စွမ်းအင်ချွေတာသည့်ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့်နည်းပညာများကို အက်စ်စီဂျီမိတ်ဆက်

စွမ်းအင်ချွေတာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နည်းပညာအသစ်အဆန်း
များကို Siam Sement Group (SCG) က ဈေးကွက်အတွင်း စတင်မိတ်ဆက်ခဲ့သည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဘန်ကောက်မြို့၊ Challenger Hall တွင်
မေ ၂ ရက်မှ ၇ ရက်အထိ ကျင်းပသော Architect's 17 ပြပွဲတွင် အက်စ်စီဂျီကစတင်
မိတ်ဆက်ခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ချိတော့မည်ဖြစ်သည်။ နေအိမ်များဆောက်လုပ်ရာတွင်
SCG Living Tech ဟုအမည်ပေးထားသည့် ပိုမိုကောင်းမွန်သောနေထိုင်မှုပုံစံ ရရှိစေမည့်
နည်းပညာကို အထူးပြသခဲ့ကြောင်း အက်စ်စီဂျီ၏  Innovation and Technology ဒါရိုက်တာ
Mr.Sanit Kessuwun က ပြောသည်။

''ဒီနှစ်အတွက် အဓိကပြသချင်တဲ့အကြောင်းအရာက ''Your iDeal Home bySCG Experience'' 
အက်စ်စီဂျီရဲ့အတွေ့အကြုံနဲ့ ဆောက်လုပ်မယ့် သင့်ရဲ့စံပြအိမ်ကလေးဆိုတော့ နေအိမ်
ဆောက်လုပ်ရာမှာ ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုပုံစံတွေကို ရရှိစေမယ့်နည်းပညာတွေကို
အထူးပြသသွားမှာပါ။ သင့်အတွေးစိတ်ကူးထဲက အိပ်မက်အိမ်ကိုအဆင့်မြင့် နည်းပညာ
တွေနဲ့ အကောင်အထည်ဖော်ဆောက်လုပ်ဖို့ ကျွန်တော်တို့ကုမ္ပဏီက ကူညီဆောင်ရွက်
ပေးမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

နေအိမ်များဆောက်လုပ်ရာတွင် သက်သောင့်သက်သာ နေထိုင်နိုင်ရန်၊ အတူတကွ
နေထိုင်နိုင်ရန်နှင့် စွမ်းအင်သုံးစွဲမှုလျှော့ချနိုင်ရန် စသော အရည်အသွေးသုံးခုဖြင့်
ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၄င်းက
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ