ရှေးဟောင်းအမွေအနှစ် အဆောက် အအုံများ စနစ်တကျထိန်းသိမ်းလျှင် အလှပဆုံးမြို့ဖြစ်လာနိုင်တဲ့ ရန်ကုန်

ရှေးဟောင်း ဗိသုကာလက်ရာများ မြင်တွေ့နိုင်သည့် ကိုလိုနီခေတ်အဆောက်အအုံများ ပြည့်နှက် နေသည့် ပန်းဆိုးတန်းလမ်းကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်ရှေးဟောင်း ဗိသုကာလက်ရာများ မြင်တွေ့နိုင်သည့် ကိုလိုနီခေတ်အဆောက်အအုံများ ပြည့်နှက် နေသည့် ပန်းဆိုးတန်းလမ်းကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်

မြို့ပြအမွေအနှစ်ဆိုတာ ထိန်းသိမ်းသင့်တဲ့အရာတစ်ခုဖြစ်သလို ကွယ်ပျောက်သွားတတ်တဲ့အရာ
တစ်ခုလည်း ဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းတွေရဲ့အောက်မှာ မြို့ပြအမွေအနှစ်တွေ
ပျောက်ဆုံးကုန်တဲ့ မြို့တော်တွေဟာလည်း ယနေ့ခေတ်ကြီးထဲမှာ ဒုနဲ့ဒေး ရှိနေခဲ့ပါတယ်။

ဒီမြို့တော်တွေကို သင်ခန်းစာ ယူပြီး လက်ရှိအခြေအနေမှာ လူတစ်ဦးချင်းစီ ရဲ့ အသိစိတ်ဓာတ်
တွေနဲ့ ထိန်းသိမ်းမယ်ဆို မီနိုင်သေးတဲ့ မြို့ပြအမွေအနှစ်ကတော့ နှစ်ရာ ကျော်သက်တမ်းရှိပြီး
သမိုင်းဝင် ကိုလိုနီအဆောက်အအုံတွေ တစ်စုတစ်ဝေးတည်း ရှိနေတဲ့ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
အပြောင်းအလဲတွေ အများကြီးအောက် မှာ မပျက်မယွင်း တည်ရှိခဲ့တဲ့ ရန်ကုန်မြို့ကြီး ဟာ
ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်ဖို့ ပြည်တွင်း သာမက နိုင်ငံတကာကပါ မျက်စိကျနေတဲ့ အချိန်
တစ်ခုပဲ ဖြစ်နေပါတယ်။

ပြောင်းလဲစပြု နေတဲ့ ရန်ကုန်မြို့ကြီးကို အပေါ်ကနေစီး ကြည့်မယ်ဆိုရင် ဆောက်လက်စ ထိုးထိုး
ထောင်ထောင် အဆင့်မြင့်အဆောက်အအုံတွေက ရုပ်ဝတ္ထုတိုးတက်မှုကိုပြသနေတဲ့ ထင်ရှားတဲ့
လက္ခဏာတွေပါပဲ။ ရန်ကုန်မြို့ကြီးက အဖိုးမဖြတ်နိုင်တဲ့ရှေး ဟောင်းအဆောက်အအုံတွေနဲ့ တင့်
တယ်မှု တွေ ကျန်ရှိနေတုန်းအချိန်မှာ မပျောက်ပျက်အောင် ထိန်းသိမ်းစောက်ရှောက်ဖို့လိုသလို
ဘယ်လိုနည်းလမ်းတွေကို လိုက်နာကျင့်သုံး မယ်ဆိုတာကလည်း အရေးကြီးပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့က နာမည်ကြီး ကိုလိုနီ ခေတ်ရှေးဟောင်းအမွေအနှစ် အဆောက် အအုံ
တော်တော်များများက ယခင်အစိုးရရုံး စိုက်ရာနေရာတွေဖြစ်ခဲ့လို့ လက်ရှိမှာ ထိန်း သိမ်းစောင့်
ရှောက်ဖို့ထက် နေဒဏ်မိုးဒဏ် အောက်မှာပဲ ထားလိုက်ရုံကလွဲပြီး စနစ်တကျ ထိန်းသိမ်းဖို့
လိုအပ်နေပါသေးတယ်။

ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကို ပိုမိုတာရှည်ခံအောင် အဲဒီအဆောက် အအုံတွေ
ရဲ့ ပျက်စီးမှုအခြေအနေပေါ်မူတည် ပြီးဗိသုကာပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ သေချာဆွေးနွေးတိုင်
ပင်ပြီးတော့ ရေတို၊ ရေလတ်၊ ရေရှည်စီမံကိန်းတွေ ချမှတ်ထိန်း သိမ်းသင့်ပါတယ်လို့ နည်းပညာ
တက္ကသိုလ်၊ ဗိသုကာပညာဌာနမှတွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်ပွင့်က ပြောပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ သမိုင်းဝင်ရှေးဟောင်း အဆောက်အအုံတွေကို ထိန်းသိမ်းမှုတွေ ပြုလုပ်နေတဲ့
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောက်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) ကို
တည်ထောင်သူ အဖွဲ့ ဥက္ကဋ္ဌ ဦးသန့်မြင့်ဦးကလည်း ရန်ကုန်မြို့မှာရှိနေတဲ့ မြို့ပြအမွေအနှစ်
အဆောက်အအုံတွေကို စီမံကိန်းတစ်ခုအဖြစ် စနစ်တကျနည်းစနစ်ရေးဆွဲပြီး ထိန်းသိမ်းသင့်
တယ်လို့ ပြောပါတယ်။

"မြို့ပြ အမွေအနှစ်တွေကို ထိန်းသိမ်းမယ် ဆိုရင် စဉ်းစားပြီးတော့ လုပ်ရမယ်။ အဆောက်အအုံ
တော်တော်များများက အစိုးရရုံးစိုက်ခဲ့တဲ့ အစိုးရပိုင်ဖြစ်နေတယ်။ အစိုးရကလည်း နေပြည်တော်
ကို ပြောင်းရွှေ့သွားပြီဆိုတော့ လက်ရှိမှာ မသုံးကြဘူး။ ထိန်းသိမ်းမယ်ဆိုရင် စီမံကိန်းတစ်ခုအဖြစ်
ဘယ်အဆောက် အအုံတွေကို စီးပွားရေးပုံစံလုပ်သင့်လဲ၊ တချို့ ကို ပြန်ငှားသင့်လား၊ အစိုးရ
အဆောက်အအုံ အဖြစ်နဲ့ပဲ ဆက်ထားသင့်လား အဲဒီလိုခွဲခြား နိုင်ဖို့အတွက် စီမံကိန်းတစ်ခုရှိထားမှ
အဆင် ပြေမှာပါ" လို့ ၎င်းကပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ