှံသည့်
ကား ဈေးနှုန်းများသိသာစွာကျဆင်းသွားခြင်းမရှိဘဲ ကျပ်သိန်း ၈၀ ၀န်းကျင်တွင် ဈေးတန့်နေပြီး
အောက်ကားဈေးကွက်မှာမူ ပုံမှန်အနေအထားတွင်သာရှိကာ လာမည့်ရက်ပိုင်းများအတွင်း ဆက်
လက် ဈေးနှုန်းမြင့်တက်ရန် မဖြစ်နိုင်သေးကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများက သုံးသပ်သည်။

ဈေးကွက်အတွင်း လူကြိုက်များသည့် ၁၃၀၀ စီစီကား များဖြစ်သော Toyota Vitz မှာ ၁၁၃ သိန်း၊
Honda Fit မှာ သိန်း ၁၃၀၊ Honda Insight မှာ သိန်း၁၅၀၊ Honda Civic မှာ ၁၆၈ သိန်း၊ Toyota
Corolla Van မှာ ၁၆၅ သိန်းနှင့် Toyota Belta မှာ ၁၄၅ သိန်း ဖြင့် အသီးသီး ပေါက်ဈေးရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း