Monday, 28 July 2014

မြန်မာနိုင်ငံမှ ပေးဆပ်ရန် ကျန်ရှိသော ကြွေးမြီများကို Paris Club အဖွဲ့ဝင် ဥရာပနိုင်ငံများက ထပ်မံလျှော်ပစ်သွားဖွယ်ရှိနေ

မြန်မာနိုင်ငံ၏ ကြွေးမြီရှင်းလင်းမှုအတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့က Paris Club အဖွဲ့ဝင်နိုင်ငံများ
မှ ကိုယ်စားလှယ်များ နှင့်တွေ့ဆုံခဲ့ပြီး တင်ရှိနေသောကြွေးမြီ ၏ ၆၀ ရာခိုင်နှုန်းကို လျှော်ပစ်ခွင့်ရခဲ့
ပြီး နောက်ထပ်ကျန်ရှိနေသော ယင်းအဖွဲ့ဝင် ဥရောပနိုင်ငံများမှလည်း ကြွေးမြီလျှော်ပစ်ခွင့်ကမ်း
လှမ်းလာရန်အလားအလာရှိကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းရှိန်က ဖေဖော်ဝါရီလ ၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော မီဒီယာများနှင့် တွေ့ဆုံပွဲ
တွင် ပြောသည်။

တင်ရှိနေသော ကြွေးမြီအမေရိကန် ဒေါ်လာ ၁၀ ဒသမ ၃၂၇ ဘီလျံအနက် ဂျပန်နှင့် နော်ဝေနှစ်နိုင်ငံ
က ၎င်းတို့ရရန် ကျန်ရှိနေသော ဒေါ်လာ ၅ ဒသမ ၉၂၅ ဘီလျံကို လျှော်ပေးခဲ့ပြီး ကျန်  Paris Club
အဖွဲ့ဝင်ကိုးနိုင်ငံနှင့်လည်း ကြွေးမြီကိစ္စကို နောက်ခြောက်အကြာတွင် ဆက်လက်ဆွေးနွေးရန်ရှိ
ကြောင်း ၀န်ကြီးက ပြောသည်။

Paris Club သည် စီးပွားရေးတောင့်တင်းသော ဥရောပနိုင်ငံအများစု၊ အမေရိကန်၊ ကနေဒါ၊ အာရှမှ
ဩစတြေးလျနှင့် ဂျပန်နိုင်ငံအပါအ၀င် အမြဲတမ်းအဖွဲ့ဝင် စုစုပေါင်း ၁၉ နိုင်ငံမှ ငွေကြေးဆိုင်ရာတာ
ဝန်ရှိသူများဖြင့် ဖွဲ့စည်းထားသောအဖွဲ့ ဖြစ်ပြီး ကမ္ဘာပေါ်တွင် စစ်ရေးဆိုင်ရာ ငွေကြေးအထောက်
အပံ့များနှင့် ကြွေးမြီဆိုင်ရာ ကိစ္စရပ်များကို အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ ထောက်ခံမှု
ဖြင့် စေ့စပ်ညှိနှိုင်းကူညီဖြေရှင်းပေးသော အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများမှာ အကြွေးလျှော်ပစ်ခြင်း၊ ဆွေးနွေးညှိနှိုင်း ခြင်းတို့တွင် ယင်းနိုင်ငံ
များ၏ Multilateral Agreement ရယူရန်လိုအပ် ကြောင်းနှင့် ယင်းနောက်တွင် ကြွေးရှင်နိုင်ငံများ
နှင့် Bilateral Agreement ရယူရန်လိုအပ်ကြောင်းလည်း ၀န်ကြီးက ပြောသည်။

"ကျွန်တော်တို့နိုင်ငံဟာ ကြွေးမြီနဲ့ပတ် သက်ပြီးရှင်းလင်းဖို့ အဓိကကိစ္စအနည်း ငယ်ရှိနေခဲ့ပါတယ်။
ချေးငွေပြန်လည် မဆပ်နိုင်ခဲ့ခြင်းကြောင့် ကြွေးမြီရှင်းလင်း ဖို့ကိစ္စ ဆောင်ရွက်ဖို့ဖြစ်လာခဲ့ပါတယ်။
ဒီနေရာမှာ ကြွေးမြီတွေနဲ့ပတ်သက်ပြီး ကျွန်တော်တင်ပြလိုပါတယ်။ အများစုဟာ ၁၉၇၀ ပတ်ဝန်း
ကျင်လောက်က ချေးထားတဲ့ ချေးငွေတွေဖြစ်ပါတယ်။ကြွေးမြီ အပိုင်းမှာ ၁၉၈၈ မတိုင်မီ ယူထားတဲ့
ကြွေးမြီ၊ ၁၉၈၈နောက်ပိုင်းယူထားတဲ့ ချေးငွေဆိုပြီးခွဲခြားရမှာ ဖြစ်ပါတယ်။ ကြွေးမြီဆိုတဲ့နေရာမှာ
လည်း သတ်မှတ်တဲ့ကာလ၊ ချေးထားတဲ့ချေးငွေတွေ ပြန်လည်ဆပ်ရမယ့်ကာလမှာမဆပ်လို့
ကြွေးမြီဖြစ်လာတာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၈၈ မတိုင်မီ ကယူထားခဲ့သော ချေးငွေများကိုသာ ကြွေးမြီအဖြစ်သတ်မှတ်
ကာ ရှင်းလင်းခဲ့ ခြင်းဖြစ်ပြီး ၁၉၈၈ နောက်ပိုင်းယူထားခဲ့ သောချေးငွေများမှာ ကြွေးမြီကိစ္စတွင်
ထည့်သွင်းဆောင်ရွက်ခဲ့ခြင်းမရှိ ကြောင်း ဦးဝင်းရှိန်က ပြောသည်။ တွေ့ဆုံဆွေးနွေးမှုတွင် ကြွေးမြီ
အားလုံး ၏ ၆၀ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန် ဒေါ်လာသန်း ၆၀၀ နီးပါးသက်သာစေရန်အတွက်
အထူးကောင်းမွန်သည့်ရလဒ် တစ်ခုရရှိခဲ့သည်။

ထို့ပြင် အခြားနိုင်ငံများ ကလည်း ကြွေးမြီများကို သက်သာစွာ လျှော်ပစ်ပေးရန် အဆင်သင့်ရှိရာ
လာမည့်ခြောက်လအတွင်း ကြွေးမြီများ ကို ပေးလျှော်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီများကို ဖြေရှင်းရန်သဘောတူညီချက်ဖြင့် Paris Club အဖွဲ့ဝင် မြီရှင်
များကိုပေးရန် ကျန် ကြွေးငွေ၏ ၅၀ ရာခိုင်နှုန်းကို အထူးအစီအစဉ်တစ်ရပ်အဖြစ် မြီရှင်နိုင်ငံများ
က လျှော်ပေးမည်ဖြစ်ကာ ကျန်ကြွေးကို ဆိုင်းငံ့ကာလ ခုနစ်နှစ်အပါအ၀င် ၁၅ နှစ် အတွင်း ပြန်
လည်ပေးဆပ်ရန် အားလုံးသဘောတူညီခဲ့ကြသည်။

နော်ဝေနိုင်ငံက ၎င်းတို့ရရန် ကြွေးငွေ အမေရိကန်ဒေါ်လာ ၅၃၄ သန်းကို လျှော်ပေးရန်သဘောတူခဲ့
ပြီး ဂျပန်နိုင်ငံ ကလည်း သန်း ၃,၀၀၀ ကျော်ကို လျှော် ပေးရန် လုပ်ဆောင်လျက်ရှိသည်။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက ဂျပန်နိုင်ငံသည် ကြွေးမြီရှင်းလင်းရေးကိစ္စနှင့်လာ ရောက်ဆက်သွယ်
ဆွေးနွေးခဲ့ပြီး၊ ၂၀၁၂ ခုနှစ်၊ ဧပြီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဂျပန်နိုင်ငံခရီးစဉ်တွင်
ဂျပန် ၀န်ကြီးချုပ်နှင့်တွေ့ဆုံခဲ့ကာ ဂျပန်နိုင်ငံ က ၎င်း၏ကြွေးမြီများမှ ၆၀ ရာခိုင်နှုန်း ကို လျှော်ပစ်
ရန်နှင့် ၄၀ ရာခိုင်နှုန်းကို ကြွေးသစ်အနေဖြင့် ပြန်လည်ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်တို့နှင့် နှစ်စဉ်ကျင်းပသောအစည်းအဝေးတွင်
မြန်မာနိုင်ငံက ကြွေးမြီများဆက်လက်ရှင်းလင်းမည်ဖြစ် ကြောင်းနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့
ဝင်ရောက်မည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။

"လက်ရှိအနေအထားမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုဆောင်ရွက်နေပြီး
ဒါတွေအတွက် နိုင်ငံတကာက ကျွန်တော်တို့ နိုင်ငံရဲ့ ကြွေးမြီပြဿနာတွေကို ဖြေရှင်းပေးပြီး ကူညီ
ထောက်ပံ့ပေးနိုင်ပါတယ်။ အကြွေးဆိုတာလည်း ယူပြီးရင်ပြန်ဆပ်ရ တဲ့ အနေအထားပါ။ ဒါကြောင့်
မြီရှင်နိုင်ငံ ရော မြီစားနိုင်ငံပါ နှစ်ဦးနှစ်ဖက်သဘော တူညီချက်ရမှ ကြွေးမြီကိစ္စပြီးပြတ်ပါတယ်" ဟု
ဦးဝင်းရှိန်က ပြောသည်။

ထိုသို့ကြွေးမြီရှင်းလင်းရာတွင် အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်ရှိကြွေးတို့ မှာလျှော်ပစ်၍မရပဲ
ဂျပန်နိုင်ငံရှိဘဏ်များမှ ပေါင်းကူးချေးငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၃၀ ကိုရယူကာ ကမ္ဘာ့
ဘဏ်သို့ ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီး ကမ္ဘာ့ဘဏ်မှ ပြန်လည်ရရှိသည့် ချေးငွေကို ဂျပန်ဘဏ်များကို
ပြန်လည် ပေးဆပ်ခဲ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလစာရင်းတွင် ၁၉၈၈ ခုနှစ် မတိုင်မီ စုစုပေါင်း ကြွေးမြီ
'ကန်'ဒေါ်လာ ၅ ဒသမ ၉ ဘီလျံရှိကာ ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရန် ၈၉၂ သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်
သို့ ၆၉၇ သန်းနှင့် Paris Club သို့ ၄ ဒသမ ၄ ဘီလျံ ကျန်ရှိနေ သေးသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းအရ တရုတ်မှ ချေးငွေအများဆုံးနှင့် ထိုင်း၊ ဂျပန်၊ မလေးရှား၊ ဆားဗီးယား
ချေးငွေများရှိပြီး စုစုပါင်း ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ကျန်ရှိသည်။

Paris Club အဖွဲ့သည် ပြင်သစ် နိုင်ငံ ပဲရစ်မြို့တွင် အခြေစိုက်ပြီး ယင်း အဖွဲ့တွင် ပါဝင်သော
ဥရောပမှ စီးပွား ရေးအင်အားကြီး နိုင်ငံအချို့မှာ ပြင်သစ်၊ ဩစတြီးယား၊ ဘယ်လ်ဂျမ်၊ ဒိန်းမတ်၊
ဖင်လန်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေး၊ ရုရှား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့်
အင်္ဂလန် နိုင်ငံတို့ ဖြစ်ပြီး အဆိုပါ ၁၅ နိုင်ငံသည် အမေရိကန်၊ ကနေဒါ၊ အာရှနိုင်ငံများဖြစ်သော
ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့နှင့် ပူးပေါင်းကာ ကြွေးမြီဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်း အဓိက
ထားကာ ဖြေရှင်းပေးလျက်ရှိပြီး ကျန်ကမ္ဘာ့နိုင်ငံ ၁၃ နိုင်ငံမှလည်း အဆိုပါအဖွဲ့တွင် တွဲဖက်အဖွဲ့ဝင်
နိုင်ငံများအဖြစ် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း