Wednesday, 26 November 2014

ဈေးကွက်အတွင်း Handset ရောင်းအား သိသာစွာ ကျဆင်းလာ

ရန်ကုန်မြို့လယ်ရှိ ဖုန်းနှင့် ဆက်စပ်ပစ္စည်း ရောင်းချသည့် ဆိုင်တစ်ဆိုင်အား ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)ရန်ကုန်မြို့လယ်ရှိ ဖုန်းနှင့် ဆက်စပ်ပစ္စည်း ရောင်းချသည့် ဆိုင်တစ်ဆိုင်အား ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)

၂၀၁၀ ပြည့်နှစ်မှ စတင်ခါ ရောင်းအား သိသာစွာမြင့်တက်လာခဲ့သော ရန်ကုန်မြို့ ၏ Handset
ဈေးကွက်သည် ဖုန်းလိုင်းအသုံးပြုနိုင်သည့် Sim Card များချထား ပေးမှု လျော့ကျလာခြင်းကြောင့်
ယခု နှစ်ဆန်းပိုင်းမှစတင်ခါ ရောင်းအားသိသာစွာပြန်လည်ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်း
ရှိလုပ်ငန်းရှင်များက ပြောသည်။

"ကျွန်တော်တို့ Handset ဆိုင်တွေက Sim Card တွေကိုပဲ အဓိကအားကိုးနေ ရတာပါ။ Sim Card
ပြတ်သွားတာနဲ့ ရောင်းအားကျသွားတာပဲ။ ဒီတော့ Sim Card တွေ ပြန်ချပေးရင် အဆင်ပြေသွား
နိုင်ပါတယ်။ ဆိုင်ကိုလာဝယ်တဲ့ ဆယ် ယောက်မှာ ရှစ်ယောက်လောက် က Sim Card ၀ယ်ရင်းနဲ့
Handset တစ်ခါတည်း ၀ယ်သွားကြတာများတယ်။ အရင်က တစ်နေ့ကို ပျှမ်းမျှ ၁၀ လုံးလောက်
ရောင်းရ ပေမယ့် အခု လေး၊ ငါး၊ ခြောက်လုံးလောက်ပဲ ရောင်းရတော့ ရောင်းအားက ထက်ဝက်
နီးပါးလောက်ကျသွားတယ်" ဟု ရွှေဘုံသာအလယ်လမ်းရှိ ALIF ဖုန်း အရောင်းဆိုင်ပိုင်ရှင်
ကိုမောင်မောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံတွင် တန်ဖိုးနည်းဖုန်းများ ကို ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလတွင် CDMA 800 MHz ဖုန်း
များကို တစ်လုံးလျှင် ငွေကျပ် ၅၀၀,၀၀၀ ဖြင့် ရောင်းချ ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ တွင်
GSM ဖုန်းများကိုလည်း ငွေကျပ် ၅၀၀,၀၀၀ နှုန်းဖြင့် ထပ်မံရောင်းချပေးခဲ့ကာ ပြီးခဲ့သည့်နှစ် ဧပြီလ
တွင်လည်း WCDMA နှင့် GSM ဖုန်းများကို ငွေကျပ် ၂၅၀,၀၀၀ နှင့် ၂၀၀,၀၀၀ တို့ဖြင့် အသီးသီး
ရောင်းချပေးခဲ့ပြီး နောက်ပိုင်းတွင် Handset ရောင်းအားများ အဆက် မပြတ်မြင့်တက်လာခဲ့သည်။

သို့သော် လည်း Sim Card အရေအတွက်ပေါ် မူတည်ကာ ရောင်းအားမှာ အတက်အကျဖြစ်လေ့ရှိ
ကြောင်း လက်ကိုင်ဖုန်း ရောင်းချသူများက ပြောသည်။

"ငါးသိန်းတန်နဲ့ နှစ်သိန်းတန် Sim Card တွေထွက်တုန်းက တော်တော် ရောင်းအား ကောင်းခဲ့ပါ
တယ်။ ဒါပေမဲ့ Handset ရောင်းအားက Sim Card ထွက်တဲ့ပေါ်မှာ ပိုပြီးမူတည်တယ်။ Sim Card
ကို များများချပေးရင် Handset ရောင်းအားကလည်း အလိုလိုတက်လာမှာပဲ။ Sim Card ချပေးရင်
ချပေးသလောက်ကို ရောင်းရတာပဲ" ဟု Handset အရောင်းဆိုင်ပိုင်ရှင်တစ်ဦး က ပြောသည်။

ယခုနှစ်ဆန်းပိုင်းတွင် ဈေးနှုန်းပိုမိုသက်သာသည့် တန်ဖိုးနည်းလက်ကိုင် ဖုန်းများကို ထပ်မံရောင်းချ
ပေးမည်ဆိုသည့်သတင်းများ ပြီးခဲ့သည့်နှစ်အတွင်းမှ စတင်ခါ ထွက်ပေါ်လာခဲ့သော်လည်း လက်ရှိ
ဈေးကွက်အတွင်းသို့ အမှန်တကယ်ရောင်းချလာခြင်းမရှိသည့်အပြင် ယခင်ရောင်းချလျက်ရှိသော
Sim Card များမှာလည်း ဈေးကွက်အတွင်း ရှားပါးလာခြင်းကြောင့် Handset ရောင်းအား မှာလည်း
ပိုမိုကျဆင်းလာခဲ့ပြီး အဆိုပါ Sim Cardများကို နိုင်ငံတော်က ရောင်းချ ပေးခဲ့ပါက Handset ဈေး
ကွက်လည်း ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

"အလုံးရေများများသာချပေးရင် Handset ကလည်း များများရောင်းရမှာပါ။ အခုဖုန်းဝယ်ချင်တဲ့သူ
တွေက Sim Card မရတော့ မ၀ယ်သေးဘဲ စောင့်နေကြတယ်။ Sim Card မရှိဘဲ Handset ကြီးပဲ
ဘယ်သူမှ မ၀ယ်ချင်ကြဘူးလေ။ အခု ငါးသောင်းတန် Sim Card ထွက်မယ်လို့ကြားတော့
ပိုတောင်ရောင်းရဦး မယ်။ လူတိုင်းနီးပါးဝယ်နိုင်ပြီး နိုင်ငံတော် အတွက်လည်း ဖုန်းအသုံးပြုခတွေ
ပိုရ မှာပါ"ဟု ကိုမောင်မောင်က ပြောသည်။

မြန်မာနိုင်ငံ၏ Handset ဈေးကွက် တွင် Samsung၊ iPhone နှင့် Huawei တံဆိပ် Handset
များမှာ လူကြိုက်အများဆုံး ပစ္စည်းများဖြစ်ကြောင်း လုပ်ငန်း ရှင်များက ပြောသည်။

"Samsung က အရောင်းရဆုံးပဲ။ iPhone ကတော့ လူတန်းစားသပ်သပ်ကပဲ သုံးစွဲသလိုဖြစ်နေ
တယ်။ သူ့ရောင်း ကောင်းပုံကတော့ မတူဘူး။ ဒုတိယက တော့ Huawei လိုက်တယ်။ အခုနောက်
ပိုင်းဖုန်းနဲ့ အင်တာနက်သုံးတဲ့သူများ လာတော့ ဈေးလည်း အသင့်အတင့် သက်သာပြီး ဖုန်းမျက်နှာ
ပြင်ကျယ်တဲ့ ဖုန်းတွေက အရောင်းသွက်ဆုံးပဲ" ဟု ကိုမောင်မောင်က ပြောသည်။

နှစ်သိန်းတန် Sim Card များ ထွက်လာချိန်က ဈေးကွက်အတွင်း ရောင်းအား အကောင်းဆုံးအချိန်
ဖြစ်ခဲ့ပြီး ကုန်ပစ္စည်းများပြတ်လတ်သည်အထိ ရောင်းအား ကောင်းခဲ့ကာ ဖုန်းအရောင်းဆိုင်များ ပိုမို
များပြားလာပြီး အချို့ဆိုင်များမှာ လက်ကားအရောင်းဆိုင်အပြင် လက်လီ ဆိုင်များကိုပါ တိုးချဲ့၍
ဖွင့်လာခဲ့ကြောင်း ကျောက်တံတားမြို့နယ်အတွင်းရှိ J Phone အရောင်းဆိုင်မှ အရောင်း မန်နေဂျာ
ဖြစ်သူ မမွန်မွန်အေးက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကျွန်မတို့က အရင်ကတည်းက Handset လုပ်ငန်းကို စိတ်ဝင်စားလို့ လက်ကားရောင်းခဲ့တာ။
နောက်ပိုင်းကျ တော့ လက်လီဆိုင် (show room) ပုံစံမျိုး ဖွင့်ဖြစ်ခဲ့တယ်။ ကျွန်မတို့ဆိုင်ဖွင့်ပြီး
နောက်ပိုင်းမှာ Sim Card ထွက်တာ ရပ်နေတော့ ဒီရက်ပိုင်းထဲမှာ တော်တော် တော့ အရောင်းအေး
နေတယ်။ အခုလို ဖြစ်နေတာက ဖုန်းဆိုင်အကုန်လုံးနီးပါး ပဲ။ ဒါကြောင့်မို့လို့ Handset ဈေးကွက်က
Sim Card တွေ ထွက်အလာကိုပဲ စောင့်နေရတာပေါ့။ Sim Card ထွက်မယ်လို့ သတင်းကြားလိုက်
တာနဲ့ Handset ဈေးကွက်က ပြောင်းလဲသွားတယ်" ဟု ၎င်းက ပြောသည်။

သို့သော် လူတိုင်းအသုံးပြုနိုင်မည့် တန်ဖိုးနည်း Sim Card များ ထွက်ပေါ်လာပါက ဈေးသက်သာ
သည့် Handset များ ပိုမိုရောင်းချရနိုင်လာဖွယ်ရှိကြောင်း ၎င်းက သုံးသပ်သည်။

"လူတိုင်းကိုင်နိုင်တဲ့ဈေးနဲ့ Sim Card တွေ ထွက်လာရင်တော့ Handset က လည်း တန်ဖိုးနည်းတဲ့
အမျိုးအစားတွေ ပိုရောင်းရလိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တန်ဖိုးကြီးတွေက
လူငယ် တွေရယ် သုံးနိုင်တဲ့လူတွေလောက်ပဲ ၀ယ်ကြတာလေ။ ပိုက်ဆံအများကြီး မသုံး နိုင်တဲ့သူ
တွေကတော့ Handset ကို ဆက်လို့ရရင်ပြီးရော ဈေးသိပ်မကြီးတဲ့ ဟာမျိုးပဲ ကိုင်ကြမှာပါ။ ဒီထက်
တန်ဖိုးနည်းတဲ့ Sim Card တွေသာ ထွက်လာမယ်ဆိုရင် အရမ်းရောင်းကောင်းဦးမှာပါ။ မြန်မာနိုင်ငံ
မှာ လူတိုင်းနီးပါးလည်း ဖုန်းကိုင်သွားနိုင်မှာပါ"ဟု မမွန်မွန်အေး ကပြောသည်။

လက်ရှိဈေးကွက်အတွင်း အရောင်းရဆုံးဖြစ်သည့် Handset ဈေးများမှာ
Samsung Galaxy Note II ကျပ် ၅၂၅,၀၀၀၊ Samsung Note ကျပ် ၄၁၀,၀၀၀၊ Samsung S3
ကျပ် ၄၆၀,၀၀၀၊ Huawei W895 ကျပ် ၁၃၀,၀၀၀၊ Huawei U8833 ကျပ် ၁၁၀,၀၀၀ နှင့် 
Huawei Ascend P1 မှာ ကျပ် ၂၆၅,၀၀၀ အသီးအသီး ပေါက် ဈေးရှိကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း