Managing Conservation Zones ဖိုရမ်သို့ ပြည်တွင်းပြည်ပမှ အတတ်ပညာရှင် ၃၀ ကျော်ခန့် တက်ရောက်ဆွေးနွေးခဲ့

Managing Conservation Zones (MCZ) Forum ကို ဇန်န၀ါရီ ၂၄ ရက်နေ့ တွင် ရန်ကုန်မြို့၊
ဦးဝိစာရလမ်းရှိ House of Memories တွင် ကျင်းပခဲ့သည်။

MCZ Forum သို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်
ဆိပ်ကမ်း အာဏာပိုင်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့်မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး
ဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ Yangon Heritage Trust,JICA, UN Habitat ၊ မြန်မာနိုင်ငံ
ဗိသုကာ အသင်းစသည်တို့နှင့်တကွ နိုင်ငံတကာမှ ပညာရှင်များနှင့်သံရုံး ကိုယ်စားလှယ်များ
၃၀ ကျော်ခန့် တက်ရောက်ကြသည်။

ရန်ကုန်တွင် ထိန်းသိမ်းစောင့်ရှောက်သင့်သည့် ဇုန်ဧရိယာများအား စနစ်တကျစီမံရန်ရည်ရွယ်၍
အစိုးရဌာနများနှင့် အခြားအရေးပါသော အဖွဲ့ အစည်းများကြား ပူးပေါင်းဆောင်ရွက် ခြင်းကို
တွန်းအားပေးရန်နှင့် ရန်ကုန်မြို့  လယ်၏ ထိန်းသိမ်းစောင့်ရှောက်မည့် ဇုန်နှင့်ပတ်သက်၍
ကန့်သတ်ချက်များနှင့် ပေါ်လစီများအပေါ် တိကျပြတ်သားသော အမြင်များ တည်ဆောက်ရန်
စသည့် ရည်ရွယ်ချက်များဖြင့် MCZ Forum ကို ကျင်းပရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်
ချက်အရသိရှိရသည်။

ဆွေးနွေးကြသည့် အကြောင်းအရာများတွင် ထိန်းသိမ်းစောင့်ရှောက်ရမည့် အဆောက်အအုံ
များစာရင်းပြုစုခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရန် သတ်မှတ်သည့် ဇုန်နယ်မြေသတ်မှတ်ခြင်း၊ ဇုန်
အား ကြပ်မတ်ရာတွင် လိုအပ်သည့် ဥပဒေစည်းမျဉ်းဘောင်များ၊ အဆောက်အအုံ ဆောက်လုပ်
ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းBuilding Codes၊ ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးမှုအစီအစဉ်၊ မြို့ပြ
အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် အခြား
ဆက်စပ်သော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

MCZ  Forum  udk  Yangon Heritage Trust ၏ Founder & Chairman of Board
ဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ