Friday, 19 September 2014

စီအင်ဂျီ အမြန်ပြောင်းပေးမည်

ယာဉ်အိုယာဉ်ဟောင်းအဖြစ် ပြန်လည်အပ်နှံကာ ဖျက်သိမ်းအစားထိုးထားသော မူလယာဉ်ပိုင်ရှင်
များ၏ အမည် ပေါက်ယာဉ်များတွင် CNG ပြောင်းလဲ တပ်ဆင်အသုံးပြုခွင့်ကို အောက်တိုဘာလ
၂၀၁၁ မှ စတင်လျှောက်ထားခွင့်ပြုခဲ့ရာ နောက်ပိုင်းတွင် တစ်လမှ တစ်လခွဲအတွင်း အပြီးအစီး
ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်
သုံး သဘာဝဓာတ်ငွေ့ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"လက်ရှိမှာ ခရီးသည်တင်ယာဉ်နဲ့ အငှားယာဉ်တွေကို ဦးစားပေးမှာပါ။ နိုဝင်ဘာလဆန်းကတင်တဲ့
သူတွေရနေပြီ။ နောက်ပိုင်း တစ်လနဲ့ တစ်လခွဲကြားမှာ ရပါမယ်"ဟု ၎င်းက ပြောသည်။

အဆိုပါစီမံချက်ကို အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး လာရောက်လျှောက်ထား
သည့်ဦးရေမှာ ဒီဇင်ဘာလတစ်လအတွင်းတွင်ပင် စုစုပေါင်း ကားအစီးရေ ၁,၇၀၀ ၀န်းကျင်ခန့် ရှိ
ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG သဘာဝဓာတ်ငွေ့အရောင်းဆိုင် ပေါင်း ၄၀ ခန့် အချိန်ပြည့်ဖွင့်
လှစ်ထားပြီး အကန့်အသတ်မရှိထည့်နိုင်ကြောင်း လည်း ၎င်းက ပြောသည်။

လုပ်ငန်းလိုင်စင်အလိုက် CNG ပယ်ဖျက်ထားသော စာရင်း ၁၂,၃၅၆ စီးရှိပြီး ခရီးသည်တင်ယာဉ်များ
နှင့် အငှားယာဉ်များကို ပြန်လည်ပေးနေခြင်းဖြစ်ကာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၃ ခုနှစ်၊
ဇန်န၀ါရီလ ၇ ရက်နေ့အထိ ပြောင်းလဲတပ်ဆင်ပြီးသော သဘာဝဓာတ်ငွေ့သုံးမော်တော်ယဉ်
စုစုပေါင်း ၁၃,၂၅၆ စီးရှိပြီ ဖြစ်သည်။

CNG သုံးအငှားယဉ်မောင်းတစ်ဦးက "ကားတွေအကုန်လုံးကို CNG ပြောင်းပြီး ဆိုင်တွေလည်း
လက်ရှိအရေအတွက်ထက်ပိုပြီး ထပ်ချဲ့နိုင်ရင်အတိုင်းထက် အလွန်ပါပဲ။ CNG နဲ့ မောင်းရင်
တစ်ရက် ကို နှစ်ထောင်ဖိုးလောက်ထည့်ပြီး တစ်နေကုန်အောင်မောင်းလို့ ရတယ်။ အဲဒီနှုန်း က
ဓာတ်ဆီလေးဂါလန်စာနဲ့ ညီတယ်" ဟု ပြောသည်။

CNG သုံးမော်တော်ယဉ်ကို အငှားယာဉ်ပြေးဆွဲပါက အုံနာခ တစ်ရက် ကျပ် ၁၅,၀၀၀ ၀န်းကျင်ပေး
ရပြီး ဓာတ်ဆီကားမှာ တစ်ရက် ကျပ် ၁၀,၀၀၀ ၀န်းကျင်ပေးရ သော်လည်း အမြတ်ကျန်ကြောင်း
သို့ရာတွင် ခရီးဝေးငှားပါက CNG မှာ ပဲခူးဝန်းကျင်အထိသာ လိုက်နိုင်ပြီး ဓာတ်ဆီကားများအတွက်
ခရီးဝေးမှာ ပိုမိုအဆင်ပြေကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG သုံးသဘာဝဓာတ်ငွေ့များအတွက် လိုအပ်သော သဘာဝ
ဓာတ်ငွေ့ကို ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့ မြေတို့မှ ထုတ်ယူကာ အရောင်းဆိုင်များတွင်
တစ်လီတာ ၂၇၅ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း