Wednesday, 22 October 2014

လုပ်ငန်းသုံးကားများ ဈေးကွက်အတွင်း အရောင်းအ၀ယ်လိုက်လာ

ဖေဖော်ဝါရီလ ပထမပတ် ရန်ကုန်မြို့၏ ကားဈေးကွက်အတွင်း နယ်မြို့များမှ ၀ယ်လက်များ အဆင်း
များလာကာ လုပ်ငန်းသုံးကားများကိုသာ ဦးစားပေးကာ ရှာဖွေဝယ်ယူမှုများရှိလာခြင်း ကြောင့် ကား
အရောင်းအ၀ယ် အနည်းငယ်တက်လာခဲ့ကြောင်း ကားဝယ် ရောင်းလုပ်ကိုင်သူများက ပြောသည်။

"ကားပြပွဲတွေက ဇန်န၀ါရီလနောက်ဆုံးပတ်နဲ့ ဖေဖော်ဝါရီပထမပတ်ထဲမှာ ရှိပေမယ့် ဒီတစ်ပတ်ထဲ
မှာ ၀ယ်လက်တွေဆင်းလာတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကဆိုရင် ဈေးကွက်က တန်းနေ
တော့ အလုပ်မဖြစ်ဘူး။ အခုအနေထားက မဆိုးဘူးလို့ပြောလို့ ရတယ်။ ဒီတစ်ပတ်မှာ ကားပြပွဲရှိနေ
တာတောင် ကားသုံးစီး လောက်တော့ အရောင်းဝယ်ဖြစ်ခဲ့သေးတယ်"ဟု ကားဝယ်ရောင်းလုပ်ကိုင်
သူ ကိုဝင်းကိုက ပြောသည်။

ကားဈေးကွက်တွင် အများပြည်သူ နားလည်ရန်ခက်ခဲသည့် ကားတင်သွင်းမှုနှင့် မော်ဒယ်ကွဲပြားမှု
ဆိပ်ကမ်းရောက် တန်ဖိုးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အကောက်ခွန်ဦးစီးက မီဒီယာများမှ
တစ်ဆင့်ရှင်းလင်းပွဲများ ပြုလုပ်ပေးခဲ့ပြီး နောက်ပိုင်း ကားဈေးကွက်အနည်းငယ် ပြန်သွက်လာခဲ့
ကြောင်းလည်း လုပ်ငန်းရှင်များက ပြောသည်။

"အခုဆိုရင် 'ဘ' အက္ခရာကားတွေ အပ်နှံမှုက ၈၅ ရာခိုင်နှုန်းလောက်ပြီး နေပြီလို့ သက်ဆိုင်ရာဌာန
ရဲ့ ထုတ်ပြန်ချက်တွေအရ သိရတယ်။ ကားဈေးကွက်ထဲမှာ လက်ရှိအပ်ခံနေတဲ့'ဘ' အက္ခရာ ကား
က ကျပ် ၈၂ သိန်းဝန်းကျင်လောက်ရှိနေပြီ။ ကျန်တဲ့ အက္ခရာတန်းကားတွေ က သိန်း ၆၀ နဲ့ ၇၀
ဝန်းကျင်လောက်မှာ ရှိတယ်" ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုအောင်ဝင်းက ပြောသည်။

နယ်ဝယ်လက်အများစုအနေဖြင့် ဆီစားသက်သာသည့် ကားများနှင့် လုပ်ငန်းခွင်သုံး လိုက်ထရပ်
ကားများကို ၀ယ်ယူလာကြောင်းလည်း ဈေးကွက်အတွင်းမှ ၀ယ်ရောင်းလုပ်ကိုင်သူများက ပြော
သည်။

"လိုက်ထရပ်ကားတွေထဲမှာ တရုတ်လိုက်ထရပ်ကားတွေ တော်တော်လေး ရောင်းရတယ်။ ကားပြပွဲ
တွေမှာလည်း ကားဈေးနှုန်းတွေ အပြိုင်လျှော့ရောင်းလာတာတွေ့ရတယ်။ ဟိုတစ်နေ့က ဧရာဝတီ
ဘက်က လာဝယ်တဲ့သူတွေဆိုရင် ၅,၂၀၀ စီစီရှိတဲ့ ၁၄ ပေ ဒိုင်နာကို သိန်း ၁၈၀ ၀န်းကျင်နဲ့ ၀ယ်
သွားတယ်။ အရောင်း ပြခန်းတွေနဲ့စာရင် ငါးသိန်းဝန်းကျင် လောက် သက်သာသွားတယ်။ နောက်
တစ်ဦးက ၂,၄၉၇ စီစီရှိတဲ့ Hyundai Porter II ကို ၁၁၅ သိန်းနဲ့ ၀ယ်သွားတယ်။ လုပ်ငန်သုံးကား
တွေ တော်တော်များများဝယ်ကြတာတွေ့ရပြီး မြင်းခြံဘက်ကလာတဲ့သူတွေကတော့ သိန်းတစ်ရာ
ကျော် ၀န်းကျင်ရှိတဲ့ အိမ်စီးကားတွေဝယ်ကြတာတွေတော့ ရှိတယ်။ ပြပွဲမှာပြတဲ့ကား တွေလည်း
အရောင်းပြခန်းကဈေးတွေအောက် အတော်များများ ဈေးလျော့ရောင်းလာတာ တွေ့ရတယ်" ဟု
ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုရန်နောင်က ပြောသည်။

ကားဈေးကွက်အတွင်း ပြီးခဲ့သည့် လဆန်းပိုင်းတွင် ထွက်ပေါ်လာသည့် သတင်းများဖြစ်သည့်
မော်ဒယ်နိမ့် ၂၀၀၆ ခုနှစ်ကားများ ထုတ်ယူခွင့်မပြုဟူသော သတင်းများကြောင့် ဈေးကွက်တွင်းရှိနှင့်
ပြီးသား ၁,၃၀၀ စီစီကားအချို့ကျပ် ၁၀ သိန်းအထက် ဈေးတက်လာကြောင်း လုပ်ငန်းရှင်များက
ပြောသည်။

"နယ်ဝယ်လက်တွေကတော့ လုပ်ငန်းသုံးကားတွေဖြစ်တဲ့ ၁၂ ပေနဲ့ ၁၄ ပေကား တွေ ၀ယ်လာတာ
များတယ်။ ဒီကားတွေက ရန်ကုန်ဘက်မှာ သိပ်ပြီးအသုံးမတည့် ပေမယ့် နယ်ဘက်တွေမှာ ကုန်တင်
ကုန်ချလုပ်ငန်းတွေနဲ့ ဒေသတွင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ တော်တော်လေး အသုံးဝင်
တယ်။ အရင်က ဒီလိုကားမျိုးတွေက ရန်ကုန်အကျ ကားတွေကို ဆေးနဲ့ ဘော်ဒီပြန်ကိုင်ပြီးတော့
သုံးရပေမယ့် အဲဒီအချိန်က တစ်စီးကို ကျပ်သိန်း ၃၀၀ နဲ့ ၄၀၀ ၀န်းကျင်ပေးပြီး ၀ယ်ရတယ်။ ဒါပေမဲ့
အခုဆိုရင် ကျပ်သိန်း ၂၀၀ ၀န်းကျင်နဲ့ အသစ်ဝယ်ယူနိုင်တဲ့ အတွက် နယ်ဝယ်လက်တွေကြောင့်
ကားဈေးကွက်ထဲမှာ ဇိမ်ခံကားတွေနဲ့ စာရင် လုပ်ငန်းသုံးအမျိုးအစားကား တွေက ပိုပြီးအရောင်းဝယ်
ဖြစ်လာခဲ့ပါတယ်" ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုဦးက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း