ခေတ်မီနည်းပညာနဲ့ မူရင်းအငွေ့အသက်မပျောက်အောင် ပြန်လည်အသက်သွင်းလိုက်တဲ့ ရိုးကုန်တိုက်

လက်ရှိ ဧရာဝတီဘဏ်ရုံးချုပ်အဖြစ်အသုံးပြုလျက်ရှိသော၊သက်တမ်း နှစ် ၁၀၀ကျော်ပြီဖြစ် သည့်၊ရိုးကုန်တိုက်အဆောက်အအုံ၏၊ဆည်းဆာအလှကို တွေ့ရစဉ်။ ဓာတ်ပုံ - ယုယုလက်ရှိ ဧရာဝတီဘဏ်ရုံးချုပ်အဖြစ်အသုံးပြုလျက်ရှိသော၊သက်တမ်း နှစ် ၁၀၀ကျော်ပြီဖြစ် သည့်၊ရိုးကုန်တိုက်အဆောက်အအုံ၏၊ဆည်းဆာအလှကို တွေ့ရစဉ်။ ဓာတ်ပုံ - ယုယု

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့် ရှောက်ရေးအဖွဲ့၏ ဒုတိယမြောက် အပြာ ရောင်
ကမ္ပည်းမော်ကွန်းကို မဟာဗန္ဓုလ လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့် ရှိနှစ် ၁၀၀ ကျော်
သက်တမ်းရှိ ရိုးကုမ္ပဏီ အဆောက်အအုံတွင် စက်တင်ဘာလ ၂၅ ရက်နေ့က တပ်ဆင်
ခဲ့သည်။

အဆိုပါ အဆောက်အအုံအား ဧရာဝတီ ဘဏ်ရုံးချုပ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး
မူလလက်ရာမပျက်အောင် ပြန်လည်မွမ်းမံခဲ့ခြင်း ဖြစ်သည်။

"ရိုးကုန်တိုက် အဆောက်အအုံကို ပြန်လည်ပြုပြင်ပြင်ဆင်နိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်
မိပါတယ်။ ဒီလိုပြုပြင် ထိန်းသိမ်းမှုက ရန်ကုန်မှာရှိတဲ့ အခြား သော ပုဂ္ဂလိကပိုင်အမွေအနှစ်
အဆောက် အအုံတွေကို ပြုပြင်ဖို့အားပေးရာ ရောက် မယ်လို့ မျှော်လင့်ပါတယ်" ဟု အဖွဲ့၏
တည် ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။

ရိုးကုန်တိုက် (Rowe & Company Department Store)သည် ၁၉၁၀ ပြည့်လွန် နှစ်များတွင်
အာရှ၏ခမ်းနားလှပသော ကုန်တိုက်စတိုးကြီးများထဲတွင် တစ်ခုအပါ အ၀င်ဖြစ်ခဲ့သည်။ ကုန်သည်
တစ်ဦးဖြစ်သူ မစ္စတာအာရ်ဗီရိုးသည် ၁၈၆၀ ပြည့်နှစ် ကတည်းက ရန်ကုန်မြို့၊ မဂိုလမ်း (ယခု
ရွှေဘုံသာလမ်း) တွင် ရိုးကုမ္ပဏီကို တည် ထောင်ခဲ့သည်။

ထို့နောက် ၁၉၀၈ ခုနှစ်တွင် ဒါလဟိုဇီလမ်းနှင့် ဘားလမ်းထောင့် (ယခု မဟာဗန္ဓုလလမ်းနှင့်
မဟာဗန္ဓုလ ပန်းခြံ လမ်းထောင့်) ရှိနေရာကို ၀ယ်ယူကာ နာမည်ကျော်ရိုးကုန်တိုက်ကို စတင်
တည် ဆောက်ခဲ့ပြီး ၁၉၁၀ တွင် ပြီးစီးခဲ့ကြောင်း အဖွဲ့မှ အကြီးတန်းပြန်ကြားရေးတာဝန်ခံ
ဒေါ်ရွှေယင်းမာဦးက ပြောသည်။ ၏

ရိုးကုန်တိုက်ကို မွမ်ဘိုင်းမြို့အခြေစိုက် နာမည်ကြီး ဗိသုကာကုမ္ပဏီဖြစ်သောMessrs.Charles
S.Steven & Co,. က ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်ကာ ဓာတ်လှေကား များ မျက်နှာကက်ပန်ကာများနှင့်
မြေ အောက်ခန်းများကို အစောဆုံး ထည့်သွင်း တည်ဆောက်ခဲ့သည့် အဆောက်အအုံ တစ်ခုဖြစ်
ကြောင်း ၎င်းကပြောသည်။

သို့သော် အသက် ၆၈ နှစ်ရှိ အငြိမ်းစား အရာရှိ ဦးတင်စိန်ကမူ ယခု ဧရာဝတီဘဏ် ရုံးချုပ်အဖြစ်
ပြင်ဆင်မွမ်းမံမှုများသည် ရိုးကုန်တိုက်အဖြစ် သက်ဝင်လှုပ်ရှားခဲ့စဉ် ကလောက် ခမ်းနားမှုမရှိဟု
ပြောသည်။

"ဘာမှမလုပ်၊ အသုံးမပြုဘဲ ထားတာ ထက်စာရင်တော့ ဒီလိုမူလလက်ရာမပျက် ပြန်လည်မွမ်းမံ
အသုံးပြုတယ်ဆိုတာက ကောင်းတာပေါ့။ ဒါပေမဲ့ အရင်ရိုးကုန်တိုက် ပုံစံက ပိုကြည့်ကောင်း၊
ပိုခမ်းနားတယ်လို့ ထင်တယ်" ဟု ၎င်းက ပြောသည်။ ဆယ်ကျော်သက်အရွယ်က ရိုးကုန်တိုက်
တွင် အကြိမ်ရေအနည်းငယ်ဈေးဝယ်ထွက် ခဲ့ဖူးသော ဦးတင်စိန်က ကုန်တိုက်၏ အစိမ်းခံပေါ်တွင်
အဖြူရောင်စာလုံးများ ဖြင့်ဆိုင်းဘုတ်သည်ပင်လျှင် ၎င်း၏အမြင် တွင် အလွန်တရာ ခမ်းနားခဲ့သည်
ဟု ပြောသည်။

"ဆိုင်းဘုတ်ပေါ်က စာလုံးပုံစံကအစ ဘယ်သူနဲ့မှမတူဘူး။ ရိုးရှင်းပြီး အရမ်း ကြည့်လို့ကောင်း
တယ်။ ကုန်တိုက်က အ၀ါရောင်နဲ့ နီညိုရောင်စပ်ထားတဲ့ အဆောက်အအုံပေါ့။ အဲဒီခေတ်က
ရိုးကုန်တိုက်မှာ ဈေးဝယ်ထွက်ရတာက ဂုဏ် တစ်ခုပ်" ဟု ၎င်းက ပြောသည်။

နယ်ဘက်တွင်နေကြသူများ ရန်ကုန် မြို့သို့ လာရောက်လျှင် ရိုးကုန်တိုက်သို့ တကူးတက သွား
လေ့ရှိကြကြောင်း ဦးတင် စိန်က ပြောသည်။ "ရိုးကုန်တိုက်က ၀န်ထမ်းတွေက အရမ်း ပျူငှာ
တယ်။ ပစ္စည်းလည်း စိတ်ချရတယ်။ ကလေးကို ဈေးဝယ်လွှတ်ရင်တောင် ပစ္စည်း မှားမှာ၊
မကောင်းမှာ မပူရဘူး။ အဲဒီတုန်းက နာမည်ကျော် Raleigh စက်ဘီးဆိုတာ အဲဒီ မှာပဲရတယ်။
ပစ္စည်းမရှိရင် အင်္ဂလန်ထိ လှမ်းမှာ ပေးတယ်။ ငယ်ငယ်တုန်းက ရိုးကုန်တိုက်တံဆိပ်နဲ့ အိတ်
လေးကိုင်ပြီး ထွက်လာရတာကိုပဲ ကျေနပ်စရာလေ" ဟု ဦးတင်စိန်က အမှတ်တရများအား
ပြန်ပြောင်းပြောပြသည်။

ဒုတိယကမ္ဘာစစ်အတွင်းက လုယက် ဖျက်ဆီးခြင်းခံခဲ့ရသော အဆောက်အအုံ များထဲတွင်
ရိုးကုန်တိုက်သည်လည်း အပါ အ၀င်ဖြစ်ခဲ့သော်လည်း နဂိုမူလ အတိုင်း ပြန်လည်ပြင်ဆင်ကာ
အရှေ့တိုင်း၏ံမေမသျိ ကုန်တိုက်ဟုတင်စားရ လောက် အောင် ပြန်လည်ရပ်တည်နိုင်ခဲ့ကြောင်း
မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ပြောသည်။

၁၉၆၄ ခုနှစ်တွင် ပြည်သူပိုင်သိမ်းခံခဲ့ ရပြီးမြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် တွင်
လုပ်သားကောလိပ်၏ စာကြည့်တိုက် အဖြစ် ခေတ္တအသုံးပြုခဲ့ပြီး ထိုအစိုးရ လက်ထက်တွင်ပင်
လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနလက်အောက် ရှိ သန်းခေါင်စာရင်းရုံးချုပ်အဖြစ်
နောက် ဆုံး အသုံးပြုခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် တွင် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသဖြင့် ၂၀၁၁ ခုနှစ်အစောပိုင်းတွင် ဆောက်လုပ်ရေး
ဝန်ကြီးဌာနက အဆိုပါ အဆောက်အအုံ ကို အမိုးသစ်တပ်ဆင်ခြင်း အပါအ၀င် ပြုပြင်မှုအချို့
ပြုလုပ်ခဲ့သည်။

ခေတ်မီနည်းပညာနဲ့ မူရင်း အငွေ့အသက် မပျောက် အောင် ပြန်လည်အသက် သွင်းလိုက်တဲ့၊
ရိုးကုန်တိုက် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့် ရှောက်ရေးအဖွဲ့၏ ဒုတိယမြောက်
အပြာ ရောင် ကမ္ပည်းမော်ကွန်းကို မဟာဗန္ဓုလ လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့် ရှိနှစ်
၁၀၀ ကျော်သက်တမ်းရှိ ရိုးကုမ္ပဏီ အဆောက်အအုံတွင် စက်တင်ဘာလ ၂၅ ရက်နေ့က
တပ်ဆင်ခဲ့သည်။

အဆိုပါ အဆောက်အအုံအား ဧရာဝတီ ဘဏ်ရုံးချုပ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး
မူလလက်ရာမပျက်အောင် ပြန်လည်မွမ်းမံခဲ့ခြင်း ဖြစ်သည်။

"ရိုးကုန်တိုက် အဆောက်အအုံကို ပြန်လည်ပြုပြင်ပြင်ဆင်နိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်
မိပါတယ်။ ဒီလိုပြုပြင် ထိန်းသိမ်းမှုက ရန်ကုန်မှာရှိတဲ့ အခြား သော ပုဂ္ဂလိကပိုင်အမွေအနှစ်
အဆောက် အအုံတွေကို ပြုပြင်ဖို့အားပေးရာ ရောက် မယ်လို့ မျှော်လင့်ပါတယ်" ဟု အဖွဲ့၏
တည် ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။

ရိုးကုန်တိုက် (Rowe & Company Department Store)သည် ၁၉၁၀ ပြည့်လွန် နှစ်များတွင်
အာရှ၏ခမ်းနားလှပသော ကုန်တိုက်စတိုးကြီးများထဲတွင် တစ်ခုအပါ အ၀င်ဖြစ်ခဲ့သည်။ ကုန်သည်
တစ်ဦးဖြစ်သူ မစ္စတာအာရ်ဗီရိုးသည် ၁၈၆၀ ပြည့်နှစ် ကတည်းက ရန်ကုန်မြို့၊ မဂိုလမ်း (ယခု
ရွှေဘုံသာလမ်း) တွင် ရိုးကုမ္ပဏီကို တည် ထောင်ခဲ့သည်။

ထို့နောက် ၁၉၀၈ ခုနှစ်တွင် ဒါလဟိုဇီလမ်းနှင့် ဘားလမ်းထောင့် (ယခု မဟာဗန္ဓုလလမ်းနှင့်
မဟာဗန္ဓုလ ပန်းခြံ လမ်းထောင့်) ရှိနေရာကို ၀ယ်ယူကာ နာမည်ကျော်ရိုးကုန်တိုက်ကို စတင်
တည် ဆောက်ခဲ့ပြီး ၁၉၁၀ တွင် ပြီးစီးခဲ့ကြောင်း အဖွဲ့မှ အကြီးတန်းပြန်ကြားရေးတာဝန်ခံ
ဒေါ်ရွှေယင်းမာဦးက ပြောသည်။

ရိုးကုန်တိုက်ကို မွမ်ဘိုင်းမြို့အခြေစိုက် နာမည်ကြီး ဗိသုကာကုမ္ပဏီဖြစ်သောMessrs.Charles
S.Steven & Co,. က ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်ကာ ဓာတ်လှေကား များ မျက်နှာကက်ပန်ကာများနှင့်
မြေ အောက်ခန်းများကို အစောဆုံး ထည့်သွင်း တည်ဆောက်ခဲ့သည့် အဆောက်အအုံ တစ်ခုဖြစ်
ကြောင်း ၎င်းကပြောသည်။

သို့သော် အသက် ၆၈ နှစ်ရှိ အငြိမ်းစား အရာရှိ ဦးတင်စိန်ကမူ ယခု ဧရာဝတီဘဏ် ရုံးချုပ်အဖြစ်
ပြင်ဆင်မွမ်းမံမှုများသည် ရိုးကုန်တိုက်အဖြစ် သက်ဝင်လှုပ်ရှားခဲ့စဉ် ကလောက် ခမ်းနားမှုမရှိဟု
ပြောသည်။

"ဘာမှမလုပ်၊ အသုံးမပြုဘဲ ထားတာ ထက်စာရင်တော့ ဒီလိုမူလလက်ရာမပျက် ပြန်လည်မွမ်းမံ
အသုံးပြုတယ်ဆိုတာက ကောင်းတာပေါ့။ ဒါပေမဲ့ အရင်ရိုးကုန်တိုက် ပုံစံက ပိုကြည့်ကောင်း၊
ပိုခမ်းနားတယ်လို့ ထင်တယ်" ဟု ၎င်းက ပြောသည်။

ဆယ်ကျော်သက်အရွယ်က ရိုးကုန်တိုက် တွင် အကြိမ်ရေအနည်းငယ်ဈေးဝယ်ထွက် ခဲ့ဖူးသော
ဦးတင်စိန်က ကုန်တိုက်၏ အစိမ်းခံပေါ်တွင် အဖြူရောင်စာလုံးများ ဖြင့်ဆိုင်းဘုတ်သည်ပင်လျှင်
၎င်း၏အမြင် တွင် အလွန်တရာ ခမ်းနားခဲ့သည်ဟု ပြောသည်။

"ဆိုင်းဘုတ်ပေါ်က စာလုံးပုံစံကအစ ဘယ်သူနဲ့မှမတူဘူး။ ရိုးရှင်းပြီး အရမ်း ကြည့်လို့ကောင်း
တယ်။ ကုန်တိုက်က အ၀ါရောင်နဲ့ နီညိုရောင်စပ်ထားတဲ့ အဆောက်အအုံပေါ့။ အဲဒီခေတ်က
ရိုး ကုန်တိုက်မှာ ဈေးဝယ်ထွက်ရတာက ဂုဏ် တစ်ခုပ်" ဟု ၎င်းက ပြောသည်။

နယ်ဘက်တွင်နေကြသူများ ရန်ကုန် မြို့သို့ လာရောက်လျှင် ရိုးကုန်တိုက်သို့ တကူးတက
သွားလေ့ရှိကြကြောင်း ဦးတင် စိန်က ပြောသည်။ "ရိုးကုန်တိုက်က ၀န်ထမ်းတွေက အရမ်း
ပျူငှာတယ်။ ပစ္စည်းလည်း စိတ်ချရတယ်။ ကလေးကို ဈေးဝယ်လွှတ်ရင်တောင် ပစ္စည်း မှားမှာ၊
မကောင်းမှာ မပူရဘူး။ အဲဒီတုန်းက နာမည်ကျော် Raleigh စက်ဘီးဆိုတာ အဲဒီ မှာပဲရတယ်။
ပစ္စည်းမရှိရင် အင်္ဂလန်ထိ လှမ်းမှာ ပေးတယ်။ ငယ်ငယ်တုန်းက ရိုးကုန်တိုက်တံဆိပ်နဲ့ အိတ်
လေးကိုင်ပြီး ထွက်လာရတာကိုပဲ ကျေနပ်စရာလေ" ဟု ဦးတင်စိန်က အမှတ်တရများအား
ပြန်ပြောင်းပြောပြသည်။

ဒုတိယကမ္ဘာစစ်အတွင်းက လုယက် ဖျက်ဆီးခြင်းခံခဲ့ရသော အဆောက်အအုံ များထဲတွင်
ရိုးကုန်တိုက်သည်လည်း အပါ အ၀င်ဖြစ်ခဲ့သော်လည်း နဂိုမူလ အတိုင်း ပြန်လည်ပြင်ဆင်
ကာ အရှေ့တိုင်း၏ Harrods ကုန်တိုက်ဟုတင်စားရ လောက် အောင် ပြန်လည်ရပ်တည်နိုင်
ခဲ့ကြောင်း မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ပြောသည်။ ၁၉၆၄ ခုနှစ်တွင် ပြည်သူပိုင်
သိမ်းခံခဲ့ ရပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် တွင် လုပ်သားကောလိပ်၏ စာကြည့်တိုက်
အဖြစ် ခေတ္တအသုံးပြုခဲ့ပြီး ထိုအစိုးရ လက်ထက်တွင်ပင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား
ဦးစီးဌာနလက်အောက် ရှိ သန်းခေါင်စာရင်းရုံးချုပ်အဖြစ် နောက် ဆုံး အသုံးပြုခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် တွင် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသဖြင့် ၂၀၁၁ ခုနှစ်အစောပိုင်းတွင် ဆောက်လုပ်ရေး
ဝန်ကြီးဌာနက အဆိုပါ အဆောက်အအုံ ကို အမိုးသစ်တပ်ဆင်ခြင်း အပါအ၀င် ပြုပြင်မှုအချို့
ပြုလုပ်ခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ