Thanlwin Homemart ဈေးရောင်းပွဲတော်တွင် Mosaic Art အနုပညာပြိုင်ပွဲပါ ထည့်သွင်းကျင်းပခဲ့

Thanlwin International Co., Ltd မှ ကြီးမှူးကျင်းပသော Mosaic Art & Amazing Sales
အထူးဈေးရောင်း ပွဲတော်ကို ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၀ ရက် နေ့ထိ အင်းစိန်မြို့နယ်၊ ဆယ်မိုင်ရှိ
Thanlwin Homemart ၌ ကျင်းပခဲ့သည်။

"အထူးဈေးရောင်းပွဲတော်ကျင်းပ ရတဲ့ ရည်ရွယ်ချက်ကတော့ ၀ယ်ယူသူ တွေအားလုံး ဈေးနှုန်း
သက်သက် သာသာနဲ့ ၀ယ်ယူနိုင်အောင်၊ အမြဲတမ်း ၀ယ်ယူနေတဲ့ Customer တွေကိုရော၊
Customer အသစ်တွေကိုပါ ကျေးဇူး တုံ့ပြန်တဲ့သဘောပါ၊ Thanlwin Homemart ရဲ့
အဓိကဆောင်ပုဒ်ဖြစ် တဲ့ "အမှန်တကယ်အသုံးလိုတဲ့ ပစ္စည်းအမှန်တကယ်အသုံးလိုတဲ့ လူဆီ
ကို ရောက်သွားဖို့ အဓိက ရည်ရွယ်ပါတယ်၊ အဲဒီ့ပစ္စည်းဟာလည်း သံလွင်မှာ ရှိတယ်"ဟု
Thanlwin ကုမ္ပဏီမှ Marketing Assistant Manager ဖြစ်သူ ကိုကျော်မျိုးနိုင်က ပြောသည်။

ပရိုမိုးရှင်းကာလအတွင်း အိမ်တွင်း အလှဆင်ပစ္စည်းများဖြစ်သည့် Sanitary Wares, Wall
and Floor Tiles, Steel Security Doors, Bathroom accessories, Steel sink and
faucets,Marble and granite adhesive, PPGI Steel Coin and roofing materials,
Ceilings, wall paper & walling sheets များကို ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ဈေး
လျှော့ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်ကျင်းပသည့် အထူးဈေး ရောင်းပွဲတော်သည် Thanlwin Home mart ၏ ဒုတိယ
အကြိမ်မြောက်ပွဲတော် ဖြစ်ပြီး ယခင်နှစ်ကလည်း ယခုကဲ့သို့ အထူးဈေးရောင်းပွဲတော်မျိုး
ကျင်းပခဲ့ ကြောင်း သိရသည်။

Thanlwin Homemart မှ မကြာမီ ကာလတွင် အဆင့်မြင့်အိမ်အမိုးပစ္စည်း High-end
Roofing၊ Premium Roofing၊ Standard Roofing  များကို ဈေးကွက်တွင်းသို့ ဖြန့်ဖြူးရောင်း
ချတော့မည်ဟုလည်း သိရှိရသည်။

အဆိုပါနေ့တွင် Mosaic Art ဟု ခေါ်သည့် အနုပညာစွမ်းရည်ဖြင့် ဖန်တီး ပုံဖော်ထားသည့်
အနုပညာစွမ်းရည် ပြိုင်ပွဲကိုလည်း ကျင်းပခဲ့သည်။

"ဒီပြိုင်ပွဲအတွက် အဖွဲ့ ၁၇ ဖွဲ့ပါဝင် ယှဉ်ပြိုင်မှာဖြစ်ပါတယ်၊ ဒီပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်
ကတော့ မိုးစက်အနုပညာနဲ့ ပတ်သက်ပြီး ပြန်လည်ထွန်းကား ပေါ်ပေါက်လာစေဖို့၊ မိုးစက်
အနုပညာ ဖွံ့ဖြိုးတိုးတက်စေဖို့ ဖြစ်ပါတယ်၊ မိမိရဲ့ စိတ်ခံစားမှုကို အနုပညာတစ်ရပ်အသွင်
နဲ့ ဖော်ပြနိုင်မှုရှိလာအောင်၊ ဖြစ်ပေါ်လာအောင်လည်း ရည်ရွယ်ပါတယ်"ဟု ကိုကျော်မျိုးနိုင်
က ရှင်းပြခဲ့သည်။

Mosaic Art အတွက် ပြိုင်ပွဲဝင်တစ်ဖွဲ့ လျှင် သုံးဦးမှ ငါးဦးအထိ ပါဝင်ယှဉ်ပြိုင် နိုင်သည့်
အတွက် အဖွဲ့အစည်း (Team Work) ဖြင့် အလုပ်တတ်ခြင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့်
စုပေါင်း ဆောင်ရွက်တတ်ခြင်းစသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်
ကြောင်းလည်း ၎င်းကပြောသည်။

မိုးစက်အနုပညာ(Mosaic Art)ပြိုင် ပွဲကို Thanlwin Homemart တွင် အထူး
ဈေးရောင်းပွဲတော် ကျင်းပနေစဉ် ကာလတွင်းဖြစ်သည့် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ
ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး အနုပညာခံစားမှုရှိသည့်စိတ်ပါဝင် စားသူမည်သူမဆို
ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

Mosaic Art ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်သူတစ်ဦးဖြစ်သည့် International School of
Myanmar(ISM) မှ မသင်းသင်းခိုင်က "ISMမှာ ပန်းချီဆရာမတွေရှိတယ်၊ ဒီထဲမှာ နိုင်ငံခြား
သားပန်းချီဆရာမ တွေလည်း ပါတယ်၊ ကျွန်မတို့ ငါးယောက် အဖွဲ့လိုက်အုပ်စုအနေနဲ့
ဝင်ရောက် ယှဉ်ပြိုင်တာပါ၊ နိုင်ငံခြားသားပန်းချီ ဆရာမရဲ့ အိုင်ဒီယာရောကျွန်မတို့ အိုင်ဒီယာပါ
ပေါင်းစပ်ထားတာပါ၊ Mosaic Art ပန်းချီပုံကတော့ landscape ကို ပန်းချီဆန်ဆန်လေး
လုပ်ချင်တယ်၊ အလင်းအမှောင်လေး တွေနဲ့ပေါ့၊ ပုဂံဘုရားပုံစံကို realism မဟုတ်ပဲနဲ့ semi
abstract  ပုံစံနဲ့ လုပ်ထားတာပါ၊ အရောင်ကလည်း အနု၊ အရင့် shade ကလေးတွေနဲ့ပေါ့၊
တိမ်ဆိုရင်လည်း အပြာအနုအရင့်လေး တွေပေါ့၊ ပန်းချီကား အောက်ဘက်နား မှာတော့
ကနုတ်ကလေးတွေကိုအပင် ပုံစံလေးတွေလုပ်ထားတယ်၊ ပန်းချီကား ပုံစံအလင်းအမှောင်၊
အနုအရင့်၊ အသွေး အနုအရင့်နဲ့ လုပ်ထားတာပါ၊ "ပြိုင်ပြီဆိုကတည်းက ဆုတော့ လိုချင်
တာပေါ့၊ ဒါပေမယ့်အတွေ့အကြုံ ရတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်၊ နောက်ပြီး ဒီပန်းချီကားက
အသုံးပြု ပြီးသား ကြွေပြား၊ ကျောက်ပြားတွေကို သုံးရတာဖြစ်တဲ့အတွက်  recycle idea
လည်းပါတယ်၊ ဒါတွေနဲ့ပဲအရောင် အသွေး၊ tone တက်အောင် လုပ် ရတယ်၊ ဒါကိုပန်းချီ
ကားတစ်ချပ်အနေ နဲ့မြင်ပြီး ဒါကို အိမ်တွင်းမှာ၊ ခြံထဲမှာ လည်း အသုံးပြုလို့ရအောင်၊
နောက်ပြီး ကိုယ့်ပန်းချီအမြင်လေးလဲ ပြောင်းသွား အောင်ပေါ့"ဟု ပြောပြခဲ့သည်။

Mosaic Art ပန်းချီပြိုင်ပွဲတွင် ပထမ ဆုရရှိသူများကို ကျပ် ၁၅ သိန်း၊ ဒုတိယ ဆုရရှိသူများ
ကို ကျပ်၁၀ သိန်း၊ တတိယ ဆုရရှိသူများကို ကျပ် ၅ သိန်း၊ နှစ်သိမ့် ဆု(၁)အတွက် ကျပ်
တစ်သိန်းခွဲ၊ နှစ် သိန်း၊ နှစ်သိမ့်ဆု (၂) အတွက် ကျပ် တစ်သိန်း၊ နှစ်သိမ့်ဆု(၃)အတွက်
ကျပ် ငါးသောင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း အဆိုပါနေ့အခမ်းအနားမှသိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ