ကန် အခြေစိုက် စည်သွတ်ဘူးလုပ်ငန်း သီလ၀ါ၌ ရင်းနှီးမြှုပ်နှံမည်

အမေရိကန်နိုင်ငံအခြေစိုက် Ball Corporation က အလူမီနီယံစည်သွတ်ဘူးစက်ရုံ တည်ဆောက်ရန်အတွက် သီလ၀ါအထူးစီးပွားရေးဇုန်ရှိ မြေနေရာကို နှစ်ရှည်ငှားရမ်းရန် သဘောတူစာချုပ်တွင် နှစ်ဖက်လက်မှတ်ရေးထိုးကြစဉ်။ ဓာတ်ပုံ - သီရိလူအမေရိကန်နိုင်ငံအခြေစိုက် Ball Corporation က အလူမီနီယံစည်သွတ်ဘူးစက်ရုံ တည်ဆောက်ရန်အတွက် သီလ၀ါအထူးစီးပွားရေးဇုန်ရှိ မြေနေရာကို နှစ်ရှည်ငှားရမ်းရန် သဘောတူစာချုပ်တွင် နှစ်ဖက်လက်မှတ်ရေးထိုးကြစဉ်။ ဓာတ်ပုံ - သီရိလူ

ကနဦးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄၀ တန်ဖိုးရှိ အမေရိကန်နိုင်ငံ အခြေစိုက်
Ball Corporation ကတည်ဆောက်မည့် အလူမီနီယံစည်သွတ်ဘူး စက်ရုံသည် သီလ၀ါအထူး
စီးပွားရေးဇုန်မြေနေရာကို နှစ်ရှည်ငှားရမ်းစာချုပ်ချုပ်ဆိုကာ ရင်းနှီးမြှုပ်နှံခဲ့သည့် ပထမဆုံးသော
စက်ရုံဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က
ပြောသည်။

"အခုလောလောဆယ် နိုင်ငံပေါင်း ၁၁ နိုင်ငံ က ကုမ္ပဏီပေါင်း ၄၅ ခုက သီလ၀ါအထူးစီးပွားရေး
ဇုန်မြေနေရာတွေမှာ ရင်းနှီးမြှုပ်နှံ ဖို့နဲ့ စက်ရုံတည်ဆောက်ဖို့အတွက် အဆိုပြုလွှာတွေတင်သွင်း
ထားပါတယ်။ အများဆုံးကတော့ ဂျပန်နဲ့ဟောင်ကောင်က စက်ရုံတွေပဲဖြစ်တယ်။ Ball ကတော့
SEZ မှာ ပထမဆုံးလက်မှတ် ရေးထိုးတဲ့ ကုမ္ပဏီဖြစ်တယ်။ ဂျပန်ကလည်း ကားအပိုပစ္စည်း စက်ရုံ
တစ်ရုံ တည်ဆောက်ဖို့ အတွက် ဒီနေ့မှာပဲချုပ်ဆိုသွားမှာဖြစ်တယ်" ဟု ဦးဆက်အောင်က
ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိစည်သွတ်ဘူး ထုတ် လုပ်သည့်စက်ရုံမရှိခြင်းကြောင့် ပြည်တွင်း တွင်
ထုတ်လုပ်လျက်ရှိသော ကိုကာကိုလာ၊ ဘီယာနှင့် အခြားအချိုရည်ထုတ် စက်ရုံများ က
ဗူးခွံများကို ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က မှာယူတင်သွင်းနေရကြောင်းနှင့် SEZ စက်ရုံ
တည်ဆောက်ပြီးပါက ကိုကာကိုလာ အပါ အ၀င် အခြားအချိုရည်နှင့် ဘီယာထုတ်စက်ရုံ
များအတွက်ပါ ထုတ်လုပ်ဖြန့်ဖြူးသွားနိုင်ရန် ရည်ရွယ်ကြောင်း Ball Corporation ၏ မြန်မာ
နိုင်ငံဆိုင်ရာ မန်နေဂျာ ဦးမင်းဒလဉာဏ်က မြန်မာတိုင်း(မ်)ကိုပြောသည်။

"ပထမအဆင့်အဖြစ် အမေရိကန်ဒေါ်လာသန်း ၄၀ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး နောင်လေးငါးနှစ်
အတွင်းမှာ သန်း ၁၀၀ လောက်ထိ တိုးချဲ့မြှုပ်နှံနိုင်ဖို့ ခန့်မှန်းထားပါတယ်။ အခု စာချုပ်ချုပ်ဆိုပြီး
ပြီဆိုတော့ လာမယ့် ၂၀၁၅ ဇူလိုင် လလောက်မှာ ပထမဆုံးသံဘူး စတင်ထုတ် လုပ်နိုင်ဖို့
ဆောင်ရွက်သွားမှာပါ။ လောလော ဆယ် ပြည်တွင်းအစုစပ်ကုမ္ပဏီတော့ မရှိသေးပါဘူး။
နောက်ပိုင်းအလားအလာကောင်းရင်တော့ စိတ်ဝင်စားတဲ့ ဒေသခံကုမ္ပဏီတစ်ခုခုနဲ့ ပူးပေါင်း
ဆောင်ရွက်ဖို့ အစီအစဉ် ရှိပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရက်မစ်ချဲလ်ကလည်း အမေရိကန်နိုင်ငံ အစိုးရ က
ကုမ္ပဏီများကို မြန်မာပြည်၌လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်
ရန်အတွက် အခွင့်အလမ်းများ ရှာဖွေရန် တိုက်တွန်းလျက်ရှိကြောင်းပြောသည်။

"ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ပြီး ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ပါက နိုင်ငံ
တကာ ရင်းနှီးမြှုပ်နှံလိုသူတွေက ဒီဒေသ မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ပိုမိုစိတ်ဝင်စား မှာဖြစ်တယ်။ ဒီစက်ရုံကနေ ပြည်တွင်းသာမက နိုင်ငံတကာက၀င်ရောက်လုပ်ကိုင်နေတဲ့ တခြား ဘီယာနဲ့
အချိုရည်ကုမ္ပဏီတွေအတွက် သံဘူး တွေကို ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်
အလမ်းတွေကိုလည်း ပိုမိုဖန်တီး ပေးနိုင်မှာဖြစ်တယ်"ဟု ၎င်းကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ