FLSMIDTH PFISTER မှ ဘိလပ်မြေ အရည်အသွေး ကောင်းမွန်စေရန် အသုံးပြုနိုင်မည့် "WEIGHFEEDER" စက်များအကြောင်း ရှင်းလင်းခဲ့

မလေးရှားနိုင်ငံအခြေစိုက် FLSmidth  Pfister GmbH Malaysian Branch မှ "Weighfeeder &
Dosing Technology" အမည်ရှိဆွေးနွေးပွဲ တစ်ရပ်ကို ဇန်န၀ါရီ ၃၀ ရက်တွင် Sedona ဟိုတယ်၊
 Dagon ခန်းမတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံရှိ FLSmidth  Pfister GmbH Malaysian Branch မှ
Mr Leong Chee Cheng မှ Weighfeeder & Dosing Technology အကြောင်းကို ရှင်းလင်း
တင်ပြဆွေးနွေးခဲ့သည်။

"ဒီစက်တွေကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် စတင်မိတ်ဆက်တာ ဖြစ်ပါတယ်၊ Weighfeeder
စက်တွေကို သုံး ခြင်းအားဖြင့် Dosing Accuracy ကို အတိကျဆုံး တွက်ချက်ပေးနိုင်တဲ့ အတွက်
ကုန်ကြမ်းရော၊ ကုန်ချောအဆင့်မှာပါ အလွန်အရည်အသွေးကောင်းမွန်တဲ့ ဘိလပ်မြေထုတ်လုပ်မှုကို
ရရှိမှာဖြစ်ပါတယ်၊ ဘိလပ်မြေစက်ရုံတွေရဲ့ ကျောက်မီးသွေးလောင်စာကို အတိအကျ ပို့လွှတ်ပေးတဲ့
အတွက် အပူပမာဏ အတိအကျရရှိပြီး ဘိလပ်မြေအရည်အသွေး ကောင်းမွန်စေပါတယ်"ဟု
Mr Leong Chee Cheng က ပြောသည်။

၎င်းစက်များကို မြန်မာနိုင်ငံအတွက် တစ်ဦးထဲ ကိုယ်စားလှယ်အဖြစ် တာဝန်ယူတင်သွင်းဖြန့်ချိပေး
မည့် Native Power Technology-NPT ကုမ္ပဏီမှ Director of Engineering ဖြစ်သူ
ကိုကျော်ဆန်းတင်ကလည်း "ဒီနေ့ဆွေးနွေးပွဲမှာ တင်ပြသွားတဲ့ အကြောင်းအရာ တွေကတော့
ဘိလပ်မြေစက်ရုံတွေမှာ အသုံးပြုတဲ့ Weighfeeder ဆိုတဲ့ စက်ကိုအသုံးပြုခြင်းအားဖြင့် ကုန်ကြမ်း
မှာရော၊ ကုန်ချောထုတ်လုပ်မှု အဆင့်တွေမှာ ဘိလပ်မြေအရည်အသွေးတွေ ပိုကောင်းလာအောင်
လုပ်ပေးနိုင်တယ်၊ ဒီစက် ပစ္စည်းက ကုန်ကြမ်းတွေကို တိကျတဲ့ အချိုးနဲ့ ရောပေးနိုင်တယ်၊ ဒီတော့
ဘိလပ်မြေစက်ရုံ Cement Mill တွေမှာ သုံးမယ်ဆိုရင် Ratio မှန်ပြီး ကွာလတီ ကောင်းတဲ့
ဘိလပ်မြေ ကိုရမှာဖြစ်တယ်၊ ကျောက်မီးသွေးစက်ရုံ-Coal Mill မှာ သုံးမယ်ဆိုရင်လည်း ကျောက်မီး
သွေး ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့အပူချိန် ပမာဏကို တိကျစွာ ထိန်းချုပ်ပြီး တိုင်းတာပေးတယ်၊

"လက်ရှိအချိန်မှာမြန်မာပြည်မှာရှိတဲ့ ဘိလပ်မြေစက်ရုံတွေက တရုတ်ကသွင်းတဲ့ ဘိလပ်မြေစက်
တွေသုံးတာများတယ်၊ ဒီစက် FLSmidth  Pfister ကတော့ ဂျာမနီက တင်သွင်းတာဖြစ်တဲ့အတွက်
စက်အရည်အသွေးပိုကောင်းတယ်၊ ဒီစက်ကို မြန်မာပြည်ရဲ့ လက်ရှိလည်ပတ် နေတဲ့ ဘိလပ်မြေ
စက်ရုံတွေမှာသာမက နောင်အနာဂတ်မှာ ဆောက်မယ့် ဘိလပ်မြေစက်ရုံတွေအတွက်ပါ လျာထား
ပါတယ်"ဟု ကိုကျော်ဆန်းတင်က ပြောသည်။

မြန်မာပြည်၌ရှိသော ဘိလပ်မြေစက်ရုံများ ကြုံတွေ့နေရသည့်အခက်အခဲတစ်ရပ်မှာ အရည်အသွေး
ကောင်းမွန်သည့် ဘိလပ်မြေရရှိရန်အတွက် မှန်ကန်သည့်တိုင်းတာမှုများတွင် အားနည်းလျက်ရှိ
ကြောင်း ၎င်းက ပြောသည်။

အဆိုပါအားနည်းချက်များတွင် ဘိလပ်မြေထုတ်လုပ်မှုပိုင်းဆိုင်ရာ အားနည်းချက်များဖြစ်သည့်
ကုန်ကြမ်း ရောစပ်မှု အချိုးအစား၊ လိုအပ်သည့် မီးအပူချိန် ပမာဏအစရှိသည်တို့တွင် အားနည်း
ချက်များရှိသည်ကို တွေ့ရပြီး ၎င်းအချက်များက ဘိလပ်မြေ အရည်အသွေးကို ထိခိုက်စေကြောင်း
သိရသည်။

"ဒီနေ့ ဆွေးနွေးပွဲမှာလည်း အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေက ဘိလပ်မြေလုပ်ငန်းရှင်တွေကို ဘိလပ်
မြေအခက်အခဲ တွေအတွက် ခေါ်ယူဆွေးနွေးတာဖြစ်ပါတယ်၊ FLSmidth  Pfister ရဲ့ စက် တွေမှာ
ယူတင်သွင်းဖို့ကလည်း အခုမှ အစပဲရှိပါသေးတယ်၊ တင်သွင်းဖြစ်မယ် ဆိုရင်တော့ Native Power
Technology-NPT ကုမ္ပဏီကပဲ တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်"ဟု ကိုကျော်ဆန်းတင်
က ဆက်လက်ရှင်းပြခဲ့သည်။

FLSmidth Pfister သည် FL Smidth  member အဖြစ် ၁၉၉၉ ခုနှစ်တွင် ၀င်ရောက်ခဲ့ပြီး
FLSmidth Pfister ရုံးချုပ်မှာ ဂျာမနီနိုင်ငံတွင် တည်ရှိသည်

FLSmidth Pfister ရုံးခွဲများမှာ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ မြောက်အမေရိကားနှင့်
တောင်အမေရိကားတို့တွင် တည်ရှိသည်။

မြန်မာနိုင်ငံအတွက် တင်သွင်းမှုကို မလေးရှားနိုင်ငံရှိ FLSmidth Pfister GmbH Malaysia Branch
မှ တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

အဆိုပါနေ့ဆွေးနွေးပွဲတွင် Dagon Cement နှင့် Myanma Economic Corporation-MEC
လက်အောက်ရှိ ကရင်ပြည်နယ်၊ ဖားအံမြို့မှ မြိုင်ကလေး ဘိလပ်မြေစက်ရုံတို့မှာ အဆိုပါစက်များ
ဝယ်ယူတပ်ဆင်နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ