ဆောက်လုပ်ရေးနှင့် အိမ်အတွင်းပိုင်းဒီဇိုင်းပြပွဲကို ယခုလအတွင်း ကျင်းပမည်

ခေတ်မီ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များနှင့် အိမ်တွင်းပိုင်း ဒီဇိုင်းများကို ခင်းကျင်း
ပြသမည့် ဒုတိယအကြိမ်မြောက်Myanmar Build & Decor ၂၀၁၅ ပြပွဲကို Myanmar
Event Park တွင် အောက်တိုဘာလ ၂၂ ရက် မှ ၂၄ ရက်ထိ ပြသသွားမည်ဖြစ်ကြောင်း
ထိုပြပွဲစီစဉ်သူ ICVEX က စီမံကိန်းမန်နေဂျာ Mr. Ajinveat Vhong-thong က ပြောသည်။

"ဒီပြပွဲမှာ ဆောက်လုပ်ရေးနယ်ပယ်ရှိ နည်းပညာသစ်များ၊ အတွေ့အကြုံများကို
တွေ့ဆုံဆွေးနွေးနိုင်မယ့်အပြင် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အိမ်အတွင်းပိုင်း
ပြင်ဆင်မှုများ၊ ပရိဘောဂ အသုံးအဆောင် ပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများကိုလည်း
လေ့လာနိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ထိုပြပွဲတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းနှင့် အခြားဒေသ
တွင်းက စီးပွားရေးလုပ်ငန်းရှင် များ ပါဝင်ပြသမည်ဖြစ်ကာ ကုမ္ပဏီလုပ်ငန်းပေါင်း ၁၄၀ ကျော်မှ ပါဝင်ပြသမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပပညာရှင်များက ဆွေးနွေး ဟောပြောသွားမည် ဖြစ်သည်။

"မြန်မာနိုင်ငံဆောက်လုပ်ရေးကဏ္ဍ ပိုမို တိုးတက်ဖို့ နောက်ဆုံးပေါ်နည်းပညာသစ်တွေနဲ့
ပညာရှင်တွေရဲ့ အကြံပေးချက်တွေ ပိုလိုအပ်နေပါသေးတယ်။ ဒီဟောပြောပွဲတွေက
မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ လိုအပ်တဲ့ နည်းပညာလိုအပ်ချက် ကွက်လပ်ကို
ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အေဂျီတီအိုင်အဖွဲ့က မြန်မာနိုင်ငံ
ဆောက်လုပ်ရေးနှင့် အိမ်အလှဆင်ခြင်းစာမျက်နှာသစ်ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲ
ပြုလုပ်ပေးမှာဖြစ်ပါတယ်"ဟု အေဂျီတီအိုင် (Myanmar Associateship of Government
Technical Institute Society) က ဦးငြိမ်းအောင်က ပြောသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍသည်နှစ်စဉ် ရှစ်ရာခိုင်နှုန်းခန့် ပုံမှန်တိုးတက်သွားမည်ဟု
ပညာရှင်များ ခန့်မှန်းထားပြီး ရန်ကုန်မြို့သည် အာရှ၏ ဖွံ့ဖြိုးစ ထိပ်တန်း ရင်းနှီးမြှုပ်နှံမှု
ဈေးကွက်ငါးခုတွင် တစ်ခုအပါအ၀င် ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ