အဆင့်မြင့်မြင့်နေချင်သူတွေ အတွက် တည်ဆောက်ပုံ ဒီဇိုင်းဆန်းတဲ့ လုံးချင်းအိမ်သစ်

တည်နေရာ - မလိခအိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်။ ဈေးနှုန်း - ကျပ်သိန်း ၅,၂၀၀ (အရောင်း) (ညှိနှိုင်း)။ ဖုန်း-၀၉ ၄၃၁၂၇၂၈၈။ ဆက်သွယ်ရန် - (မြ)ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်။ (ငြိမ်းမောင် / မြန်မာတိုင်း(မ်))တည်နေရာ - မလိခအိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်။ ဈေးနှုန်း - ကျပ်သိန်း ၅,၂၀၀ (အရောင်း) (ညှိနှိုင်း)။ ဖုန်း-၀၉ ၄၃၁၂၇၂၈၈။ ဆက်သွယ်ရန် - (မြ)ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်။ (ငြိမ်းမောင် / မြန်မာတိုင်း(မ်))

ဒီတစ်ပတ် စိတ်ကြိုက်အိမ်အတွက် သင်္ဃန်းကျွန်းမြို့နယ်၊ မလိခအိမ်ရာထဲ မှာရှိတဲ့ လုံးချင်း
အရောင်းအိမ်တစ်အိမ် ကို ရွေးချယ်ကြည့်ရှုခဲ့ပါတယ်။ ဒီအိမ်ကို Farther Land ဆောက်
လုပ်ရေးက ဒီဇိုင်းဆွဲပြီး တာဝန်ယူဆောက်လုပ်ပေး ထားတာဖြစ်ပါတယ်။

ဒီခြံရဲ့ အကျယ်က စတုရန်းပေ ၃,၀၀၀ ရှိတဲ့အတွက် အရမ်းလည်း မကျယ် အရမ်းလည်း
မကျဉ်းလှပါဘူး။ ဒါပေမယ့် အိမ်ကိုတော့ ခြံနဲ့ ယှဉ်ရင် ခပ်ကြီးကြီးဆောက်ထားပါတယ်။

ခြံတစ်ခုလုံးကို ကျောက်ပြားတွေ ခင်းထားပါတယ်။ နောက်ပြီး အိမ်နဲ့ ဆက်ရက် ကားဂိုဒေါင်
အပြင် အပို ကားဂိုဒေါင်လည်း ပြုလုပ်ထားတာမို့ ကားနှစ်စီးလောက် အသာလေးထည့်လို့
ရပါတယ်။

ခြံထဲမှာ လျှောက်ကြည့်ပြီးလို့ အိမ်ထဲ ၀င်တဲ့အခါမှာတော့ အိမ်ထဲမှာလည်း အတွင်းပိုင်းပြင်ဆင်
မှုကို အကုန်ကျ များများခံပြီး ပြင်ဆင်ထားတာကို သေချာသတိထားမိခဲ့ပါတယ်။

အိမ်ရဲ့ မျက်နှာ ကြက်တွေကိုလည်း ဂျက်စတင် ဘုတ်တွေ၊ မီးဆိုင်းဆန်းဆန်းတွေနဲ့ အလှဆင်
ထားပါတယ်။ အိမ်ထဲကို ၀င်ဝင်ချင်းမှာ ဧည့်ခန်းဖွဲ့ စည်းထားတာကို တွေ့ရပါတယ်။

သူ့ အနောက်မှာတော့ ထမင်းစားခန်းရှိပြီး ထမင်းစားခန်းနဲ့ ဧည့်ခန်းကို အလူမီနီယံ မှန်လျှော
တံခါးတွေနဲ့ အကန့်လုပ်ပြီး ခြား ထားတာကိုတွေ့ရပါတယ်။

နောက်ပြီး ထမင်းစားခန်းရဲ့ ဘေးမှာတော့ အောက်ကို လေးထစ်လောက်နဲ့ ဆင်းရ တဲ့ အနိမ့်
ပုံစံပြုလုပ်ထားတဲ့ ရေချိုးခန်း အိမ်သာအခန်းရှိပါတယ်။ သူ့ရဲ့ အပေါ် မှာတော့ အပေါ်ထပ်ကို
တက်တဲ့ လှေကားရှိပါတယ်။

လှေကားဘေးမှာ ရေချိုးခန်းအိမ်သာပါတဲ့ အိပ်ခန်း ကျယ်တစ်ခန်းလည်း ရှိပါသေးတယ်။ ထမင်း
စားခန်းရဲ့ နောက်မှာတော့ မီးဖိုချောင်ခန်းပါ။ မီးဖိုချောင်ကိုလည်း ကြမ်းခင်းရော နံရံတွေပါ
ကြွေပြားတွေ ကပ်ပြီး သေသေချာချာလေးပြင်ဆင် ထားပါတယ်။

အောက်ထပ်ရဲ့ ကြမ်းခင်း အားလုံးကိုလည်း ကြွေပြားတွေ ခင်း ထားပါတယ်။ အဲဒီနောက်
အလူမီနီယံ လက်ရန်းနဲ့ ကိုရီးယားပါကေးခင်းထားတဲ့ လှေကား ထစ်တွေကနေ အပေါ်ထပ်ကို
တက် ကြည့်ခဲ့ပါတယ်။

အပေါ်ထပ်ကို ရောက်ရောက်ချင်း မြင်ရတဲ့ အခန်းက တော့ ဘုရားခန်းပါပဲ။ သူ့ကိုတော့ သီးခြား
အခန်း မဖွဲ့ထားပါဘူး။ ဘုရား ခန်းရဲ့ အနောက်ဘက်မှာတော့ ရေချိုး ခန်း အိမ်သာပါတဲ့ အိပ်ခန်း
ကျယ် နှစ်ခန်းက ကပ်လျက်ရှိပါတယ်။

အရှေ့ ဘက်မှာတော့ ရိုးရိုးအိပ်ခန်းရှိပြီး သူ့ရဲ့ အရှေ့ဘက်မှာတော့ အိမ်ရဲ့ အရှေ့ ဘက်ကို ထုတ်
ထားတဲ့ ၀ရန်တာကျယ် တစ်ခုပါ။ အပေါ်ထပ်ကိုတော့ ပါကေး ခင်းထားပါတယ်။

ဒီအိမ်လေးက နှစ်ထပ်အိမ်လေး ဆိုတော့စိတ်ကြိုက်ကြည့်ပြီးပြီလို့ ထင်ခဲ့ ပေမယ့် အပေါ်ဆုံးမှာ
ဝရန်တာကျယ် ကြီးတစ်ခုကျန်သေးလို့ဆက်ပြီးတက် ကြည့်ဖြစ်ခဲ့ပါတယ်။

အဲဒါကတော့ ဒီအိမ်ရဲ့ ထူးခြားတဲ့ တည်ဆောက်မှု တစ်ခုဖြစ်တဲ့ အိမ်ရဲ့အမိုးကို ခေါင်နဲ့ မပြုလုပ်
ထားပဲ စလပ်ပြားနဲ့ပြုလုပ်ထား တာမို့ အပေါ်မှာ ၀ရန်တာကျယ်တစ်ခု ဖွဲ့စည်းထားနိုင်တာပါ။

လေကောင်း လေသန့်ရပြီး နံနက်ခင်းမှာ လေ့ကျင့်ခန်း ပြုလုပ်ချင်သူတွေ အဆင်ပြေမှာပါ။
ဆောက်လုပ်ပြီးစီးတာ တစ်နှစ်ပဲ ရှိသေးတဲ့ အိမ်သစ်လည်းဖြစ်သလို အတွင်းပိုင်း ပြင်ဆင်မှုကို
လည်း ဒီဇိုင်း အား ကောင်းကောင်းနဲ့ ပြုလုပ်ထားတဲ့ အတွက် အဆင်သင့်နေချင်သူတွေ
အဆင်ပြေမှာပါ။

ဒါပေမယ့် ဒီအိမ်က ဖွဲ့စည်းမှုပိုင်းကို ခပ်ဆန်းဆန်း ပြုလုပ်ထားတဲ့အတွက် ရိုးရှင်းတဲ့ ပုံစံမရှိ
တာကြောင့် ပရိဘောဂတွေ အများကြီးထည့်လို့ အဆင်မပြေလှဘူး လို့တော့ ထင်ပါတယ်။
ဒီအိမ်မှာ ဂျိုးဖြူရေရော၊ အ၀ီစိရေပါ နှစ်မျိုးစလုံးရနိုင်ပါတယ်။ ဖုန်းတစ်လုံး ပါဝင်ပြီး အဲကွန်းက
ငါးလုံးပါပါတယ်။

မီတာကလည်း ရိုးရိုးမီတာရော ပါဝါ မီတာပါ ရှိပါတယ်။ အနီးနားမှာလည်း သင်္ဃန်းကျွန်းဈေး၊
လေးထောင့်ကန် ဈေးတွေရှိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ