ရန်ကုန်မြို့တော်ရှိ လမ်းများအားလုံးကို ယခုနှစ်မတ်လကုန် အပြီးသတ် အဆင့်မြှင့်တင် တိုးချဲ့သွားမည်ဟုသိရ

ကမာရွတ်မြို့နယ်အတွင်းရှိ အင်းလျားလမ်းအဆင့်မြှင့်တင်တိုးချဲ့နေမှု ဆောင်ရွက်နေပုံကို ဖေဖော်ဝါရီလကုန်ပိုင်း၌ တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ကမာရွတ်မြို့နယ်အတွင်းရှိ အင်းလျားလမ်းအဆင့်မြှင့်တင်တိုးချဲ့နေမှု ဆောင်ရွက်နေပုံကို ဖေဖော်ဝါရီလကုန်ပိုင်း၌ တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ရန်ကုန်မြို့တော်တစ်ဝန်းရှိ
လမ်းများကို အဆင့်မြှင့်တင် တိုးချဲ့လျက်ရှိရာတွင် ယခုနှစ် မတ်လကုန် အပြီးသတ်ဆာင်ရွက်သွား
မည်ဖြစ်ကြောင်း လမ်း နှင့် တံတားဌာနမှ executive engineer ဦးတင်ထွန်းဦးက မြန်မာတိုင်း(မ်)
သို့ ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် ပြောကြားခဲ့သည်။

"ရန်ကုန်မြို့တော်စည်ပင်ကနေ လက်ရှိအချိန်မှာ အဆင့်မြှင့်တင်ပြုပြင် နေတဲ့ လမ်းတွေက ဗိုလ်ချုပ်
လမ်း၊ ကမ်း နားလမ်း၊ ကုန်သည်လမ်း၊ အထက်ကြည့် မြင်တိုင်လမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ သံသု
မာလမ်း၊ ဝေဇယန္တာလမ်း၊ ဗိုလ်မှူး ဗထူးလမ်းနဲ့ အောက်မင်္ဂလာဒုံလမ်းမ ကြီးတွေဖြစ်ပါတယ်။ အခု
ဆောင်ရွက်နေ တဲ့ အဆင့်မြှင့်တင်တဲ့ စီမံကိန်းတွေကို ၂၀၁၂ ဩဂုတ်လက စတင်ဆောင်ရွက် ခဲ့
တာဖြစ်ပြီး ၂၀၁၃ မတ်လကုန်မှာ အပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိအဆင့်မြှင့်တင်နေ
တဲ့ လမ်းတွေ ထဲက ဗိုလ်ချုပ်လမ်း၊ ဗိုလ်အောင်ကျော် လမ်းနဲ့ ပန်းဆိုးတန်းလမ်းတွေအတွက် ကျပ်
သိန်း ၅,၀၀၀ သုံးစွဲသွားမှာဖြစ်ပါ တယ်။ ဒီထဲမှာ လမ်းတိုးချဲ့ခြင်းအပါ အ၀င် ကားပါကင်အတွက်
လည်း ထည့်သွင်းဆောင်ရွက်ထားပါတယ်"ဟု ဦးတင်ထွန်းဦးက ပြောကြားခဲ့သည်။

၎င်းကပြောရာတွင် ဗိုလ်ချုပ်လမ်း အဆင့်မြှင့်တင်ခြင်းတွင် ဗိုလ်ချုပ် လမ်းတည်ရှိရာ မြို့နယ်များဖြစ်
သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် စသည့်မြို့နယ်များပါဝင်ပြီး ဗိုလ်အောင်
ကျော်လမ်း အဆင့်မြှင့်တင် ခြင်းအပိုင်းတွင် ကမ်းနားလမ်းနှင့် ကုန်သည်လမ်းကြားရှိ လမ်းဧရိယာ
များ ပါဝင်သည်။ ပန်းဆိုးတန်းလမ်း အဆင့်မြှင့်တင်တိုးချဲ့မှုမှာ ကျောက် တံတားမြို့နယ်အတွင်းရှိ
ပန်းဆိုးတန်း ဧရိယာတစ်ဝိုက်တွင် ဖြစ်သည်။ ရန်ကုန်မြို့တွင်း ယာဉ်သွားလာမှု အဆင်ပြေ လွယ်
ကူချောမွေ့စေရန်နှင့် လုံလောက်သော သတ်မှတ်ကား ပါကင်ဧရိယာ ရရှိစေရန်အတွက် ရည်ရွယ်
ဆောင်ရွက်ခြင်းဖြစ်ကြောင်း လည်း ၎င်းကပြောကြားခဲ့သည်။

"ရန်ကုန်မြို့ကလမ်းတွေ အဆင့်မြှင့် တင်ပြုပြင်ရတဲ့ ရည်ရွယ်ချက်ကတော့ ယာဉ်သွားလာမှုတွေ
လွယ်ကူချောမွေ့ စေဖို့နဲ့ စနစ်ကျတဲ့ကားရပ်နားနေရာတွေ ရှိလာအောင် လမ်းတွေကို အဆင့်မြှင့်
တင် တိုးချဲ့ရတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ ရဲ့ ယာဉ်ကြောရှုပ်ထွေးကျပ်တည်းမှု၊ ယာဉ်သွားလာရ
ခက်ခဲမှုတွေ ပြေလျော့ သက်သာစေဖို့လည်း ပါဝင်ပါတယ်၊ အထူးသဖြင့်မြို့ထဲဧရိယာတွေမှာပေါ့"
ဟု ၎င်းကပြောသည်။

၎င်းကဆက်လက်၍ ရန်ကုန်မြို့တော် ရှိ လမ်းများတိုးချဲ့ခြင်းကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင်သာမက
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်ပါ ဘတ်ဂျက် ခွဲဝေရရှိမှုပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်သွားမည်
ဟုလည်း ရှင်းပြခဲ့ သည်။

အလုံသစ်တောဝိုင်းမှ ဗိုလ်တထောင် သန်လျက်စွန်းအထိ ပါဝင်သော အရှည် ပေ ၁၈,၄၀၀ ရှိသော
ကမ်းနားလမ်း တိုးချဲ့ခြင်းအပိုင်းကို နောင်နှစ်ဘဏ္ဍာ နှစ်တွင်ပါ ဆက်လက်ဆောင်ရွက် သွားမည်ဟု
ပြောကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ