WAIDE ၏ Home Galaxy Interior Mall ဖွင့်လှစ်

WAIDE International Trading ကုမ္ပဏီလီမိတက်မှ ကြီးမှူးဖွင့်လှစ်သော Home Galaxy
Interior Mall ဖွင့်ပွဲ အခမ်းအနားကို ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ Junction Square ရှော့
ပင်း စင်တာတွင် အောက်တိုဘာလ ၁၄ ရက် နေ့က ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဉာဏ်
ထွန်းဦးမှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး Junction Square ပိုင်ရှင်ဦးအိုက် ထွန်း၊ WAI DE
မှ ဥက္ကဋ္ဌ ဦးကျော်ဇေ ယျ၊ WAI DE မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နန္ဒာဝေဒီ၊ သရုပ်ဆောင် ထပ်
ဆင့် အကယ်ဒမီစိုးမြတ်သူဇာနှင့် အကယ်ဒမီ သက်မွန်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြ
သည်။

အထပ်ငါးထပ်ပါရှိသော Home Galaxy Interior Mall ကို ပြင်ဆင် မွမ်းမံချိန် ခြောက်လခန့်
ကြာမြင့်ခဲ့ပြီး မြေညီထပ်တွင် အဆင့်မြင့်ကြွေပြား အရောင်းပြခန်းများ၊ ပထမထပ်တွင် MIPAI
အမှတ်တံဆိပ်အဆင့်မြင့် မီးသီး၊ မီးဆိုင်းများ၊ ဒုတိယထပ်တွင် အဆင့်မြင့် ခေတ်မီပရိဘောဂ
အသုံး အဆောင်များ၊ တတိယထပ်တွင် classic high-end ပရိဘောဂအသုံးအဆောင် များ
ကို တစ်ထပ်ချင်းစီတွင် အရောင်း ပြခန်းများဖြင့် ပြသထားသည်။

Home Galaxy Interior Mall တွင် အရည်အသွေးမြင့် ပထမတန်းစား Ceramics၊ Granite၊
Marble ကျောက်ပြားအမျိုးမျိုး၊ ၂၀၁၂ နည်းပညာအသစ်ဖြစ်သော 3D Micro Crystal
Stone အမျိုးမျိုး၊ ကိုရီးယား နိုင်ငံမှ vinyl ကြမ်းခင်းများ၊ နံရံကပ် wallpaper များ၊ အဆင့်
အတန်းမြင့် modern classic နှင့် Elegant furniture၊ အိမ်အလှဆင်မီးဆိုင်းများနှင့်
Lighting အမျိုးမျိုးတို့ကို ရရှိနိုင်ကြောင်း သိရသည်။

WAIDE မှ ဖွင့်ပွဲအထိမ်း အမှတ်အဖြစ် ဖွင့်ပွဲကျင်းပသည့် အောက်တိုဘာလ ၁၄ ရက်မှ
နိုဝင်ဘာ ၃ ရက်အထိ ပရိုမိုးရှင်းကာလအဖြစ် သတ်မှတ်ကာ အထူးလျှော့ဈေးနှုန်းများ
ဖြင့်ရောင်းချပေးသွားမည်ဟုသိရသည်။

Home Galaxy Interior Mall မှ တင်သွင်းသည့် Brand များမှာ အရည်အသွေးမြင့်
ပထမတန်းစား Ceramics Tiles, Micro Crystal Stone နှင့် Granite, Marble အ
မျိုးမျိုး၊ ကိုရီးယားနိုင်ငံထုတ် Eco Art Tile နှင့် Vinyl Floor အမျိုးမျိုး၊ နံရံကပ်
Wallpaper အမျိုးမျိုး၊ MIPAI Lighting (LED High Grade Brand)၊ Gravol
Professional Office Choice, Emmy Classical High- End Furniture နှင့် Home
Decorative Accessories အမျိုးမျိုးတို့ကို မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်
အဖြစ် တင်သွင်းဖြန့်ချိ ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ