မလေးရှားနိုင်ငံမှ တင်သွင်းသည့် Enviro-tuff အမှတ်တံဆိပ် အပူကာပြားများ သင်္ကြန်မတိုင်မီဈေးကွက်တွင်းသို့ ဖြန့်ဖြူးမည်ဟုသိရ

မလေးရှားနိုင်ငံမှ တင်သွင်းသည့် Enviro-tuff (Radiant Barrier) များကို ဈေးကွက်အတွင်းသို့
သင်္ကြန် မတိုင်မီတွင်စတင်ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ Inya
Lake ဟိုတယ်၌ ပြုလုပ်သည့် အဆိုပါ ပစ္စည်းစတင်မိတ်ဆက်ပွဲ အခမ်းအနားမှ သိရသည်။

"အခုမှဈေးကွက်ထဲကို စဖြန့်ဖို့ အတွက် မိတ်ဆက်တာပါ၊ ဈေးကွက်ထဲမှာ တရုတ်ကသွင်းတဲ့
အလားသဏ္ဌာန်တူတဲ့ ပစ္စည်းတွေတော့ ရှိပါတယ်၊ ဒီပစ္စည်းကတော့ ပိုကောင်းတဲ့ ကွာလတီ လို့
ပြောလို့ရပါတယ်၊ တင်သွင်းဖို့မှာထားတဲ့ ပစ္စည်းတွေကတော့ on the way ပါ၊ ရှေ့တစ်ပတ်ထဲမှာ
အားလုံး အဆင်သင့်ဖြစ်မှာ ဖြစ်ပါတယ်၊ အခု အခမ်းအနားမှာ product ကိုစတင် မိတ်ဆက်တဲ့
သဘောပါ၊ သင်္ကြန်မတိုင်ခင်မှာ စလုပ်ပါမယ်၊ တချို့ ပရောဂျက် တွေတော့ လက်ခံထားပြီးပါပြီ"ဟု
Enviro-tuff (Radiant Barrier)များကို တင်သွင်းဖြန့်ချိသည့် Living Legend ကုမ္ပဏီမှ အထွေ
ထွေမန်နေဂျာ ကိုကျော်ဇောအောင်က မတ်လ ၄ ရက်နေ့ တွင် ပြောသည်။

"ဒီပစ္စည်းရဲ့ အဓိကအားသာချက်က တော့အပူကိုကန်ထွက်စေတဲ့အပြားပေါ့၊ အပူကာပြားလို့လည်း
ပြောနိုင်ပါတယ်၊ အလူမီနီယံ double coated, အလူမီနီယံနဲ့ metallic ရှိတယ်၊ အလူမီနီယံကြီး
သက်သက်ရှိတယ်၊ အရမ်းပါးပေမယ့်အထဲမှာ layer ခြောက်ထပ် လောက်ပါတယ်၊ မြန်မာပြည်
ရာသီဥတုက ပူတယ်၊ aircondition တွေသုံးလာ ကြရတယ်၊ ဒါပေမဲ့ အခန်းထဲမှာ ရှိနေတဲ့ အောင်း
အပူကို မလျှော့ချနိုင်ဘူးဆိုရင်မလွယ်ဘူးပေါ့၊ ဒီပစ္စည်းကို ceiling မှာ တပ်ထားခြင်းအားဖြင့် အပေါ်
ကရလာတဲ့ heat တွေကို ကာကွယ်ပေး နိုင်သလို နံရံမှာတပ်ထားရင်လည်း အပူကိုကာတဲ့ အပြင်
အသံကိုပါ လုံစေတယ်" ဟုလည်း ၎င်းကပြောသည်။

အဆိုပါပစ္စည်းများကို အမိုးအောက် တွင်ထားရှိမည့် ceiling အဖြစ်အသုံး ပြုနိုင်ပြီး airflow ရှိရန်
အတွက် အမိုးနှင့် နှစ်လက်မ၊ သုံးလက်မခန့် ခွာ၍ တပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

စမ်းသပ်ချက်အရ Enviro-tuff အပူကာပြားများကို သုံးစွဲခြင်းဖြင့် ၉၀ မှ ၉၅ ရာခိုင်နှုန်းအထိ အပူကို
ကာကွယ်ပေးနိုင်သည့်အတွက် စွမ်းအင်သုံးစွဲမှုကို ချွေတာနိုင်သည်ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။ 

Enviro-tuff (Radiant Barrier) ပစ္စည်းများသည် မြန်မာပြည်ဈေးကွက် နှင့်လည်း ကိုက်ညီမည်
ဖြစ်သည်ဟု သိရပြီး ဈေးနှုန်းအားဖြင့်ဆိုလျှင် အနည်းငယ်မြင့်နိုင်သည်ဟုလည်း သိရသည်။

"မြန်မာပြည်ဈေးကွက်နဲ့ ကိုက်ညီမယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ ဈေးနည်းနည်းလေးတော့များနေလိမ့်
မယ်၊ ကျွန်တော်တို့ဆီမှာ standard ရှိပါတယ်၊ အလူမီနီယံ layer တစ်ခုနဲ့ ပဲ coated လုပ်ထားတဲ့
ဟာနဲ့တော့ ဈေးကွက်မှာတော့ standard ဈေးနဲ့ တော့ အတူတူလောက်ဖြစ်မှာပါ၊ ဒီထက်ပိုပြီး
ကွာလတီပိုကောင်းရင်တော့ ဈေးနည်းနည်းလေးများ သွားမှာပေါ့၊ ဈေးများပေမယ့် သုံးရတဲ့
benefit နဲ့ စာရင် သုံးပျော်မှာပါ"ဟု ၎င်းက ရှင်းပြခဲ့သည်။

"စားသောက်ကုန်သိုလှောင်တဲ့ warehouse တွေကလည်း ကျွန်တော်တို့နဲ့ စကားပြောထားတာရှိ
ပါတယ်၊ ရှေ့လာမယ့်လတွေထဲမှာ ဒါတွေလုပ်သွားဖို့ရှိပါတယ်၊ နောက်ပြီးတော့ ဟိုတယ်တွေ၊
restaurant တွေကလည်း ကျွန်တော်တို့နဲ့ ပြောဆိုထားတာရှိပါ တယ်၊ ဘာဖြစ်လို့လဲဆိုတော့ hall
type ကြီးတွေ၊ steel structure နဲ့ အမိုးအကျယ်ကြီးတွေ၊ ခန်းမကျယ်ကြီး တွေလုပ်တဲ့အခါမှာ
သွပ်မိုးတွေသုံးကြတာများတဲ့အတွက် အသံခံနိုင်အောင်၊ အပူခံနိုင်တဲ့ဟာတွေ သုံးဖို့ပြောဆို
လုပ်ကိုင်လျက်ရှိပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

ထို့ပြင် အထက်မြန်မာပြည်၌ရှိသော chain tea shop များတွင် သုံးစွဲနိုင်ရန်အတွက် target ထား
သွားမည်ဟုလည်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ