ယမန်နှစ်အတွင်း အိမ်ခြံမြေပြပွဲများမှ ရောင်းရငွေကျပ် ၇၅ ဘီလျံကျော်ရရှိ

ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်အတွင်း အိမ်ခြံမြေအရောင်းပြပွဲများက ကွန်ဒို၊ တိုက်ခန်းများနှင့် မြေကွက်များ
အပါအဝင် အိမ်ခြံမြေဆိုင်ရာ အဆောက်အအုံများ ကျပ်ငွေ ၇၅ ဒသမ ၆ ဘီလျံကျော်
ရောင်းချပေးနိုင်ခဲ့ကြောင်း iMyanmarHouse.com က ထုတ်ပြန်ထားသည်။

''ပြီးခဲ့တဲ့နှစ်အတွင်း ကျွန်တော်တို့ iMyanmarHouse က ကြီးမှူးပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်
အများစု ပါဝင်တဲ့ အိမ်ခြံမြေအရောင်းပြပွဲတွေကို ရန်ကုန်မြို့မှာ နှစ်ကြိမ်၊ မန္တလေးမြို့မှာ တစ်ကြိမ်နဲ့
ကန်သာယာ၊ iGreen၊ Golden City စတဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး
အရောင်းပြပွဲလေးတွေ ၁ဝ ကြိမ်ကျော် ကျင်းပခဲ့ပါတယ်။ ကျွန်တော်တို့ပြုလုပ်ထားတဲ့ စာရင်းတွေအရ
အဲဒီ အရောင်းပြပွဲတွေကနေ ပြီးခဲ့တဲ့နှစ်အတွင်း ကျပ်ငွေ ၇၅ ဒသမ ၆ ဘီလျံ (အမေရိကန်ဒေါ်လာ
၅၆ သန်းကျော်)ရောင်းချနိုင်ခဲ့ပါတယ်''ဟု ဦးနေမင်းသူက ပြောသည်။

၂ဝ၁၆ နှစ်လယ်ပိုင်းအထိ အိမ်ခြံမြေဈေးကွက်အေးစက်ခဲ့သော်လည်း နှစ်ကုန်ပိုင်းတွင် ဈေးကွက်
အနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့ပြီး ၂ဝ၁၇ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
တိုးတက်လာမှုနှင့်အတူ အိမ်ခြံမြေအရောင်းဈေးကွက် ကောင်းမွန်မည်ဟု ခန့်မှန်းထားကြောင်း
၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ