မရေရာမှုများကြောင့် ရန်ကုန်မြို့သစ်စီမံကိန်း ခေတ္တဆိုင်းငံ့

ရန်ကုန်မြို့သစ်စီမံကိန်းစတင်ရန် ကြေညာပြီးနောက်ပိုင်း ဩဂုတ်လကုန်ပိုင်းက ရန်ကုန် ဪ တွံတေး ကားလမ်းဘေးတစ်ဖက်တစ်ချက်ရှိ မြေနေရာများကို လာရောက်စုံစမ်းနေသူများကို တွေ့ရစဉ်။ ထိုကြေညာချက်ကြောင့် ထိုနေရာရှိ မြေကွက်ဈေးများ အဆမတန်မြင့်တက်သွားခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ဓာတ်ပုံ-ယုယုရန်ကုန်မြို့သစ်စီမံကိန်းစတင်ရန် ကြေညာပြီးနောက်ပိုင်း ဩဂုတ်လကုန်ပိုင်းက ရန်ကုန် ဪ တွံတေး ကားလမ်းဘေးတစ်ဖက်တစ်ချက်ရှိ မြေနေရာများကို လာရောက်စုံစမ်းနေသူများကို တွေ့ရစဉ်။ ထိုကြေညာချက်ကြောင့် ထိုနေရာရှိ မြေကွက်ဈေးများ အဆမတန်မြင့်တက်သွားခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ဓာတ်ပုံ-ယုယု

ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်ခံနေရသော ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က ထပ်မံလေ့လာ သုံးသပ်ရန် ကျန်ရှိနေသေးသည်ဟုဆိုကာ ဆိုင်းငံ့လိုက်ကြောင်း
စက်တင်ဘာ ၂၆ ရက်က ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော် အတွင်း ကြေညာလိုက်
သည့်အတွက် စီမံကိန်း နယ်မြေအတွင်းရှိ မြေဈေးနှုန်းများ သိသိသာသာ ထိုးကျသွားပြီး မြေ
အရောင်းအ၀ယ် များလည်း ရပ်တန့်သွားသည်။

မြို့သစ်စီမံကိန်းကြီး အကောင်အထည်ဖော်မည်ဟု ကြေညာပြီးချိန်တွင် စီမံကိန်း နယ်မြေအတွင်း
ရှိ မြေဈေးနှုန်းများမှာ တစ်ဧက လျှင် အနည်းဆုံး ငွေကျပ်သိန်း ၅၀၀ အထိ မြင့်တက်ခဲ့သော်လည်း
ကြေညာပြီး တစ်လ အကြာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က လေ့လာသုံးသပ်ရန်
ကျန်ရှိနေသေးသည်ဟုဆိုကာ စီမံကိန်းကို ဆိုင်းငံ့လိုက်ကြောင်း ရုတ်တရက်ကြေညာလိုက်ရာ
စီမံကိန်း အတွင်းရှိ မြေဈေးနှုန်းများမှာ တစ်ဝက်တိတိ ထိုးကျသွားခြင်းဖြစ်သည်။

"ဈေးကတော့ အရင်သိန်းငါးရာအထိ တက်ရာကနေ သိန်းနှစ်ရာအထိ ထိုးကျသွား တယ်။ တချို့
ဆို စရန်ကိုအရှုံးခံပြီး အဆက် အသွယ် မလုပ်တော့တာတောင် ရှိတယ်"ဟု တော်ဝင်နန်း အိမ်ခြံ
မြေအကျိုးဆောင်မှ တာဝန်ရှိသူက ပြောသည်။

စီမံကိန်းမြေများကို လိုက်လံဝယ်ယူသူ များထဲတွင်တရုတ်နှင့် ကိုရီးယားနိုင်ငံသား များ အ၀ယ်များ
ခဲ့ပြီး စီမံကိန်းမြေဧက ၃၀,၀၀၀ တွင် လယ်မြေဧကပေါင်း ၁၀,၀၀၀ ကျော်အထိ အရောင်းအ၀ယ်
ဖြစ်ခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"နိုင်ငံခြားသားတွေက စရန်ပြန်တောင်းတာ မျိုးမရှိသလို ကျန်တဲ့ငွေလည်း ထပ်ပေးတာမျိုး မရှိဘူး။
ထပ်ကို မဆက်သွယ်တော့ဘူး။ တချို့ ဆိုရင် အစိုးရကိုမယုံရဲတော့ဘူးဆိုပြီး ပြောဆို တာမျိုးတွေ
တောင်ရှိတယ်"ဟု အကျိုးဆောင် တစ်ဦးက ပြောသည်။ ရန်ကုန်မြို့သစ်စီမံကိန်းအကောင်
အထည် ဖော်မည်ဟု အစိုးရအဖွဲ့က မကြေညာခင်အချိန် ကတည်းက တွံတေးမြို့နယ်အတွင်းရှိ
မြေကွက် အချို့ကို ရှောင်စန်းအမည်ရှိ တရုတ်နိုင်ငံသား စစ်စစ်ဖြစ်သူက တစ်ဧကလျှင် ငွေကျပ်
သိန်းသုံးဆယ်ပေးကာ လိုက်လံဝယ်ယူခဲ့ကြောင်း တော်ဝင်နန်းအိမ်ခြံမြေ အကျိုးဆောင်မှ တာဝန်
ရှိသူက ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်းကလည်း Twenty- Four ကုမ္ပဏီ၊ Yangon Crown ကုမ္ပဏီနှင့်
ရဲမှူးအဖွဲ့ဟူ၍ အဖွဲ့သုံးဖွဲ့က မြေကွက်များကို လိုက်လံ ၀ယ်ယူခဲ့ခြင်းမျိုး ရှိကြောင်း အဖွဲ့သုံးဖွဲ့၏
နောက်တွင် မည်သူရှိနေသည်နှင့် မည်သည့်အတွက်ကြောင့် မြေကွက်များ လိုက်လံဝယ်ယူနေ
သည်ကို မသိခဲ့ရကြောင်း ၎င်းကပြောသည်။

Yangon Crown ကုမ္ပဏီ၏ အခွဲဖြစ်သော Crown Advanced Construction ကုမ္ပဏီ သည်
ဟံသာဝတီကားပွဲစားတန်းနေရာတွင် တည်ဆောက် နေသော  Time Cityအမည်ရှိ အဆင့်မြင့်
အိမ်ရာ စီမံကိန်းကိုလည်း တည် ဆောက်လျက်ရှိသည်။ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်
အထည်ဖော်ရန် မူအားဖြင့်ခွင့်ပြုချက်ရရှိထားသော မြန်မာ့စေတနာမြို့သစ်ကုမ္ပဏီ သည်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် တွင် တိုက်အမှတ်(၂)၊ ဦးရွှေဘင်လမ်းနှင့် မြတ်ဧရာ
လမ်းသွယ်၊ ရွှေပြည်သာစက်မှုဇုန် အမှတ်(၃)၊ ရွှေပြည်သာမြို့နယ်ဖြင့် ၂၀၁၃ ခုနှစ် တွင်
ကုမ္ပဏီလိပ်စာကို မှတ်ပုံတင်ထားသော် လည်း စက်တင်ဘာလ နောက်ဆုံးပတ်က သွားရောက်
ရှာဖွေသော်လည်း မတွေ့ရှိခဲ့ပေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ