၂၀၁၂ အတွင်း အချက်အချာနေရာများရှိ နာမည်ရ ကွန်ဒိုများ ငှားလိုအားနှင့် ဈေးနှုန်းများ မြင့်တက်ခဲ့

ဒဂုံမြို့နယ်အတွင်းရှိ နိုင်ဂရု(ပ်)ဆောက်လုပ်ရေးမှ တာဝန်ယူတည်ဆောက်ခဲ့သော Royal Thazin အဆင့်မြင့်ကွန်ဒိုမီနီယံကို လွန်ခဲ့သည့် သီတင်းပတ်က တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ဒဂုံမြို့နယ်အတွင်းရှိ နိုင်ဂရု(ပ်)ဆောက်လုပ်ရေးမှ တာဝန်ယူတည်ဆောက်ခဲ့သော Royal Thazin အဆင့်မြင့်ကွန်ဒိုမီနီယံကို လွန်ခဲ့သည့် သီတင်းပတ်က တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ကွန်ဒိုမီနီယံဈေးကွက်သည် ၂၀၁၂ ခုနှစ်ထဲတွင် အငှားဈေးကွက် ဦးဆောင် ခဲ့ပြီး နေရာကောင်းများရှိ
နာမည်ရကွန်ဒိုသစ်များတွင် ငှားလိုအားနှင့် ဈေးနှုန်းများပါ မြင့်မားခဲ့သော နှစ်တစ်နှစ်ဟု ဆိုနိုင်
ကြောင်းလည်း အကျိုးဆောင်များက မြန်မာတိုင်း(မ်)သို့ ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ကွန်ဒိုအငှားဈေးကွက် ထူးခြားမှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန်စတင်မှု
များ ၂၀၁၂ နှစ်ဆန်းတွင် အစပျိုးလာခြင်းနှင့်အတူ နေရာကောင်းများရှိ ပံ့ပိုးမှု အင်္ဂါရပ် ပြည့်စုံသော
နာမည်ရကွန်ဒိုများတွင် ငှားလိုအားမြင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ က ပြောသည်။

"၂၀၁၂ မှာ ကွန်ဒိုငှားလိုအားမြင့်လာရတဲ့ အဓိကအချက်ကတော့ နိုင်ငံခြားသားတွေ အငှားများလာ
တယ်၊ ဒီတော့ငှားလို အားမြင့်လာပြီး ဈေးနှုန်းတွေလည်း တက်လာခဲ့တယ်၊ မှတ်မိသလောက်ပြောရ
မယ်ဆိုရင် ၂၀၁၂ မှာ ကွန်ဒိုအငှားဈေး နှုန်းတွေ အမြင့်ဆုံးရောက်ခဲ့တယ်လို့ ပြောနိုင်တယ်၊ ငှားလို
အားလည်း ၂၀၁၁ ထက် ၅၀ ရာခိုင်နှုန်းလောက် ပိုမြင့်ခဲ့တယ်"ဟု စိုင်းခွန်နောင်အိမ်ခြံမြေနှင့် ဥပဒေ
အကျိုးဆောင်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းခွန်နောင်က ပြောသည်။

၎င်းအကျိုးဆောင်အနေဖြင့် ရန်ကုန်မြို့အချက်အချာနေရာရှိ ကွန်ဒိုများတွင် အကျယ်အ၀န်းနှင့် ပံ့ပိုး
မှု အင်္ဂါရပ် ပါဝင်မှုပေါ်မူတည်၍ တစ်လ ကျပ်ငါးသိန်းမှ ဒေါ်လာ ၃,၀၀၀ အထိ ရှိသော ကွန်ဒိုခန်းများ
ကို ငှားရမ်းခြင်း ၀န်ဆောင်မှုပေးခဲ့ရသည်ဟုလည်း ၎င်းကပြောသည်။

နာမည်ရကွန်ဒိုများဖြစ်သည့် Naing Group နှင့် Father Land တို့မှဆောက် လုပ်သော အဆင့်မြင့်
ကွန်ဒိုများ၊ ထို့ပြင် ပြည်လမ်းပေါ်ရှိ ရွှေဟင်္သာကွန်ဒို၊ မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မကွန်ဒို၊ တက္ကသိုလ်
ရိပ်မွန်ကွန်ဒို၊ ရွှေသံလွင်ကွန်ဒို၊ ရန်ကင်းစင်တာကွန်ဒိုများကို နိုင်ငံခြားသားများငှားရမ်းမှုများကြောင်း
သိရသည်။

"၂၀၁၂ မှာ နိုင်ငံခြားသားတွေအများဆုံးငှားလာကြတယ်၊ ပြောရမယ်ဆိုရင် ၂၀၁၂ မှာရှိတဲ့ condo
rental trend က facility ပြည့်စုံတာကို အရမ်းဦးစား ပေးလာတယ်၊ ပြီးရင်တော့ တိုက်ကြံ့ခိုင်မှု၊
security အပြင် ဈေးဝယ်ထွက်လို့ အဆင်ပြေမယ့်နေရာမှာရှိတဲ့ ကွန်ဒိုတွေ ကို ဦးစားပေးရွေးချယ်
ငှားရမ်းလာကြတယ်၊ ဘယ်ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်တယ်ဆိုတာကိုတော့ သိပ်ဦးစား
မပေးကြဘူး၊ ၂၀၁၂ မှာ ငှားရမ်းပေး ခဲ့တဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းက ဒီအချက်တွေကို ဦးစားပေးရွေး
ချယ်လာခဲ့တယ်"ဟု ဦးစိုင်းခွန်နောင်ကပြောသည်။

ရန်ကုန်မြို့တွင် ပံ့ပိုးမှုအင်္ဂါရပ်ပြည့်စုံသော ကွန်ဒိုမီနီယံများ အရေအတွက်အများအပြား ပေါ်ထွက်နိုင်
ခြင်းသည် ကွန်ဒိုမီနီယံလောကအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာချိန်တွင် အဓိက
လိုအပ်ချက်တစ်ခုဖြစ်နေပြီး နိုင်ငံခြားသားငှားရမ်းမှုများတွင် အရေးကြီးသော လိုအပ်ချက်တစ်ခုဖြစ်
လာသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

"အတွေ့အကြုံအရ အထူးသဖြင့် ၂၀၁၂ ထဲမှာ နိုင်ငံခြားသားတွေ ကွန်ဒိုငှားမယ်ဆိုရင် သူတို့က
သူတို့နိုင်ငံမှာ ကွန်ဒိုငှားရင် ပါဝင်တဲ့ facility တွေနဲ့ နှိုင်းယှဉ်ကြည့်တယ်၊ ဒီမှာက facility မပြည့်စုံ
တာတွေ တွေ့ရတယ်၊ တချို့ ကွန်ဒိုတွေက တိုက်တွေကဟောင်းနေပြီ ဒါပေမဲ့ maintenance
ကောင်းတယ်ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့ လေ၊ ဆိုလိုချင်တာက သူတို့ လိုချင်တဲ့ အတိုင်း
facility ပြည့်စုံတာမရှိဘူး၊ စိတ်တိုင်းကျမဖြစ်ဘူးဆိုပေမယ့် အငှား ဈေးနှုန်း၊ ကွန်ဒိုလုံခြုံရေးနဲ့
ဈေးဝယ် လို့ အဆင်ပြေမယ့် shopping  mall လို နေရာတွေနဲ့ နီးမယ်ဆိုရင်တော့ အများစုက
ငှားကြတယ်၊ အကျိုးဆောင်အနေနဲ့ ၂၀၁၂ ထဲမှာတော့ ဒါတွေကြောင့် အငှား စာချုပ်ပျက်တာတို့၊
ငှားတဲ့သူဘက်က ခသာစူငေည တက်တာတို့တော့ မရှိခဲ့ပါ ဘူး"ဟု ၎င်းကရှင်းပြခဲ့သည်။

၂၁၀၂ ကွန်ဒိုဈေးကွက်အလား အလာတွင်အငှားဈေးကွက်ဦးဆောင်ခဲ့ သည့်အလျောက်၂၀၁၃ တွင်
လည်း အငှားဈေးကွက်သက်ရောက်မှု ပိုမို ကြီးမားမည်ဟုလည်းဦးစိုင်းခွန်နောင်က မှတ်ချက်ပြုခဲ့
သည်။

"၂၀၁၃ ခုနှစ် တစ်လျှောက်လုံးမှာလည်း အငှားဈေးကွက်ကပဲ ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ပြော
နိုင်ပါတယ်၊ ကျွန်တော့်အမြင်ကိုပြောရမယ်ဆိုရင် ၂၀၁၃ မှာ နိုင်ငံခြားသားတွေလည်းပိုဝင်လာမယ်၊
နောက်တစ်ချက်ကဟိုတယ် ခန်းတွေမလောက်တဲ့အတွက် နိုင်ငံခြားသားတွေက ကွန်ဒိုတွေကိုပဲ
ငှားလာကြတယ်၊ ဒါကြောင့်လည်း ၂၀၁၂ ထဲမှာ နာမည်ကြီးကွန်ဒိုတွေက တစ်လ ဒေါ်လာ ၃,၀၀၀-
၎,၀၀၀ လောက်အထိ အငှားဈေးခေါ်ကြတဲ့အထိရှိလာတယ်"ဟုလည်း ရှင်းပြခဲ့သည်။

"ဒါကြောင့် facility ပိုကောင်းမွန်တဲ့ ကွန်ဒိုတွေကို ဆောက်ပေးနိုင်မယ်ဆိုရင် လာရောက်ရင်းနှီးမြှုပ်နှံ
မယ့် နိုင်ငံခြားသားတွေအတွက်ရော အကျိုးဆောင် တွေအတွက်ပါ အကျိုးရှိမှာဖြစ်သလို နိုင်ငံ
အတွက်လည်း image ကောင်း လာမှာဖြစ်ပါတယ်"ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ကြယ်စင်လင်း အိမ်ခြံမြေအကျိုး ဆောင်မှ မန်နေဂျာကိုမင်းနိုင်ကလည်း "၂၀၁၂ ကွန်ဒိုဈေးကွက်မှာ ဒဂုံမြို့နယ်၊ ယောက်လမ်းမှာရှိတဲ့ နိုင်ဂရု(ပ်)က ဆောက်တဲ့ နိုင်ငံခြားသားအကြိုက် ကွန်ဒိုသစ်တွေ၊
ဒဂုံမြို့နယ်ထဲမှာပဲ ရှိုင်းဆောက်လုပ်ရေးက ဆောက်လုပ်တဲ့ ကွန်ဒိုတွေ၊ ပြည်လမ်း၊ ခြောက်မိုင်ခွဲမှာ
ရှိတဲ့ ရွှေဟင်္သာကွန်ဒိုတွေ အငှားလိုက်ခဲ့တယ်၊ ၂၀၁၂ ထဲမှာ ကွန်ဒိုသစ်တွေ အငှား သွက်ခဲ့တယ်၊
ဘာဖြစ်လို့လဲဆိုရင် ကွန်ဒိုသစ်တွေမှာ်ခေငူငအပ ပြည့်စုံတယ်၊ လုံခြုံရေးကောင်းတယ်၊ ဖွဲ့စည်းပုံ
သပ်ရပ်တယ်၊ အတွင်းပိုင်း decoration လည်း ကောင်းတယ်၊ ငှားတဲ့သူတွေက ပြည်လမ်းမနဲ့နီးတဲ့
ကွန်ဒိုတွေကို ပိုကြိုက်တယ်၊ လမ်းကျယ်တယ်၊ နောက်တစ်ချက်က လေယာဉ်ကွင်းနဲ့ နီးတဲ့
အတွက် သွားလာရေးလွယ်ကူတာကြောင့် ငှားကြတယ်"ဟု ၎င်းကပြောသည်။

"အကျိုးဆောင်အနေနဲ့ ၂၀၁၂ မှာ ၂၀၁၁ ထက် ကွန်ဒိုအငှား ၆၀ ရာခိုင် နှုန်းလောက် မြင့်တက်ခဲ့ပါ
တယ်၊ ၂၀၁၂ ကွန်ဒိုအငှားရွေးချယ်မှုမှာဆိုရင် facility ထက် ကွန်ဒိုလုံခြုံရေးပိုင်းနဲ့ decoration ပိုင်း
ကောင်းတာတွေကို ရွေးချယ်လာကြတယ်"ဟုလည်း ကိုမင်းနိုင်က ရှင်းပြခဲ့သည်။

၂၀၁၂ တွင် လူကြိုက်များခဲ့သော ကွန်ဒိုများမှာ ဒဂုံမြို့နယ်ရှိ ကံ့ကော်ကွန်ဒို၊ သဇင်ကွန်ဒို၊ Royal
Yaw Min Gyi ကွန်ဒိုများမှာ Park Royal ဟိုတယ်နှင့် နီးသည့်အတွက် နိုင်ငံခြားသားငှားရမ်းမှုများ
ပြီး တစ်လငှားရမ်းခ ဒေါ်လာ ၁,၅၀၀ မှ ၃,၅၀၀ အထိ ရှိသည်။

ဗဟန်းမြို့နယ် တွင်းရှိ ကွန်ဒိုငှားရမ်းရမှုမှာ တစ်လဒေါ် လာ ၁,၅၀၀ မှ ၃,၅၀၀ ထိရှိသည်ဟုလည်း
သိရသည်။

အလုံမြို့နယ်ရှိ ဆင်မင်း ကွန်ဒို၊ အောင်ဇေယျကွန်ဒို၊ Strand ကွန်ဒို၊ KingTower၊ အလုံတာဝါတို့
တွင် တစ်လငှားရမ်းခမှာ ဒေါ်လာ ၁,၀၀၀ မှ ၂,၀၀၀ အထိရှိကြောင်းလည်း ၎င်းကပြောသည်။

"၂၀၁၀၊ ၂၀၁၁ တွေထက် ၂၀၁၂ မှာ လူတွေက ကွန်ဒိုဘက်ကိုပိုဦးစားပေး လာတယ်၊ facility
ပြည့်စုံတာတွေကို ပိုငှားလာကြတယ်၊ များသောအားဖြင့် downtown မှာရှိတဲ့ ကွန်ဒိုတွေက
သင်္ဃန်းကျွန်း၊ တာမွေ၊ ရန်ကင်းမှာ ရှိတဲ့ ကွန်ဒိုတွေထက် facility ပိုပြည့်စုံ တာများတယ်၊ သိရ
သလောက် downtown မှာရှိတဲ့ ကွန်ဒိုတွေရဲ့ ၉၀ ရာခိုင်နှုန်းက facility ပြည့်စုံတယ်"ဟု ရှင်းပြခဲ့
သည်။

လက်ရှိအချိန်တွင် ကွန်ဒိုမီနီယံဥပဒေ မထွက်ရှိသေးသော်လည်း ကွန်ဒိုဥပဒေ ထွက်ရှိလာပါက
ကွန်ဒိုတည်ဆောက်သူများနှင့် ပိုင်ရှင်များဘက်မှ ပြင်ဆင် ထားရန်လိုကြောင်းလည်း ကိုမင်းနိုင်က
ပြောပြခဲ့သည်။

"ကွန်ဒိုဥပဒေထွက်လာပြီဆိုရင် ကွန်ဒိုတည်ဆောက်သူတွေအနေနဲ့ ပြင်ဆင်ထားဖို့ လိုအပ်လာပြီ၊
တချို့ ကွန်ဒိုတွေမှာဆိုရင် ကားရပ်နားဖို့ အခက်အခဲတွေ ရှိတယ်၊ လုံခြုံရေး အားနည်းတယ်၊
နောက်ပိုင်းမှာဆိုရင် နိုင်ငံခြားသားတွေလာတော့မယ်၊ ဒီအတွက် condo law ထွက်လာတဲ့ အချိန်
မှာ developer တွေ၊ ownerတွက ကိုယ့်ကွန်ဒိုအတွက် safeside ဖြစ်အောင် ပြင်ဆင်ထားသင့်
တယ်လို့ မြင်တယ်"ဟု ကိုမင်းနိုင်က မြန်မာတိုင်း(မ်)သို့ ပြောပြခဲ့သည်။

၂၀၁၂ ကွန်ဒိုဈေးကွက်သုံးသပ်ချက်အရ ရန်ကုန်မြို့ရှိကွန်ဒိုများတွင် ကား ပါကင်လိုအပ်ချက်မှာ
မြင့်မားနေဆဲဖြစ်ရာ တည်ဆောက်သည့် အခန်းအရေ အတွက်နှင့်အညီ ထည့်သွင်းနိုင်ရန်မှာ
တည်ဆောက်သူများအတွက် အခက်အခဲတစ်ရပ်ပင်ဖြစ်နေဆဲဟုလည်း ကွန်ဒိုမီနီယံအသိုင်းအ၀ိုင်းမှ
သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ