မြန်မာဖောက်သည်တွေ၊အားပေးမှုနဲ့ အောင်မြင်လာကြတဲ့ ရန်ကုန်မြို့က ဂျပန်ရိုးရာစားသောက်ဆိုင်တွေ

ဆော်လမွန်ငါးကင်၊ ကဏန်းထမင်းလိပ်နဲ့ တန်ပူရာခေါက်ဆွဲပြုတ်တွေက မြန်မာ့ရိုးရာ အစားအစာ
တွေ မဟုတ်ပေမယ့် ဒီအစားအစာတွေ ၀ယ်ယူရနိုင်မယ့် နိုင်ငံတကာ အဆင့်မီ ဂျပန်ရိုးရာ
စားသောက်ဆိုင်တွေ ရန်ကုန်မြို့မှာ ပေါ်ထွက်လာခဲ့ပါပြီ။ မြန်မာ့ရိုးရာ အစားအစာတွေနဲ့ နည်းနည်း
လေးမှမတူညီတဲ့ ဂျပန်ရိုးရာအစားအစာတွေ က မြန်မာလူမျိုးတွေကို အချိန်တိုလေးအတွင်း မှာ
ဖမ်းစားနိုင်ခဲ့တဲ့အတွက် ဂျပန်ရိုးရာစားသောက်ဆိုင်တွေဟာ ရန်ကုန်မြို့မှာ တော် တော်များများ
ပေါ်ထွက်လာခဲ့ကြတာပဲ ဖြစ်ပါ တယ်။

ဂျပန်စားသောက်ဆိုင်တွေက ဂျပန်၊ ကိုရီး ယားနဲ့ ဥရောပသားတွေအတွက်ရည်ရွယ်ဖွင့် လှစ်ခဲ့ကြ
ပေမယ့် မြန်မာလူမျိုးတွေလည်း နှစ် သက်စွာ စားသောက်လာကြလို့ ထိုင်းနဲ့ တရုတ် ရိုးရာ စား
သောက်ဆိုင်တွေထက် ရန်ကုန်မှာ ပိုအောင်မြင်လာကြတယ်လို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်အလယ်
လမ်းမှာ ဖွင့်လှစ်ထားတဲ့ Sushi House ဆိုင်ခွဲ ၁ က မန်နေဂျာ ဦးကြည်ဝင်းက ပြောပါတယ်။

  Little Tokyo ဂျပန်ရိုးရာ စားသောက်ဆိုင် က မန်နေဂျာ ဦးအောင်ကျော်ထိုက်ကလည်း
နေ့လယ်ခင်း၊ ညနေခင်းတွေမှာ အဆာပြေစား ဖို့ သင့်တော်တဲ့ ဂျပန်ရိုးရာအစားအသောက်
တွေကို မြန်မာလူမျိုးတွေ မြိန်ယှက်စွာ စားသောက်လာကြတဲ့အတွက် ဂျပန်ရိုးရာ စားသောက်
ဆိုင်တွေ ရန်ကုန်မြို့တစ်ဝိုက် မှာ သိသိသာသာ များပြားလာတယ်လို့ ပြောပါတယ်။

"အမေရိကန်နိုင်ငံမှာလည်း ဂျပန်ရိုးရာ စားသောက်ဆိုင်တွေ အောင်မြင်ကြတယ်လို့ ကြားရတယ်။
ဥရောပနဲ့ အမေရိကားက လူတွေ ဂျပန်ရိုးရာအစားအသောက်တွေကို နှစ်ခြိုက်လာကြတယ်။
ဒါကြောင့် ရန်ကုန် မှာ ဒီနိုင်ငံခြားသားတွေ အ၀င်များလာတဲ့ အချိန်မှာ ဂျပန်စားသောက်ဆိုင်တွေ
လည်း နာမည်ကြီးလာတာ ဖြစ်နိုင်ပါတယ်"လို့ ဦးကြည်ဝင်းက ပြောပါတယ်။

Little Tokyoဂျပန်ရိုးရာ စားသောက်ဆိုင် မန်နေဂျာ ဦးအောင်ကျော်ထိုက်က ဂျပန်ရိုးရာစားသောက်ဆိုင်တွေဟာ နိုင်ငံခြားသားတွေကိုသာမက မြန်မာလူမျိုးတွေလာရောက်
စားသောက်ကြဖို့လည်း ပစ်မှတ်ထားကြပြီး မြန်မာ ဖောက်သည်တွေ မကြာခဏ လာရောက်သုံး
ဆောင်နိုင်အောင် သင့်တော်တဲ့နှုန်းထားပြုလုပ်ပေးထားပါတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ဆိုင်ကို မြန်မာလူမျိုးတွေ နဲ့ နိုင်ငံခြားသား လာရောက်စားသုံးနှုန်းက အချိုးညီတဲ့
အပြင် တစ်ခါတလေ မြန်မာ လူမျိုးတွေတောင် ပိုလာကြတယ်လို့ ပြောလို့ ရပါတယ်။ တစ်ခါ
တလေမှာ မတူညီတဲ့အစားအသောက်တွေကို မြည်းစမ်းစားချင်လေ့ရှိ ကြတယ်။ ဒါကြောင့်
မြန်မာ့ရိုးရာ အစား အသောက်တွေနဲ့ နည်းနည်းမှမတူတဲ့ ဂျပန်ရိုးရာအစားအစာတွေကို လာစားကြ
တယ်လို့ ထင်ပါတယ်။ ဂျပန်ရိုးရာ အစားအစာတွေ က နေ့လယ်နေ့ခင်းနဲ့ ညနေခင်းဘက်တွေ မှာ
အဆာပြေစားဖို့ သင့်တော်ပြီး ဈေးလည်း တန်လို့ မြန်မာဖောက်သည်တွေ လာစားကြ တာပါ"လို့
သူက ပြောပါတယ်။

Japanese Sushi ဆိုင်ခွဲ ၁ ရဲ့မန်နေဂျာ ဦးကြည်ဝင်းက "မြန်မာလူမျိုးတွေ ဂျပန်အစား အစာတွေ
ကို နှစ်ခြိုက်စွာ စားတာတွေ့တော့ ကျွန်တော်အံ့အားသင့်မိတယ်။ များသောအားဖြင့် မြန်မာလူမျိုး
တွေက သက်သတ်လွတ် စားတတ်ကြပြီး ဟင်းဆိုရင်လည်း ကျက်အောင် ချက်ပြီးမှစားတတ်ကြ
ပေမယ့် တချို့လူကြီး တွေဆို မယုံနိုင်လောက်အောင် မချက်ဘဲ အစိမ်းနီးနီးစားရတဲ့ ဂျပန်အစား
အစာတွေကို တစ်ပွဲနှစ်ပွဲမဟုတ်ဘဲ အ၀စားကြတယ်" လို့ ပြောပါတယ်။

တချို့မြန်မာဖောက်သည်တွေက တစ်ပွဲ နှစ်ပွဲ အဆာပြေလောက်ပဲ ဂျပန် အစားအစာ တွေကို
စားတတ်ကြပေမယ့် တချို့တွေက ထမင်းလွတ် ပုံမှန်အ၀စားတဲ့သူတွေလည်း ရှိပါတယ်လို့
သူကပြောပါတယ်။ "ဆိုင်ရဲ့ရောင်းအားက နှစ်စဉ်တက်နေ ပါတယ်။ နာမည်ကြီး ရုပ်ရှင်မင်းသမီး
တွေနဲ့ သံရုံးတွေက အမြဲအော်ဒါမှာတတ်ပြီး အဆိုတော် တွေလည်း ဆိုင်မှာခဏခဏ လာစားကြ
ပါ တယ်။မွေးနေ့ပွဲတွေ၊ မိတ်ဆုံစားပွဲတွေကို ဆိုင်မှာလာကျင်းပကြသူတွေလည်း ရှိပါတယ်" လို့
လွန်ခဲ့တဲ့ ရှစ်နှစ်ခန့်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်မှာ ဆိုင်ခွဲနှစ်ခု ထပ်မံဖွင့်လှစ် ထားတဲ့  ရဲ့
မန်နေဂျာက ပြောပါတယ်။

ဒါပေမဲ့လည်း ဂျပန်ရိုးရာစားသောက်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ မလွယ်ကူကြောင်းနဲ့ ကျွမ်းကျင် လုပ်သား
လည်း ရှားပါးပြီး လွန်ခဲ့တဲ့သုံးနှစ် လောက်က ဂျပန်စားသောက်ဆိုင်လုပ်ငန်း စတင်ခဲ့ပြီး ပြီးခဲ့တဲ့
သုံးလလောက်ကဲကညခအငသညှဆကမေန မှာ ဆိုင်ခွဲဖွင့်နိုင်ခဲ့တဲူ့ငအအူနွှသုပသဂျပန်ရိုးရာ
စားသောက်ဆိုင် မန်နေဂျာက ပြောပါတယ်။

"ဂျပန်အစားအစာတွေအတွက် ဂျပန်အမဲသား၊ ဆော်လမွန်ငါး၊ တူနာငါးနဲ့ တခြား ဂျပန်ရိုးရာ
ကုန်ကြမ်းပစ္စည်းတွေ ၀ယ်တဲ့ နေရာမှာ အခက်အခဲနည်းနည်းရှိပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေနဲ့
ချိတ်ဆက်ဝယ်ယူရပါတယ်။ ဂျပန်ရိုးရာ စားသောက်ဆိုင် အတွက် ကျွမ်းကျင်စားဖိုမှုးရှားပါးတာက
လည်း ဂျပန်ရိုးရာ စားသောက်ဆိုင်ဖွင့်ရာမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲက တစ်ခုဖြစ် ပါတယ်"
လို့ သူက ပြောပါတယ်။

ကျွမ်းကျင်စားဖိုမှုးရှားပါးတာနဲ့ ကုန်ကြမ်း ၀ယ်ယူရာမှာ ခက်ခဲမှုဒဏ်ကို ဂျပန်ရိုးရာ စားသောက်ဆိုင်
ရှင်အားလုံးနီးပါး တွေ့ကြုံ နေရတာဖြစ်ပါတယ်။ Little Tokyo-မန်နေဂျာ ဦးကြည်ဝင်းက အစား
အစာကုန်ကြမ်းတွေကို တစ်လစာကြိုဝယ်ပြီး ရေခဲသေတ္တာကြီးတွေ နဲ့ သိမ်းဆည်းရကြောင်း ပြော
ပါတယ်။ ဂျပန်အစားအစာကို နှစ်ခြိုက်စွာစားသုံး သူတစ်ဦးဖြစ်သူ မသီတာသော်က ဂျပန်အစား
အစာတွေမှာ ဆီလုံးဝမပါဝင်လို့ ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့်ညနေခင်းမှာ ပုံမှန် စားလေ့ရှိ
ကြောင်း ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ