Friday, 24 October 2014

ချစ်သူများနေ့ ဈေးရောင်းပွဲ ချောကလက်များ ရောင်းအားကောင်း

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျရောက်သည့် ချစ်သူများနေ့အထိမ်းအမှတ် အမှတ်တရပစ္စည်း
များရောင်းချရာတွင် ချောကလက်များမှာ လက်ကျန် ပစ္စည်းပြတ်သည်အထိ ရောင်းအား ကောင်း
ခဲ့ကြောင်း ရှော့ပင်းစင်တာများမှ တာဝန်ရှိသူများက ပြောသည်။

"ဒီနှစ် ချစ်သူများနေ့အထိမ်းအမှတ် ရောင်းချတဲ့ပစ္စည်းတွေထဲမှာတော့ ချောကလက်က အရောင်း
သွက်ဆုံးပဲ။ ချောကလက်က ပုံမှန်ဆိုအ၀ယ်နည်းပေမယ့် ချစ်သူများနေ့နီးလာပြီးဆိုရင်တော့ သူ့ကို
ဝယ်ဖို့ သတိရကြတယ်။ အရင်နှစ်တွေတုန်းကလည်း ရောင်းကောင်းပေမယ့် ဒီနှစ်မှာတော့ ထူးထူး
ခြားခြားပစ္စည်းဖြန့်တဲ့သူတွေဆီမှာတောင် လက်ကျန်မရှိ အောင်ကိုပြတ်သွားတဲ့အထိ ရောင်း
ကောင်းနေတယ်"ဟု Star Mart ရှော့ပင်းစင်တာမှ အထွေထွေမန်နေဂျာ ကိုဇော်ဇော်အောင်က
ပြောသည်။

ချောကလက်များကို ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံများမှ တင်သွင်းပြီး ဈေးနှုန်း ကျပ် ၇၀၀ မှ
၃,၅၀၀ အကြား ရောင်းချလျက်ရှိပြီး စုံတွဲဖန်စီပစ္စည်းများမှာလည်း ကျပ် ၁,၀၀၀ မှ ၂,၀၀၀ ကြားရှိ
ကာ အရောင်းသွက်လျက်ရှိပြီး ကျပ် ၃,၀၀၀ မှ ၅,၀၀၀ ကြားရှိ အမွေးပွ ရုပ်များလည်း အရောင်း
သွက်ကြောင်း ၎င်းက ပြောသည်။

"ချစ်သူများနေ့နဲ့ပတ်သက်ပြီး လူငယ်တွေက အရင်ကထက်ပိုပြီး ဂရုပြုမိလာပုံရတယ်။ ဒီနှစ်မှာ
အရင်နှစ်ကချစ်သူများ နေ့ဈေးရောင်းရာသီထက် ရောင်းအားက နှစ်ဆယ်ရာခိုင်နှုန်းလောက်တက်
လာတယ်။ ဆက်ပြီးတော့လည်း ရောင်းအားတက်နေမယ်လို့ ထင်ပါတယ်"ဟု ကိုဇော်ဇော်အောင်
က ပြောသည်။

ချစ်သူများနေ့တွင် အထူးအစီအစဉ်အဖြစ် ပန်းအစိုများရောင်းချပေးမည်ဖြစ်ပြီး ၁၄ ရက်နေ့တွင်
စင်တာသို့လာရောက် သော ချစ်သူစုံတွဲများအတွက် ပန်းစည်းများ လက်ဆောင်ပေးသွားမည်ဖြစ်
ကြောင်း ၎င်းက ပြောသည်။

"ဒီနှစ်ချစ်သူများနေ့ကို အရင်နှစ်တွေ နဲ့မတူပဲ ထူးခြားသွားအောင် ခေတ်ပေါ် အကပြိုင်ပွဲလုပ်ပေး
ထားပါတယ်။ ပထမဆု ငါးသိန်း၊ ဒုတိယဆု သုံးသိန်းနဲ့ တတိယ ဆု နှစ်သိန်းပေးမှာပါ။ ၁၄ ရက်
နေ့မှာ စင်တာကို စုံတွဲဝတ်စုံဝတ်ပြီးလာတဲ့ စုံတွဲတွေကိုလည်း အမှတ်တရလက်ဆောင် တွေပေး
သွားမှာပါ" ဟျွုကဘပ မြေအ မှ ဒေါ်သီတာသန်းက ပြောသည်။

ချောကလက်ဈေးမှာ ကျပ် ၅၀၀ မှ ၁၀,၀၀၀ ကျော်အထိရှိပြီး စုံတွဲကြွေခွက်များမှာ ၁,၀၀၀ မှ
၎,၀၀၀ အထိရှိကာ မွေးပွ အရုပ်များမှာ ၂,၀၀၀ မှ ၅၀,၀၀၀ ကျော်ရှိ ကြောင်း ၎င်းက ပြောသည်။

"တစ်နှစ်နဲ့တစ်နှစ် လက်ဆောင်ကို မတူအောင်ပေးပေမယ့် ချောကလက်ကိုတော့ နှစ်တိုင်းပေးဖြစ်
တယ်။ ချစ်သူများ နေ့မှာ ချောကလက်ပေးတာက အစဉ်အလာတစ်ခုလိုဖြစ်နေပြီ"ဟု မရမ်းကုန်း
မြို့ နယ်နေ လူငယ်တစ်ဦးက ပြောသည်။

ချစ်သူများနေ့တွင် ချောကလက်နှင့် ပန်းစည်းပေးရန်စီစဉ်ထားပြီး ထိုနေ့တွင် အနည်းဆုံး ကျပ်
၃၀,၀၀၀ ခန့်သုံးသွားမည်ဖြစ်ကြောင်း ကျောက်တံတားမြို့ နယ်မှ လူငယ်တစ်ဦးက ပြောသည်။

"ဒီနှစ်ချစ်သူများနေ့က တရုတ်နှစ်ကူး နဲ့ကပ်သွားတော့ သိပ်မကွဲဘူးဖြစ်နေ ပေမယ့် ၁၃ ရက်နဲ့ ၁၄
ရက်တွေမှာတော့ ရောင်းအားက သိသိသာသာတက်မှာပါ။ အခုလည်း ချောကလက်က တစ်နေ့
ကို ရာနဲ့ချီပြီးရောင်းနေရတယ်" ဟု ပြည်လမ်းရှိ စိန်ဂေဟာစင်တာမှ မန်နေဂျာ မမြင့်မြင့်ဦးက
ပြောသည်။

ချစ်သူများနေ့ အထိမ်းအမှတ်အနေ ဖြင့် စိန်ဂေဟာရှော့ပင်းစင်တာများတွင်လည်း စုံတွဲသီချင်း
ဆိုပြိုင်ပွဲနှင့် စုံတွဲဖက် ရှင်ပြိုင်ပွဲများကိုပါ ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေတင်မကဘဲ မိသားစုနဲ့သူငယ်ချင်းတွေကြားထဲမှာပါ ပျော်ရွှင်စရာ
နေ့တစ်နေ့ အဖြစ်မြင်လာကြပြီး ရှော့ပင်းစင်တာတွေ မှာလည်း ပိုပြီးစည်စည်ကားကားကျင်းပ
လာတာ တွေ့ရပါတယ်" ဟု စမ်းချောင်းမှ လူငယ်တစ်ဦးက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း