ကျယ်ဝန်းတဲ့ဖွဲ့စည်းပုံရှိတဲ့ ရန်ကုန်မြို့ရဲ့ အချက်အချာနေရာက ကွန်ဒိုတိုက်ခန်း

တည်နေရာ - ၀ါးတန်းလမ်းမပေါ်၊ လသာမြို့နယ်။ ဈေးနှုန်း - ကျပ်သိန်း(၂,၀၅၀)(အရောင်း)(ညှိနှိုင်း)။၊ဖုန်း-၀၉ ၄၃၁၂၇၂၈၈။ ဆက်သွယ်ရန် - ကိုမင်းမင်းစိုး အိမ်၊ ခြံ၊ မြေ အကျိုးဆောင်။ (ဘူးသီး / မြန်မာတိုင်း(မ်))တည်နေရာ - ၀ါးတန်းလမ်းမပေါ်၊ လသာမြို့နယ်။ ဈေးနှုန်း - ကျပ်သိန်း(၂,၀၅၀)(အရောင်း)(ညှိနှိုင်း)။၊ဖုန်း-၀၉ ၄၃၁၂၇၂၈၈။ ဆက်သွယ်ရန် - ကိုမင်းမင်းစိုး အိမ်၊ ခြံ၊ မြေ အကျိုးဆောင်။ (ဘူးသီး / မြန်မာတိုင်း(မ်))

ဒီအပတ်အတွက်တော့ လသာမြို့နယ် ရဲ့ နေရာအချက်အချာ ကျကျ မှာရှိတဲ့ ၀ါးတန်း
လမ်းမပေါ်က ကွန်ဒို တိုက်ခန်းတစ်ခန်းကို ဖော်ပြပေးလိုက်ပါတယ်။

ဒီကွန်ဒို တိုက်ခန်းလေးက အရောင်းဖြစ်ပြီး Mother Land ကုမ္ပဏီ က ဆောက်လုပ်ပေး
ထားတာ လေးငါး နှစ်သက်တမ်းပဲ ရှိသေးတာမို့ ဒီဇိုင်းနဲ့ အခန်းအပြင်အဆင်တွေက အရမ်း
မဟောင်းသေးပါဘူး။

ဒီကွန်ဒိုတိုက်ခန်းလေးက တော်တော် လေးကျယ်ပါတယ်။ သူ့ရဲ့ စတုရန်းပေ က ၂,၂၇၇ ပါ။
တိုက်ခန်းကိုမှ ကျယ်ကျယ်ဝန်းဝန်း နေချင်သူတွေ အတွက် အရမ်းကို အဆင်ပြေလှမယ့်
ကွန်ဒိုတိုက်ခန်းလေးလို့မြင်မိပါတယ်။

ဒီကွန်ဒိုတိုက်ခန်းက ခြောက်လွှာ မှာရှိပြီး ဓာတ်လှေကားလည်းပါတာမို့ အတက်အဆင်းပြု
လုပ်တဲ့အခါမှာ လည်း အခက် အခဲတွေ့မှာမဟုတ်ပါဘူး။

ကွန်ဒိုတိုက်ခန်းထဲ ၀င်ကြည့်တော့ လည်း အိပ်ခန်းတွေနဲ့ ထမင်းစား ဆောင်ကလွဲပြီး
ကျန်တဲ့နေရာတွေကို ပါကေးပုံစံကျောက်ပြားတွေ ခင်းထားတာက အမြင်တစ်မျိုးဖြစ်
သွားစေ ပါတယ်။

နောက်ပြီး ၀င်ဝင်ချင်းမှာ တွေ့ရမယ့် အခန်းကတော့ ဧည့်ခန်းပြုလုပ်လို့ အဆင်ပြေမယ့်
ကျယ်ဝန်းလှတဲ့နေရာ လွတ်တစ်ခုပါပဲ။ အရမ်းကျယ်ဝန်း တဲ့အတွက် ဧည့်ခန်းအပြင်
ဘုရား ခန်းလေးပါ ပြုလုပ်လို့အဆင်ပြေမှာပါ။သူရဲ့ နောက်မှာတော့ အိပ်ခန်းတွေရှိပါတယ်။

အိပ်ခန်းတွေရဲ့ ဘယ်ခြမ်းမှာ မီးဖိုခန်းကိုသွားတဲ့ လျှောက်လမ်း ကျယ်တစ်ခုလည်း
ရှိပါသေးတယ်။ အဲဒီ လျှောက်လမ်းကို တခြားတိုက်ခန်းတွေ နဲ့မတူ ခပ်ကျယ်ကျယ်ပြု
လုပ်ထားတော့ သွားရလာရတာ အဆင်ပြေစေပါတယ်။

အိပ်ခန်းကတော့ ရေချိုးခန်းအိမ်သာ တွဲရက်ပါတဲ့ အခန်းကတစ်ခန်း၊ ရိုးရိုး အိပ်ခန်းက
တစ်ခန်း စုစုပေါင်း နှစ်ခန်းပါ။ အိပ်ခန်းတွေကိုတော့ ကျွန်းပါကေး ခင်းထားပါတယ်။

အိပ်ခန်းထဲမှာတော့ ပြင်ဆင်မှုကတော့ ထူးထူးခြားခြား မတွေ့ရပါဘူး။ အိပ်ခန်းတွေရဲ့
နောက်ဆုံးမှာတော့ မီးဖိုချောင်ခန်းကို တွေ့ရပါတယ်။ မီးဖို ခန်းကလည်း ကျယ်ဝန်းတာမို့
ထမင်းစား ခန်းကိုလည်း အဲဒီအခန်းမှာပဲ ပြုလုပ်လို့ အဆင်ပြေမှာပါ။

ဒါပေမယ့် ထမင်းစားခန်း သက်သက် ပြုလုပ်ဖို့အတွက် အခန်းသီးသန့်တော့ မပါပါဘူး။
နောက်ပြီး မီးဖိုခန်းရဲ့ ညာဖက်ခြမ်းမှာ တော့ ရေချိုးခန်းတစ်ခန်း အိမ်သာ တစ်ခန်း သပ်သပ်
ပါရှိပါသေးတယ်။ ဒီတိုက်ခန်းလေးက မိသားစုများများ နေမယ်ဆိုရင်လည်း အဆင်ပြေမယ့်
တိုက်ခန်းလေးပါ။

ဒီတိုက်ခန်းက အရောင်းဖြစ်ပြီး ဈေးနှုန်းက ကျပ်သိန်း ၂,၀၅၀ မို့ ဈေးနည်းနည်းကြီးတယ်လို့
ထင်ရပေမယ့်တိုက်ခန်းတည်ရှိရာ နေရာ ဒေသနဲ့ တိုက်ခန်းဖွဲ့စည်းပုံတို့က အရမ်း ကောင်း
တာမို့ ၀ယ်ယူသူတွေအတွက် အဆင်ပြေမယ်လို့ ထင်မိပါတယ်။

နောက်ပြီး ဒီတိုက်ခန်းရဲ့ ၀င်ပေါက် တံခါးနဲ့ ၀ရန်တာကို ထွက်တဲ့ တံခါးတွေ ကိုလည်း
သံဘာဂျာတစ်ထပ် ရိုးရိုးတံခါး တစ်ထပ် နှစ်ထပ်ပြုလုပ်ထားတာမို့ အထပ်မြင့်မှာ နေပေ
မယ့်လည်း လုံခြုံမှု ကိုပေးနိုင်မှာပါ။

ပြတင်းမှန်တွေကိုလည်း နေကာမှန်တွေနဲ့ ပြုလုပ်ပေးထားလို့ နေထိုးမယ့်ဒဏ်ကို ကြောက်
စရာမလို တော့ပါပါဘူး။ ဒီကွန်ဒိုတိုက်ခန်းမှာ ကိုယ်ပိုင်မီတာ နဲ့ ဂျိုးဖြူရေတို့ကို ရရှနိုင်ပြီး
လေအေး ပေးစက်ကတော့ နှစ်လုံးပါပါတယ်။

အနီးပတ်ဝန်းကျင်မှာလည်း ဆေးရုံ၊ ဆေးခန်း၊ စူပါမားကက်နဲ့ စားသောက် ဆိုင်တွေအပြင်
ဘဏ်တွေလည်း ရှိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ