Wednesday, 01 October 2014

စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူတွေ နှစ်သက်မယ့် သပ်ရပ်လှပတဲ့ သုံးထပ်အိမ်

တည်နေရာ - ပါရမီကားဝင်းအနီး၊ ဝေဇယန္တာလမ်းမကြီးဘေး၊ တောင်ဥက္ကလာပ။ ဈေးနှုန်း - ကျပ်သိန်း ၅,၀၀၀ (အရောင်း) (ညှိနှိုင်း)။ ဖုန်း-၀၉ ၄၃၁၂၇၂၈၈။ ဆက်သွယ်ရန် - (မြ)ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်။တည်နေရာ - ပါရမီကားဝင်းအနီး၊ ဝေဇယန္တာလမ်းမကြီးဘေး၊ တောင်ဥက္ကလာပ။ ဈေးနှုန်း - ကျပ်သိန်း ၅,၀၀၀ (အရောင်း) (ညှိနှိုင်း)။ ဖုန်း-၀၉ ၄၃၁၂၇၂၈၈။ ဆက်သွယ်ရန် - (မြ)ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်။

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်လေးက တော့ တောင်ဥက္ကလာမြို့နယ်ပါရမီကား ၀င်းအနီး
ဝေဇယန္တာ လမ်းမကြီးပေါ်မှာ ရှိတဲ့ သုံးထပ်တိုက် လုံးချင်းအိမ်လေးပဲ ဖြစ်ပါတယ်။ လမ်းမကြီး
ဘေးမှာမို့ မိသားစုတွေနေထိုင်ဖို့ထက် စီးပွားရေးလုပ်ငန်း လုပ်လိုသူတွေ ဒါမှမဟုတ်ကုမ္ပဏီ၊
ရုံး ခန်းဖွင့်လိုသူတွေအတွက် အဆင်ပြေမယ့် အိမ်လေးပဲ ဖြစ်ပါတယ်။

ဒီအိမ်လေးက ခြံနဲ့ ကွက်တိဆောက် ထားတဲ့အတွက် ခြံထဲမှာ ကားထား ဖို့အတွက် နေရာ
လွတ်တော့မရှိပါဘူး။ ဒါကြောင့် အိမ်ထဲမှာပဲ ကားဂိုဒေါင်ကို တစ်ဆက်တည်းတည်ဆောက်
ထားတာ ကိုတွေ့ရပါတယ်။ အိမ်အကျယ်အ၀န်း က စတုရန်းပေ ၁,၂၀၀ ဖြစ်တဲ့အတွက်
အိမ်အတွင်းပိုင်းက အရမ်းတော့မကျယ်လှပါဘူး။ ဒါပေမယ့်အိမ်ရဲ့ ဖွဲ့စည်းပုံကတော့ သပ်ရပ်
လှပပြီး ရိုးရှင်းပါတယ်။

ဒီအိမ်က ၀င်ဝင်ချင်း ကားဂိုဒေါင် ဖြစ်ပြီး နောက်ဘက်ပိုင်းကို ထမင်းစား ခန်းနဲ့ မီးဖိုခန်းတွေ
ပြုလုပ်ထားပါတယ်။ အောက်ထပ်မှာတင် ရေချိုးခန်းတစ်ခန်း အိမ်သာတစ်ခန်းပါရှိပါသေး
တယ်။ အဲဒီကနေမှ ဒုတိယထပ်ကိုတက်ရင် တော့ ရေချိုးခန်းအိမ်သာတွဲလျက်ပါတဲ့ အိမ်ခန်း
တစ်ခန်းရယ်၊ ဧည့်ခန်းပြုလုပ်လို့ ရမယ့်နေရာလွတ်ရှိပြီး ရိုးရိုးရှင်းရှင်းပဲ ဖွဲ့စည်းထားတာ
တွေ့ရပါတယ်။ တတိယထပ်ကိုလည်း ဒုတိယထပ်နဲ့ ပုံစံတူဖွဲ့စည်းထားပါတယ်။

ဒီအိမ်က လမ်းမကြီးဘေးမှာ တည်ဆောက်ထားပြီး  လွတ်လွတ်လပ်လပ် အနားယူဖို့ ခြံဝင်း
ကျယ်မရှိတာမို့ အေးအေးဆေးဆေးနေလိုပြီး လူဦးရေများတဲ့ မိသားစုတွေအတွက်တော့
နည်းနည်းခက်ခဲ ပါလိမ့်မယ်။

ဒါပေမယ့် လုပ်ငန်းလုပ်လိုသူတွေအတွက်တော့ နေရာကလည်း အချက်အချာကျပြီး
အိမ်ရဲ့တည်ဆောက်ပုံကလည်း ကုမ္ပဏီ ရုံးခန်းတွေဖွင့်လှစ်ဖို့အဆင်ပြေမယ့် အဆောက်
အအုံမျိုး ဖြစ်တာမို့ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ချင်သူတွေအတွက် အသင့်တော်ဆုံး
လုံးချင်းအိမ်လို့ မြင်မိ ပါတယ်။

ဒီအိမ်ရဲ့သက်တမ်းကလည်း အရမ်း မကြာသေးပါဘူး။ ဒါကြောင့် လုံးချင်း အိမ်သစ်မှာ
နေထိုင်လိုသူတွေအတွက် တိုက်သက်တမ်းအရရော၊ သွားလာရေး အချက်အချာကျမှုတွေ
ကပါ နေထိုင် သူတွေအတွက် အဆင်ပြေစေမှာပဲလို့ ဆိုချင်ပါတယ်။

ဒါပေမယ့် ဒီအိမ်လေးက အားလုံးခြုံ ကြည့်ရင် အဆင်ပြေလှပေမယ့် အိမ်နဲ့ လမ်းမကြီးက
အရမ်းကပ်လွန်းတာ ကြောင့်ကားထားဖို့အတွက်တော့ ခက်ခဲ ပါလိမ့်မယ့်။ ကားများများ
ရပ်ဖို့တော့ နည်းနည်းအခက်အခဲတွေ့မယ့်နေရာ လေးပါ။

အိမ်ရဲ့တံခါးမကြီးကိုလည်း သံဘာ ဂျာ တံခါးတစ်ထပ် သစ်သားခေါက် တံခါးကတစ်ထပ်
နှစ်ထပ်ပြုလုပ်ထား တာမို့ လမ်းမနဲ့ နီးပေမယ့်လည်း အိမ်ရဲ့ လုံခြုံမှုကတော့ အပြည့်
ရှိပါတယ်။

နာက်ပြီး အိမ်ရဲ့  ပြတင်းပေါက်တွေကို လည်းမှန်လျှောတံခါးနဲ့ ပြုလုပ်ထားတဲ့အပြင်
သံတိုင်တွေလည်း ပါရှိသေးတာမို့ ဘေးအိမ်တွေနဲ့နီးကပ်ပေမယ့်လည်း လုံခြုံမှု မရှိမှာ
စိုးရိမ်နေစရာ မလိုတော့ ပါဘူး။

ဒီအိမ်လေးမှာ ရေမီးအပြည့်အစုံ အပြင် လေအေးပေးစက် တစ်လုံးလည်း ပါပါတယ်။
ဒီအိမ်ရဲ့ သုံးထပ်လုံးကို ကြွေပြားခင်းထားပါတယ်။ လှေကားတွေ ကိုတော့ ကျွန်းပါကေး
ခင်းထားပါ တယ်။

အောက်ဆုံးထပ်ရဲ့မီးဖိုချောင်ကို လည်း ကြွေခုံပန်ကန်ဆေးစင်နဲ့ ပစ္စည်း ထည့်တဲ့
စင်လေးတွေကိုလည်း သပ်သပ် ရပ်ရပ် ပြုလုပ်ထားပါတယ်။ နောက်ပြီး ဒုတိယထပ်
နဲ့ တတိယထပ်တို့မှာလည်း သံလက်ရန်းတွေနဲ့ အလှဆင်ထားတဲ့ ၀ရန်တာ
ပါရှိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ