ငါးမွေးမြူရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံငွေများ ပိုမိုလိုအပ်နေ

မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍသည် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားတင် ပို့မှုအခြေအနေ
ကောင်းမွန်ခဲ့သော်လည်း ငါးမွေးမြူရေးလုပ်ငန်းရှင်များမှာ အစာနှင့် ငါးသားပေါက်များ ဈေးတက်
ခဲ့ခြင်းကြောင့် အရှုံးပေါ်ခဲ့သဖြင့် ယခုနှစ်ငါးမွေးမြူရေးကဏ္ဍအတွက် လိုအပ်သည့် ရင်းနှီးငွေဖြစ်
သော ကျပ် ၁၈၀ ဘီလျံ အား ထောက်ပံ့ပေးရန် နိုင်ငံတော်အစိုးရ အဖွဲ့သို့ တင်ပြတောင်းဆို
ထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောသည်။

"ငါးမွေးမြူရေးမှာ ဆုံးရှုံးသွားတဲ့ အရင်းအနှီးတွေကို တွက်ချက်ကြည့်တော့ ငါးကန် ဧကတစ်
သိန်းခွဲလောက်ကို အရင်းထည့်ဖို့က မြန်မာငွေ ၁၈၀ ဘီလျံ လောက်လိုတယ်။  နိုင်ငံတော်
အစိုးရကို တင်ပြသွားမှာပါ" ဟု ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က
ပြောသည်။

ငါးမွေးမြူရေးလုပ်ငန်းအပြင် ပုစွန် လုပ်ငန်းကဏ္ဍအတွက်လည်း  လိုအပ်သည့် ရင်းနှီးငွေကို
တင်ပြတောင်းဆိုခဲ့ ကြောင်း ၎င်းက ပြောသည်။ "ကျွန်တော်တို့ကို ပြည်ထောင်စုဝန်ကြီးဌာနက
ခေါ်ယူတွေ့ဆုံပြီးကတည်း ကစပြီး ကူညီဖြေရှင်းမှုတွေရလာခဲ့တယ်။ နိုင်ငံတော်က မကူညီနိုင်
ခဲ့ရင်လည်း ကူညီထောက်ပံ့ပေးနိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး  အကူ
အညီတွေရအောင် ဇန်န၀ါရီလထဲမှာပဲ နေပြည်တော်မှာ ဆွေးနွေးပွဲလုပ်ဖို့ရှိတယ်။ ၂၂ နိုင်ငံ
လောက်လာကြလိမ့်မယ်။ ဒီဆွေးနွေးပွဲကနေ ကျွန်တော်တို့ ရဲ့ ငါးလုပ်ငန်းအတွက် အကူ
အညီကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရနိုင်မယ်လို့ ယူဆပါတယ်။ ဒီလိုအကူအညီတွေ
ရရင် ၂၀၁၃ မှာ မြန်မာ့ရေလုပ်ငန်းဟာ ပြန်လည်ဦးမော့လာနိုင်မှာပါ"ဟု  ဦးဝင်းကြိုင်က
ပြောသည်။

ငါးလုပ်ငန်းကဏ္ဍတွင် လက်ရှိဘဏ္ဍာနှစ်အတွင်း ထူးခြားမှုအဖြစ် ဒီဇင်ဘာ ၃၀ ရက်နေ့ထိ
နိုင်ငံခြားတင်ပို့မှုမှာ မက်ထရစ်တန် ၂၆၉,၂၉၃ ဒသမ  ၅၄၈ တန်ရှိခဲ့ပြီး အဆိုပါပမာဏမှာ
ပြီးခဲ့သည့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်၏  အလားတူ အချိန်က ပြည်ပတင်ပို့မှုပမာဏဖြစ်သော
၂၆၆,၆၈၂  ဒသမ  ၀၈၄  တန်ထက် ၂,၆၁၁ ဒသမ ၄၆၄ တန် ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း
ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောသည်။

"လုပ်ငန်းပိုင်းက မကောင်းပေမယ့် တင်ပို့မှုတွေကတော့ ရလဒ်ကောင်းတွေ ထွက်ပါတယ်။
ဒါပေမယ့် ဒီတင်ပို့ မှုတွေ က နယ်စပ်တင်ပို့မှုဘက်ကနေများနေ တာကိုတွေ့ရတယ်။Normal
Trade က တော့ တန် ၃၀၀ လောက် လျော့နည်း တာကို တွေ့ရတယ်။ မွေးမြူရေးငါးတွေ
က Normal  Trade ကနေ သွားတာဆိုတော့ ငါးမွေးမြူရေးလုပ်ငန်းက ကျဆင်းတာကိုလည်း
ပြန်မြင်နေရပါ တယ်။ ဒီလို ကျဆင်းနေပေမယ့်လည်း ငွေတန်ဖိုးနဲ့ တင်ပို့မှုက မလျော့ဘူး
ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ကို နိုင်ငံတော်က အကူအညီပေးမယ်ဆိုရင် ငါးလုပ်ငန်း
က အခြေအနေပြန်လည် ကောင်းလာမယ် လို့ မျှော်လင့်ပါတယ်" ဟု ငါးမွေးမြူရေး လုပ်ငန်းရှင်
တစ်ဦးက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ